Android နဲ့တဖြေးဖြေးပိုတူလာတော့မယ့် iOS

iPhone 15 Series မှာ EU ကြောင့် USB-C ပြောင်းလိုက်ပြီး အခုအချိန်မှာတော့ EU ကနေချမှတ်ထားတဲ့ Digital Markets Act (DMA) ကြောင့် EU မှာရောင်းတဲ့ iPhone တွေဟာ DMA ကိုလိုက်နာရပါတော့မယ် .. iOS 17.4 မှာ DMA ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Operating Systems တွေမှာ AppStore တစ်ခုတည်းမရှိရ” ဆိုတဲ့ဥပဒေကိုလိုက်နာတဲ့အနေနဲ့ Alternative AppStores တွေထည့်ပေးတော့မှာပါ (Android တွေမှာ Google PlayStore အပြင် APKPure တို့လို Store တွေပါသွင်းလို့ရတာမျိုးပေါ့)

ဒီတော့ iOS 17.4 မှာဘာတွေအပြောင်းအလဲပါလာမလဲဆိုတာကို MacRumors ကတင်ထားတဲ့ Article ကို,ကိုးကားပြီး ပြန်ပြောပြပေးသွားပါမယ်

1. Alternative AppStores

MacBook တွေမှာလိုမျိုးပဲ Apple ရဲ့ AppStore တစ်ခုတည်းပဲရှိတော့မှာမဟုတ်ပဲ သူနဲ့အပြိုင်တခြား AppStore တွေပေါ်လာတော့မှာပါ .. ဒါကြောင့် Fortnite တို့လို AppStore ပေါ်မှာမတင်ထားတဲ့ဂိမ်းတွေကို တခြား AppStore မှာတင်လိုက်မယ်ဆိုရင် iOS User တွေအနေနဲ့ Fornite ပြန်ဆော့လို့ရတော့မှာဖြစ်ပါတယ်

2. Alternative Payment Options

အရင်တုန်းက Apple ရဲ့ in-app purchases တွေဟာ iTunes ကနေပဲဖြတ်သွားရမယ်သွားမယ့်စည်းကမ်းချက်ရှိပါတယ် .. ဒီ Transactions တွေအားလုံးကို Apple က 15% to 30% ထိ commission တောင်းတာပါ .. အခုတော့ အဲ့လိုမဟုတ်တော့ပဲ Developer ကြိုက်တဲ့ Payment Option နဲ့လက်ခံလို့ရပါပြီ

3. Screen Time and Refund Limitations

အဲ့ဒီလို Apple ရဲ့ AppStore ကနေ Download လုပ်ထားတာမဟုတ်တဲ့ Apps တွေကတော့ Screen Time limit လုပ်တာတွေ, ဝယ်ထားတဲ့ Apps, Subscriptions တွေကို Refund ပြန်တောင်းတာတွေ လုပ်လို့ရမှာမဟုတ်ဘူးလို့သိရပါတယ်

4. NFC 3rd Party Access

Apple Wallet or Apple Pay မဟုတ်တဲ့ Payment တွေအတွက် NFC Access ဖွင့်ပေးလိုက်ပါပြီ

5. Default Browser Option

Safari WebKit Engines သုံးမထားတဲ့ Browser တွေကိုပါ သုံးခွင့်ပေးလိုက်ရတာဖြစ်တာကြောင့် Default Browser ထားချင်ရင်လည်း Browser အစုံရရှိမှာဖြစ်ပြီး Chrome လို Browser တွေကလည်း WebKit Engine သုံးစရာမလိုတော့တာကြောင့် fully functional ဖြစ်တော့မှာပါ

6. Hardware and Software Developer Access

iPhone ရဲ့ Hardware တွေကိုအပြည့်အဝအသုံးချနိုင်ဖို့ 3rd Party AppStore ပေါ်က Apps Developer တွေအနေနဲ့ Apple ကို Request လုပ်လို့ရပါတယ်

