eSim ဆိုတာဘာလဲ? eSim ရဲ့ အားသာချက်တွေကရောဘာတွေလဲ?

UNICODE

eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပာယ်ရပါတယ် .. ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကျ Sim card တွေဟာ Physical Sim လို့ခေါ်ပြီး ဒီ Physical Sim ကိုအသုံးပြုမယ်ဆိုရင် Sim Card ကိုဖုန်းထဲထည့်သွင်းထားရပါတယ် ..

ဖုန်းတမျိုးနဲ့တမျိုးလဲ Sim card slot အရွယ်အစားမတူလို့ Nano Sim, Micro Sim စသဖြင့် Sim card အရွယ်အစားမျိုးစုံလဲရှိပါတယ် .. ဒီတော့ eSim ဆိုတာ Physical Sim လို Sim card ကြီးဖုန်းထဲထည့်ထားစရာမလိုတဲ့ Embedded Sim ပဲဖြစ်ပါတယ် ..

လက်ရှိမြန်မာနိုင်ငံမှာ eSim Support ပေးတဲ့ carrier ဆိုလို့ MyTel တခုတည်းသာရှိပြီး လက်ရှိမှာ MyTel ကိုယ်တိုင်ကိုက eSim အရောင်းပိတ်ထားတယ်လို့သိရပါတယ်

Various Sizes of Physical Sims (Source : iiNet)

eSim ကို Apple က 2017 မှာထွက်ခဲ့တဲ့ Apple Watch Series 3 မှာစတင်ပြီး Support လုပ်ခဲ့တာဖြစ်ပါတယ် .. iPhone တွေမှာဆိုရင် 2018 ကမိတ်ဆက်ခဲ့တဲ့ iPhone XS/XS Max, iPhone XR Series တွေကစပြီး ဒီနှစ်ထုတ်ခဲ့တဲ့ iPhone 11 Series တွေပါ eSim ကို အသုံးပြုမှာဖြစ်ပါတယ် ..

eSim စတင်ပြီးဝယ်ယူပြီဆိုရင် Operator က Sim card ပေးမှာမဟုတ်ပဲ QR Code လေးသာပေးလိုက်မှာဖြစ်ပါတယ် .. ဒီ QR Code လေးကို Cellular ထဲက Add Mobile Plan မှာသွားပြီး Scan ဖတ်လိုက်တာနဲ့ Sim card ထည့်လိုက်သလိုမျိုး လိုင်းတက်လာမှာဖြစ်ပြီး eSim ကိုအသုံးပြုလို့ရပါပြီ

eSim ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ဖုန်းပျောက်သွားရင်ပြန်လိုက်လို့လွယ်အောင်ပြုလုပ်ထားလို့ရတာပါပဲ ..

သာမန် Physical sim တွေဆိုရင် ကောက်ရထားတဲ့လူက Sim ကိုထုတ်ပစ်လိုက်လို့ရပါတယ် .. ဒါပေမယ့် eSim က Settings ထဲသွားပြီး Remove လုပ်ရမှာဖြစ်လို့ Phone ကိုသာ Passcode lock ခံထားရင် eSim က active ဖြစ်နေဦးမှာပါ ..

ကောက်ရတဲ့လူက Airplane Mode on ပြီး Internet ပိတ်လို့ရပါသေးတယ်ဆိုပေမယ့် Lock Screen က Control Center access ကိုပိတ်ထားလိုက်မယ်ဆိုရင် ကောက်ရတဲ့လူအနေနဲ့ Power ပိတ်ထားရုံကလွဲပြီး ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး .. Power သာ On ထားမယ်ဆိုရင် internet access ရနေမှာဖြစ်ပြီး Find my iPhone ကနေတဆင့်အလွယ်တကူ ရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်

နောက်ထပ်အားသာချက်တခုကတော့ Warranty claim လုပ်ဖို့လွယ်တာပါ ..

Physical Dual Sim iPhone တွေဟာ တရုတ်ပြည်အတွက်သာ ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေအတွက် တရားဝင်အလုံးမဟုတ်ဘူးလို့သတ်မှတ်လို့ရပါတယ် ..

ဒီတော့ Warranty ကာလအတွင်း Factory fault ကြောင့် Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် China ကိုပြန်ပို့ရတာဖြစ်လို့ ဆိုင်တော်တော်များများက Physical Dual Sim ကို Warranty claim ပေးဖို့လက်တွန့်တတ်ကြပါတယ် ..

ဒါ့အပြင် eSim က Physical Sim တွေလိုမျိုး Sim card ပျောက်တာမျိုးတွေလဲမရှိတော့ပါဘူး .. ပြီးတော့ Multiple Operator Support ပေးလာတဲ့နေ့ကျရင် eSim သမားတွေက sim card ထုတ်လဲစရာမလိုပဲ eSim နဲ့သာ carrier ပြောင်းလို့ရမှာဖြစ်လို့ ဒါကလဲ eSim ရဲ့ အားသာချက်တခုပါပဲ

အခုလက်ရှိ eSim သုံးလို့ရတဲ့ Device တွေဟာ လက်ချိုးရေလို့ရနေပါသေးတယ် .. Apple တခုတည်းကသာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာဖြစ်ပါတယ် .. Google Pixel တွေမှာလဲ eSim သုံးလို့ရတယ်ဆိုပေမယ့် US တခုတည်းမှာသာ သုံးလို့ရနေသေးတာဖြစ်လို့ အဆင်မပြေသေးဘူးလို့ပြောလို့ရပါတယ်

အောက်ကပုံကတော့ ကျွန်တော့်ဖုန်းပုံပါ .. Settings > Cellular ကိုဓာတ်ပုံရိုက်ပြထားတာဖြစ်ပြီး .. အပေါ်က Primary ဆိုတာ Physical Sim ဖြစ်ပြီးအောက်က Mobile Data ဆိုတာကတော့ eSim ပဲဖြစ်ပါတယ် .. eSim ထည့်ချင်ရင် အောက်က Add Mobile Plan ကိုနှိပ်ပြီး QR Code scan ဖတ်လိုက်ရတာပါ .. ဒါပါပဲ

ဆက်စပ် Articles များ

Apple Warranty အကြောင်း –  https://www.pyaeheinnkyaw.tech/apple_warranty/

iPhone တွေမှာ Region ကွာရင် Quality ကွာတတ်လား? – https://www.pyaeheinnkyaw.tech/iphone-region-difference/

သင့် iPhone ကိုအလကားပြုပြင် ဒါမှမဟုတ် အသစ်တလုံး free လဲပးမယ့်  Repair Program – https://www.pyaeheinnkyaw.tech/all-apple-repair-programs/

ပြုပြင်စရိတ် 10 ဆလောက်သက်သာတဲ့ AppleCare+ – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

Battery လဲတဲ့ဈေးနဲ့ ဖုန်းအသစ်တလုံးပြန်ရမယ့်နည်းလမ်း – https://www.pyaeheinnkyaw.tech/battery-replacement-program/

Pyae  Heinn Kyaw