iPhone Original Battery ကိုဘယ်မှာလဲလို့ရလဲ? Battery လဲတဲ့ဈေးနဲ့ Apple ကပြန်ပေးမယ့် ဖုန်းအသစ်ပြန်ရမယ့်နည်း

UNICODE

စာဖတ်နေတဲ့လူတွေထဲမှာ Battery Capacity 80% အောက်လျော့နေတာဒါမှမဟုတ် Battery Health မှာ Service လို့ပြနေတဲ့လူတွေရှိလား? ဒါဆိုဒီပို့စ်ကသင့်အတွက်ပါပဲ။

Apple ရဲ့ Authorized Service Provider ဖြစ်တဲ့ mCare Apple Authorized Service Provider မှာ Battery Replacement Program ရှိပါတယ်။ Model အလိုက်ဈေးကျသင့်မှာဖြစ်ပြီး mCare မှာသင့်ဖုန်းအတွက်ကုန်ကျငွေသွားရောက် မေးမြန်းလို့ရပါတယ် .. mCare ရဲ့လိပ်စာကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်

mCare

အရင်ဆုံး Battery လဲတဲ့ process ကိုရှင်းပြပေးပါမယ်

စည်းမျဉ်းတွေအရ Standalone Battery တွေဟာအန္တရာယ်ရှိတဲ့ကုန်ပစ္စည်းအဖြစ်သတ်မှတ်ထားလို့ အလုံးအရင်းတင်သွင်းခွင့်ပြုမထားဘူးလို့ဆိုပါတယ်.. ဒီတော့ Battery လဲမယ်ဆိုရင် AASP (Apple Authorized Service Provider) တွေအနေနဲ့ကိုယ်တိုင်လဲပေးလို့မရပါဘူး.. အဲ့တော့နိုင်ငံခြားပြန်ပို့ရပါတယ်

Apple ကနေ Battery လဲတဲ့ဈေးနဲ့အသစ်တလုံးပြန်လဲပေးလိုက်တာပါ.. 1 ပတ်ကနေ 3 ပတ်အထိကြာနိုင်ပါတယ်(ကျွန်တော့်တုန်းက 2019 May 30 ပို့တာ June 6 ပြန်ရောက်တယ်တပတ်တိတိပဲကြာပါတယ်)

ဒါ့အပြင် Apple Service တွေမှာ Service လုပ်ချင်တိုင်းလုပ်လို့မရပါဘူးသူ့ rules & regulations အတိုင်းလိုက်နာဆောင်ရွက်ပြီးအဆင်ပြေမှလဲလို့ရပါမယ်… Battery လဲဖို့အတွက်သူသတ်မှတ်ထားတဲ့အချက် 4 ချက်ရှိပါတယ်။

1. သင့်ဖုန်းဟာ Battery Capacity 80% အောက်သို့မဟုတ် Service လို့ပြနေရပါမယ်။(မဟုတ်ရင်မရပါ)

2. No 1 အချက်နဲ့ကိုက်ညီရင်ဘာထပ်စစ်လဲဆိုတော့ ဖုန်းရဲ့တခြားအစိတ်အပိုင်းတွေကအလုပ်လုပ်နေလားဆိုတာပါပဲ .. ဆိုလိုတာကမှန်ကွဲနေလားရေဝင်ထားလား Speaker ကောင်းလား Mic ကောင်းလားဘာညာစသဖြင့်စစ်ပါတယ်အကုန်ကောင်းတယ် Battery ပဲလဲရမယ်ဆိုရင် No 3 အဆင့်ကိုဆက်စစ်ပါတယ် (တစုံတရာပျက်နေတယ်ဆိုရင် အဲ့ပျက်နေတဲ့ဟာကိုအရင်ပြင်ပြီးမှ Battery Service ဆက်လုပ်လို့ရမှာပါ)

3. Apple Service တွေမှာပြင်ထားတာမဟုတ်ပဲတခြားအပြင်ဆိုင်မှာပြင်ထားတဲ့အလုံးတွေဆိုရင်Battery လဲခွင့်ပေးမှာမဟုတ်ပါဘူး.. မြန်မာနိုင်ငံမှာလောလောဆယ် iPhone အတွက် Apple Authorised Service Provider (AASP) 1 ဆိုင်ပဲရှိပါတယ် .. အဲ့တာကတော့ mCare ပါ.. ကျန်တဲ့ဆိုင်တွေပုံမှားရိုက်နိုင်တာကိုသတိပြုပါ.. No 1, 2, 3 အဆင်ပြေရင် No 4 ကိုထပ်စစ်ပါတယ်

4. မြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ Region ဝင်အလုံးဖြစ်ရပါမယ် .. Region ဝင်တဲ့ အလုံးဟုတ်မဟုတ်ကတော့ Settings > General > Regulatory က A နဲ့စတဲ့ ဂဏန်းလေးလုံးကိုကြည့်ရမှာ .. အောက်ကပုံမှာပြထားတဲ့ ဂဏန်းတွေနဲ့ညီမယ်ဆိုရင် Region ဝင်တယ်လို့သတ်မှတ်ပါတယ်

Eligible iPhone Models

Battery လဲဖို့ဆိုင်သွားပြီဆိုတာနဲ့သင့်ဖုန်းကို Data Backup လုပ်သွားပါ.. Phone ကို Apple Server နဲ့ချိတ်ပြီး diagnosis run ပြီးလို့ Battery လဲဖို့confirm ရင်သင့်iCloud account sign out လုပ်ပေးရပါမယ်, ရှိသမျှ data အကုန်ဖျက်ပေးလိုက်ရပါမယ်

ဒီလိုနဲ့သူတို့ကဖုန်းကိုလက်ခံထားပြီး voucher တစောင်ထုတ်ပေးပါလိမ့်မယ်.. အဲ့တာပြီးရင်အိမ်ပြန်ပြီးထိုင်စောင့်နေရုံပါပဲ.. သူတို့ဖုန်းဆက်ပြီးရောက်ပြီလို့ပြောရင်သွားယူရုံပါပဲ..

အဲ့ကျရင်ကိုယ့်ဖုန်းကအသစ်တလုံးဖြစ်နေမှာပါအသစ်ဆိုပေမယ့်အားသွင်းကြိုးဘာညာပါမှာမဟုတ်ပဲ Replacement Unit တလုံးနဲ့လဲပေးမှာဖြစ်ပါတယ် (Model no မှာN နဲ့စပါတယ်) .. ဖုန်းပေါ်မှာ Packing ဖောက်တုန်းကလိုမျိုး plastic တထပ်နဲ့အုပ်ထားပါတယ်.. ဒါဆိုရင်သင်ဖုန်းအသစ်ရပါပြီဖုန်းရပြီးမှပိုက်ဆံချေရမှာပါ

Apple က Official လဲပေးလိုက်တာဟုတ်မဟုတ်ဘယ်လိုစစ်မလဲ?

သင့်အရင်ဖုန်းအဟောင်းရဲ့Serial no ကိုသူတို့ voucher ဖြတ်ကတည်းကရေးပေးလိုက်မှာပါ

အဲ့ serial no ကို https://checkcoverage.apple.com ကိုသွားစစ်လိုက်ရင်ဒီဖုန်းက replace လုပ်ထားတယ်ဆိုတဲ့message လေးပြပါလိမ့်မယ်(ပုံကိုကြည့်ပါ) ဒါဆိုApple ကတရားဝင်လဲပေးလိုက်တဲ့အလုံးဖြစ်ကြောင်းယုံကြည်ရပါပြီ။

Serial Number Check

***နောက်တခုရှိတာကAASP တွေမှာပိုက်ဆံပေးလဲထားတာဖြစ်ဖြစ် Free လဲထားဖြစ်ဖြစ်လဲထားတဲ့ဟာမှန်သမျှကိုရက် 90 International warranty ထပ်ပေးပါတယ်***

ကျွန်တော့်တုန်းကလဲပြီးလို့ပြန်ရလာတဲ့ပုံတွေပါတင်ပေးလိုက်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။

ကျွန်တော်ကိုယ်တိုင် Australia ရောက်တဲ့အခါမှာလဲ ဒီဖုန်းဟာ Battery Replacement Program နဲ့အသစ်လဲထားကြောင်းဟုတ်မဟုတ်ကို Apple Retail Store မှာသွားရောက်စစ်ဆေးခဲ့ပါတယ် .. အဲ့က Apple Technician တွေပြောကြားချက်အရ Battery Replacement Program နဲ့အမှန်တကယ်လဲထားတာဖြစ်ကြောင်း အတည်ပြုပေးခဲ့လို့ မိတ်ဆွေတို့လဲ စိတ်ချလက်ချသွားရောက်လဲလှယ်နိုင်ပါတယ်

Apple ရဲ့ Warranty Policy ကိုဖတ်ချင်ရင် ဒီ link ကိုနှိပ်ပါ – https://www.pyaeheinnkyaw.tech/apple_warranty/

Replaced iPhone
Replaced iPhone

Pyae Heinn Kyaw