နှစ်ပတ်အတွင်း Australia နိုင်ငံမှ အလုပ် ၃ ခုကိုရအောင် ဘာတွေပြင်ဆင်ခဲ့သလဲ?

Post မစခင် စကားပုလ္လင်ကြိုခံထားချင်တာကတော့ ကျွန်တော်က Australia မှာ Master’s Degree ကို ၂ နှစ်ကြာတက်ရောက်ခဲ့တာဖြစ်လို့ Australia အစိုးရပေးတဲ့ Graduate Work Visa ရှိထားပြီးသားဖြစ်ပါတယ် .. ဒါကြောင့် Visa အခက်အခဲမရှိခဲ့တာပါ

ကိုယ်တွေက Cyber Security သမားဆိုတော့ Australia မှာလည်း ဒီ Profession နဲ့ပဲလုပ်ချင်တာ .. ခက်တာက သြဇီမှာ Security Job တွေဟာ သတင်းအချက်အလက်လုံခြုံရေးနဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ သူ့နိုင်ငံသားဖြစ်မှ အလုပ်ရဖို့အခွင့်အရေးပိုများတယ်

သူ့နိုင်ငံရဲ့ မြို့တော် Canberra မှာအလုပ်လုပ်ဖို့ဆိုရင် နိုင်ငံသားဖြစ်ရုံတင်မက NV1, NV2 တို့လို Security Clearance တွေပါယူထားမှအလုပ်လျှောက်လို့ရတယ် .. အဲ့ Security Clearance တွေကလည်း သူ့နိုင်ငံသားတွေပဲယူလို့ရတာ .. အဲ့တော့ကိုယ်တွေလို နိုင်ငံခြားသားတွေအတွက် အလုပ်လျှောက်ရတဲ့ဘောင်ကအရမ်းကျဥ်းပြီး လုပ်ရကိုင်ရခက်တယ်

ကံကောင်းစွာနဲ့ပဲ နောက်ဆုံးအလုပ်ကနေထွက်လိုက်ပြီး နှစ်ပတ်အတွင်းမှာ Australian Company ၃ ခုစီက Offer 3 တပြိုင်နက်ရခဲ့ပါတယ်

ရခဲ့တာတွေကတော့ –

  1. Cyber Incident Response Specialist (I accepted this)
  2. Cyber Security Analyst
  3. Technical Support Specialist

တို့ပဲဖြစ်ပါတယ်

အလုပ်ရသွားတဲ့အကြောင်းတင်တော့ အလုပ်ဘယ်လိုလျှောက်လဲလာမေးကြလို့ အတွေ့အကြုံလေး Share ပေးတာပါ .. အလုပ်လျှောက်တာကတော့ အဓိက LinkedIn ကိုပဲသုံးဖြစ်တယ် .. အစက LinkedIn Premium ဝယ်သုံးမလို့လုပ်ပေမယ့် ဈေးများနေလို့မဝယ်ပဲစောင့်ကြည့်နေတာ

အလုပ် Interview မရခင် အဓိကအရေးကြီးတဲ့အချက်က

– Resume သေသပ်မှု

– LinkedIn Profile ပြီးပြည့်စုံမှု

– အလုပ်ဖြစ်ပြီးရောဆိုပြီးလျှောက်တာမဟုတ်ပဲ ကိုယ့် Profile နဲ့ကိုက်ညီမှုရှိမှသာလျှောက်ခြင်း

ဆိုတဲ့အချက်တွေပဲဖြစ်တယ်

𝟭. 𝗥𝗲𝘀𝘂𝗺𝗲

Resume ကတော့ Canva က ကြည့်လို့ကောင်းမယ့် Template ရွေးပြီးပြင်လိုက်တာပဲ .. ပုံတွေ colour တွေလျှောက်ထည့်ဖို့ထက် Professional ဆန်ဆန် Resume တစ်ခုထွက်လာရင်အဆင်ပြေတယ်

ကြည့်လိုက်တာနဲ့ ကလေးတစ်ယောက်လိုမျိုးလျှောက်ရေးထားတာထက် Impression တစ်ခုရှိနေအောင်ပြင်ဆင်ထားပါ နောက်ပြီး ကိုယ်လျှောက်မယ့်အလုပ်ကို Resume သေချာ Customize ပြီးမှ လျှောက်တာအကောင်းဆုံးပဲ

ဥပမာ Skills မှာ MySQL လိုတယ်ဆို Resume မှာလည်း MySQL သုံးတတ်ပါတယ် ထည့်ရေးထားတာမျိုးဆို Interview ရဖို့ Chance ပိုများတယ်

