iPhone တွေမှာ region ကွာရင် Quality ကွာသွားတတ်လား, ဘာတွေထပ်ကွာသွားတတ်လဲ?

UNICODE

iPhone တွေရဲ့ Model No. နောက် 2 လုံး ဒါမှမဟုတ် 3 လုံးကိုကြည့်လိုက်မယ်ဆိုရင် ZP/A, LL/A, X/A စသဖြင့် alphabet တွေကိုတွေ့ရမှာပါ .

အဆိုပါ နံပါတ်တွေဟာ iPhone ရဲ့ Region ကိုကိုယ်စားပြုတာပါ .. အဲ့ဒီ Region ကွာသွားတာနဲ့ ဘာတွေကွာခြားသွားတတ်လဲဆိုတာကိုအဓိကပြောပြပေးသွားမှာဖြစ်ပါတယ်

မိမိဖုန်းကဘယ် region လဲဆိုတာသိချင်ရင် Settings > General > About က Model နံပါတ် နောက်ဆုံး 3 လုံးကိုကြည့်ပြီး ဒီ Link ကနေ စစ်ဆေးနိုင်ပါတယ် – https://www.pyaeheinnkyaw.tech/how-to-identify-iphone-region/

1. ဘာလို့ Region တွေကွာရတာလဲ?

ဒီကိစ္စကိုမပြောခင်အရင်ဆုံး Apple စက်ရုံအလုပ်လုပ်တဲ့ပုံကိုပြောပါမယ်

Apple ဟာ ဖုန်းအစိတ်အပိုင်းတွေကိုကိုယ်တိုင်ထုတ်လုပ်လေ့မရှိပါဘူး .. Display နဲ့ Battery ဆို Samsung ကနေမှာတယ်, Chipset ဆို TSMC ဖြစ်ဖြစ် Samsung ကဖြစ်ဖြစ် တလှည့်ဆီမှာတယ် .. အစရှိသဖြင့် Supplier ဆီကရလာတဲ့ အစိတ်အပိုင်းတွေကို တရုတ်ပြည်မှာရှိတဲ့ Foxconn လို့ခေါ်တဲ့စက်ရုံဆီကိုပို့ပါတယ် .
အဲ့စက်ရုံမှာ အစိတ်အပိုင်းတွေကိုတပ်ဆင်ပြီး Quality Control (QC) test တွေစစ်ဆေးပြီး Pass ဖြစ်မှသာ ကမ္ဘာအနှံ့ကိုတင်ပို့ပါတယ်

ဒီနေရာမှာ ဘယ် region က iPhone ဖြစ်ဖြစ် တပ်ဆင်တာပါ (ခြွင်းချက်အနေနဲ့ iPhone SE ကိုတော့ India ကစက်ရုံမှာဆင်လိုက်ပါသေးတယ်) .. ဒါကြောင့် iPhone တွေက Assembled in China ဖြစ်နေတာပါ ..

ဒီနေရာ တခြားစက်ရုံတွေလဲ Apple အတွက် assemble လုပ်ပေးပေမယ့် Foxconn ကပဲအဓိကတာဝန်ယူတပ်ဆင်တာမလို Foxconn ကိုပဲ mention လုပ်ထားတာပါ .

Region ခွဲလိုက်ရတဲ့အဓိကအကြောင်းရင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ တနိုင်ငံနဲ့တနိုင်ငံ policy တွေမတူလို့ပါ ..

ဥပမာ US မှာ 2-pin adapter က standard ဖြစ်တယ် .. Singapore မှာတော့ 3-pin adapter က standard, Australia မှာကျတော့ 3-pin ကိုမှ အောက်က 2 pin ကအစောင်း .. စသဖြင့် ဒီလို standard အလိုက် လိုက်ခွဲပေးတယ် ..

နောက်တချက်ကျ Korea, Japan တို့မှာ ဓာတ်ပုံခိုးရိုက်မရအောင် camera ရိုက်ရင် shutter သံကို silent လုပ်လို့မရအောင်လုပ်ထားပေးရပါတယ် ..

