AppleCare+ နဲ့ Device ပြုပြင်စရိတ်ကို ၁၀ ဆလောက် လျှော့ချကြမယ်

UNICODE

AppleCare+ ဆိုတာ Apple Official Warranty ကို ပိုက်ဆံနဲ့ဝယ်ယူလိုက်တဲ့သဘောပါပဲ .. ဒါပေမယ့် Apple Official Warranty ထက်ပိုကောင်းသွားတဲ့အရာတွေကတော့ ပြုပြင်စရိတ်ကို 10 ဆလောက်သက်သာသွားစေတာပါပဲ ..

iPhone တွေအတွက် AppleCare+ ကိုမြန်မာနိုင်ငံမှာ တရားဝင်ဝယ်ယူလို့ရဦးမှာမဟုတ်သေးပေမယ့် VISA Card ရှိထားရင် US AppleCare+ ဝယ်ထားပြီး မြန်မာနိုင်ငံက Apple Authorized Service တွေမှာ Warranty Claim လို့ရပါတယ်

ဒါဆို AppleCare+ ဝယ်ရခြင်းရဲ့အကျိုးကျေးဇူးကဘာတွေလဲ? AppleCare+ ဟာ မိမိ product ကိုဝယ်ပြီး ရက် 60 အတွင်းပဲဝယ်ယူလို့ရမှာဖြစ်ပါတယ် .. ဝယ်ပြီးရင်တော့ iPhone တွေအတွက် ဝယ်ယူတဲ့နေ့ကနေ 2 နှစ်အထိ cover ဖြစ်မှာဖြစ်သလို MacBook တွေကအတွက်ကတော့ 3 နှစ် cover ဖြစ်မှာပါ ..

ဒါ့အပြင် Apple Technical Support ကိုလဲ 24/7 ရရှိမှာဖြစ်ပါတယ် .. နောက်တချက်က Official Warranty ဟာ မိမိအမှားကြောင့်ဖြစ်သွားတဲ့ပျက်ဆီးမှုတွေကိုတာဝန်မယူပါဘူး ..

ဒါပေမယ့် AppleCare+ ဝယ်ထားရင် user fault ကြောင့်ပျက်ဆီးတာကို တစ်နှစ်မှာ 2 ကြိမ်ထိ ပြုပြင်ပေးပါတယ် .. ပြီးတော့ AppleCare+ ဟာ Accessories တွေဖြစ်တဲ့ အားသွင်းကြိုး Adapter စတာတွေကိုပါ cover ဖြစ်တာပါ .. အောက်ကပုံတွေကိုကြည့်ပါ ..

သာမန် AppleCare+ ဝယ်မထားတဲ့ဖုန်းအတွက်ပြုပြင်စရိတ်က အများဆုံး $600 လောက်ကျပါတယ် .. မြန်မာငွေနဲ့တွက်ကြည့်ရင် 12 သိန်းလောက်ပါ .. ဒါပေမယ့် AppleCare+ ဝယ်ထားရင် ဘယ် model မဆို $99 သာကျသင့်မှာဖြစ်ပြီး မြန်မာငွေဆို 2 သိန်းဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ် .. ဒါဟာဖုန်းအသစ် တစ်လုံးလုံးပြန်လဲပေးလို့ဒီလောက်ကျတာပါ

iPhone Repair Cost

Screen သီးသန့်လဲတာဆို $29 (6 သောင်းဝန်းကျင်) ပဲကျသင့်မှာဖြစ်ပြီး ပုံမှန်ဈေးဖြစ်တဲ့ $329 ထက် 10 ဆကျော်လောက်သက်သာမှာဖြစ်ပါတယ် .. Battery လဲရင်တော့ ပုံမှန်ဈေးဟာ $69 ဖြစ်ပြီးတော့ AppleCare+ ရှိရင် Free ပါ

AppleCare+ Pricing

ဒီအောက်ကပုံကတော့ MacBook တွေအတွက် service လုပ်တဲ့စရိတ်ပဲဖြစ်ပါတယ် .. AppleCare+ ဝယ်ထားရင် Battery လဲတာတွေ, Accessories တွေ, RAM တွေ, Super Drive စတာတွေကို အခမဲ့ပြုပြင်ပေးဖို့ cover ဖြစ်ပါတယ် .. ဒါပေမယ့် Screen ထိခိုက်တာအတွက်တော့ $99 (မြန်မာငွေ 2 သိန်းဝန်းကျင်) ပေးရမှာပါ

AppleCare+ မရှိရင် Display Replacement fees ဟာ 10 သိန်းကျော်ရှိပါတယ် .. တခြားသောထိခိုက်မှုတွေအတွက်ကတော့ $299 (မြန်မာငွေ 6 သိန်း) သာကျသင့်မှာဖြစ်ပါတယ်

MacBook Repair Pricing with AppleCare+

ဒီလောက်ဆိုရင် AppleCare+ ရဲ့အကျိုးကျေးဇူးတွေကိုနားလည်မယ်လို့ထင်ပါတယ် .. AppleCare+ ဝယ်ယူချင်ရင်တော့ သင့်မှာ VISA Card ရှိဖို့လိုပါတယ် .. VISA Card ရှိရင် အောက်ပါ Link ကနေဝင်ရောက်ဝင်ယူနိုင်ပါတယ် – https://support.apple.com/en-us/HT202702 .. ဈေးနှုန်းကတော့ Model ပေါ်မူတည်ပြီးကွဲပြားသွားပါတယ်

Apple Official Warranty အကြောင်းသိချင်ရင်ဒီကဖတ်ပါ –https://www.pyaeheinnkyaw.tech/apple_warranty/https://www.pyaeheinnkyaw.tech/apple_warranty/

Pyae Heinn Kyaw