7. Expanded Analytics Availability

Developer တွေအနေနဲ့ သူတို့ App တွေရဲ့ Performance ကိုပြန်လည်စစ်ဆေးနိုင်ဖို့အတွက် iOS ရဲ့ Analytics Features ကို AppStore Connect API ကနေပေးသုံးမှာဖြစ်ပါတယ်

လက်ရှိမှာတော့ ဒီအပြောင်းအလဲတွေဟာ EU နိုင်ငံတွေမှာပဲရရှိဦးမှာဖြစ်ပါတယ် .. ဒါကလည်း ဥပဒေအရမို့လို့ မဖြစ်မနေပြောင်းလိုက်ရတာပါ .. ဒီလိုအပြောင်းအလဲတွေကြောင့် Malware တွေဝင်လာနိုင်ခြေပိုများသလို Privacy အရလည်း User မှာ awareness ကောင်းကောင်းမရှိရင် ပေါက်ကြားတာမျိုးဖြစ်နိုင်တာမို့လို့ EU ကလွဲပြီးတခြားနိုင်ငံတွေမှာ ဒီ Features တွေဖွင့်ပေးဦးမှာမဟုတ်ပါဘူး

စာဖတ်သူရော ဒီလိုအပြောင်းအလဲတွေကိုဘယ်လိုမြင်လဲ?

ကျွန်တော့်အမြင်ပြောရမယ်ဆိုရင်တော့ ကောင်းကျိုး/ဆိုးကျိုးဒွန်တွဲနေပါတယ်

ကောင်းကျိုးတွေက – Users တွေမှာရွေးချယ်စရာပိုများလာမယ်, AppStore ရဲ့ rules တွေကြောင့် AppStore ပေါ်ကနေပျောက်သွားတဲ့ Apps တွေကို Alternative AppStores တွေကနေပြန်သုံးလို့ရမယ်, Payment Options ရွေးစရာများတာကြောင့် Apple ကိုသာ Commission ပေးစရာမလိုခဲ့ရင် App, Subscription ဈေးတွေပိုသက်သာမယ်

ဆိုးကျိုးကတော့ – User တွေမှာရွေးချယ်စရာပိုနည်းလာမယ်, ဟုတ်ပါတယ် ကောင်းကျိုးမှာတုန်းက ပိုများတယ်ပြောပေမယ့် ဆိုးကျိုးရှုထောင့်ကပြန်ကြည့်ရင်လည်း ပိုနည်းသွားပါတယ် .. လက်ရှိစမတ်ဖုန်းဈေးကွက်မှာ iOS နဲ့ Android ကပဲဦးဆောင်နေတာပါ .. iOS က Android လိုမျိုး Alternative AppStores တွေပေးသွင်းလိုက်ပြီဆိုရင် Alternative AppStores လုံးဝမလိုချင်တဲ့ users တွေအတွက်ရွေးချယ်စရာလုံးဝမရှိတော့ပါဘူး .. ဒါဟာရွေးချယ်စရာနည်းသွားတာပါပဲ .. နောက်တစ်ခုက ဒီလိုဖွင့်ပေးလိုက်တာရဲ့နောက်ကွယ်မှာ risks တွေတစ်ပုံကြီးကပ်ပါလာပါတယ် .. အသုံးပြုသူဟာ Information Security awareness မရှိရင်မရှိသလို Cyber attack တွေရဲ့ victim ဖြစ်ဖို့ chance ပိုများလာပါတယ် .. Hacker တွေက ဒီလို 3rd Party AppStore တွေသုံးပြီး Malware တွေကိုဖြန့်ဖို့ပိုလွယ်လာပါတယ် .. ဒါကြောင့် Security, Privacy မှာ အရင်လောက်အကာအကွယ်မရတော့ပါဘူး .. နောက်တစ်ခုက Apps တွေရဲ့ Quality Control က Apple ရဲ့ AppStore မှာလောက်ကောင်းပါ့မလားဆိုတဲ့မေးခွန်းရှိပါတယ်

ဒီနေ့တော့ဒီလောက်ပါပဲ