ဒါ့အပြင် UAE အလုံးတွေမှာဆို FaceTime မပါပါဘူး .. ဒီလိုမျိုး တနိုင်ငံနဲ့တနိုင်ငံ standard တွေ policy တွေမတူတဲ့အခါ ဒါတွေကိုလိုက်လျောညီထွေဖြစ်ဖို့အတွက် Region code တွေသတ်မှတ်ပြီး တင်ပို့တာပဲဖြစ်ပါတယ် ..

အားလုံးထင်နေကြသလို LL/A (US) အလုံးမှကောင်းတာတို့ ZA/A (SG) အလုံးမှကောင်းတာတို့ဆိုတာ မဟုတ်ပါဘူး .. Apple က quality ကိုတတန်းတည်းသတ်မှတ်ထားပေးပြီးသားပါ

တရုတ်ပြည်ကလာတဲ့ Refur အစုတ်တွေက LL/A နဲ့လာတာများပါတယ်.. လူတွေက LL/A မှကြိုက်ကြတော့ ဂျင်းထည့်ကောင်းလို့ပါ

2. မြန်မာနိုင်ငံကလူတွေက ဘယ် region တွေကိုရွေးချယ်ဝယ်ယူသင့်သလဲ?

ဘယ် region အလုံးပဲကိုင်ကိုင် Sim Unlocked အလုံးတွေဆိုမြန်မာနိုင်ငံမှာအသုံးပြုနိုင်ပါတယ် ..

ဒါပေမယ့် မြန်မာနိုင်ငံက Apple Authorised Service Provider (AASP) တွေဟာ မြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ region ဝင်တဲ့အလုံးတွေကိုသာ service လုပ်ပေးတာဖြစ်လို့ သင့်ဖုန်းဟာ region မဝင်ရင်သူတို့ဆီမှာ service လုပ်လို့မရပါဘူး ..

တခုသိထားရမှာက နိုင်ငံခြားပြန်ပို့စရာမလိုတဲ့ Display replacement လိုကိစ္စမျိုးဆိုရင်တော့ region ဝင်ဝင် မဝင်ဝင် လဲပေးပါတယ် ..

ဒါဆို AASP တွေမှာပြခြင်းရဲ့ အကျိုးကျေးဇူးတွေကိုသင်သိချင်မယ်ထင်ပါတယ် .. ဒီအောက်က post တွေကိုဖတ်ကြည့်လိုက်ပါ .. AASP တွေရဲ့ အသုံးဝင်ပုံကိုသင်သိလာပါလိမ့်မယ်

Free Repair Program – https://www.pyaeheinnkyaw.tech/all-apple-repair-programs/

Apple Warranty – https://www.pyaeheinnkyaw.tech/apple_warranty/

Battery Replacement Program – https://www.pyaeheinnkyaw.tech/battery-replacement-program/

ဒီလောက်ဆိုရင် region ဝင်တဲ့ဖုန်းတွေကိုပိုပြီးရွေးချယ်သင့်တယ်လို့မြင်ပါတယ် .. Region ဝင်တဲ့ဖုန်းကိုဘယ်လိုရွေးချယ်ရမလဲဆိုရင်တော့ Apple Authorized Reseller ဖြစ်တဲ့ mDrive, UNIQUE, Wai Yan Electronics, Super Mobile တို့မှာ ဝယ်ယူနိုင်ပါတယ် ..

အဲ့ဆိုင်တွေမှာမဝယ်ချင်ဘူးဆိုရင်တော့ တခြားဆိုင်တွေမှာ Myanmar နိုင်ငံရဲ့ Region code နဲ့ ရှာဝယ်နိုင်ပါတယ် .. Myanmar နိုင်ငံအတွက် တရားဝင် region code ကတော့ LL/A, ZA/A စတာတွေနဲ့ မဆိုင်ပဲ Settings > General > Regulatory က A နဲ့ ဂဏန်းလေးလုံးနဲ့သာဆိုင်ပါတယ် .. အောက်ပါပုံကတော့ region ဝင်တဲ့ model တွေကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်

iPhone Models for Myanmar Region

အထက်ပါပုံအတိုင်းကိုက်ညီတယ်ဆိုရင်တော့ AASP တွေမှာ Service လုပ်ဖို့ Eligible ဖြစ်မှာပဲဖြစ်ပါတယ် .. အားလုံးပဲအဆင်ပြေကြပါစေ

Pyae Heinn Kyaw