ဒါကြောင့် အလုပ်တစ်ခုကို Resume တစ်ခု Customize ပြီးလျှောက်ပါ (ကိုယ်တွေကတော့ Resume တစ်ခုတည်းနဲ့အလုပ်အကုန်ပတ်လျှောက်တာပဲ .. Customize ရမှာပျင်းလို့ :3)

𝟮. 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲

ထည့်လို့ရသမျှ Information အကုန်လျှောက်သာထည့် (မှန်တာတော့ထည့်ပေါ့)

Headline တွေ About တွေမှာ ဘာရေးရမလဲမသိရင် ChatGPT ရှိတယ် .. အဲ့မှာရေးခိုင်းပြီး ကြိုက်တာထည့်လို့ရတယ်

Work Experience, License & Certifications, Volunteering, Skills, Projects, Honors & Awards, Test Scores, Languages တွေလည်းစုံနေအောင်ဖြည့်ထားပါ … ဒါဆိုရင် Employer ဖက်ကသူတို့လိုချင်တဲ့ Candidate ကိုရှာမှ ကိုယ့်ကိုရှာတွေ့မှာ

အရေးအကြီးဆုံးကတော့ Open to Work ကိုဖွင့်ထားတာပဲ .. နောက်တစ်ခုကတော့ LinkedIn မှာ ကိုယ့် Career နဲ့ပတ်သက်တာလေးတွေ Share တာတို့ Like လုပ်တာတို့လုပ်ပေါ့

ပြီးရင်လာ Connect သမျှလူတိုင်းကို လက်မခံပဲ Facebook လို Follower စုပြီး Cele လုပ်ချင်တဲ့စိတ်ကိုလုံးဝရပ်ပစ်လိုက်ပါ .. ကိုယ့်နယ်ပယ်က Professional တွေ Recruiter တွေကို လိုက် Connect ထားသင့်တယ် .. ကံကောင်းရင်သူတို့လုပ်နေတဲ့ Company က Opening Position တွေကို Refer ပေးတာမို့လို့ အလုပ်ရဖို့ပိုလွယ်တတ်တယ် (that’s how I got one of the offers)

My LinkedIn Profile – https://www.linkedin.com/in/ph0b14/

𝟯. 𝗔𝗽𝗽𝗹𝘆 𝗢𝗻𝗹𝘆 𝗦𝘂𝗶𝘁𝗮𝗯𝗹𝗲 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻𝘀 𝗳𝗼𝗿 𝗬𝗼𝘂

Cyber Security သမားက Marketing အလုပ်တွေပတ်လျှောက်နေလည်း Experience တွေ Background တွေတူတာမဟုတ်လို့ မရဖို့များတယ်

ရသွားလည်း ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တာကြောင့် စိတ်ညစ်တာတွေ, မလိုက်နိုင်တာတွေ, technical debt တွေကြုံရတတ်တယ် .. ဒါကြောင့်ကိုယ်လိုချင်တဲ့ Position နဲ့ Field ကို သတ်သတ်မှတ်မှတ်ထားပြီးမှ လျှောက်သင့်တယ် .. မလျှောက်ခင်လည်း JD ကိုအကြမ်းဖျင်းဖတ် .. သူတို့ Requirements နဲ့ကိုက်ညီမှသာလျှောက်တာထိရောက်တာ .. ကျွန်တော်ဆိုအရင်က Security ပါတာနဲ့အလုပ်လျှောက်တာ အပေါက်စောင့်လုံခြုံရေးအလုပ်တွေပါ လျှောက်မိဖူးတယ်

ဒါတွေသတိထားပြီးလျှောက်ရင် Interview ရဖို့များပြီ

Preparation for Interview

Interview invitation ရတာနဲ့ JD နဲ့ Requirement ကို တစ်လုံးချင်းသေချာလိုက်ဖတ်၊ Company အကြောင်းသေချာလိုက်ဖတ်၊ Cyber Security သမားတွေဆို အဲ့ကုမ္ပဏီကြုံတွေ့ခဲ့ဖူးတဲ့ Cyber Attacks တွေ၊ Latest Cyber News တွေ၊ ကုမ္ပဏီကသုံးနေတဲ့ Tech Stack, Software, Solutions တွေ အကုန်လိုက်ဖတ်ထားဖို့လိုတယ်

ဒါဆိုရင် Employer ဖက်ကမေးလာမယ့် Technical မေးခွန်းတော်တော်များများကို မဖြေခင်ကတည်းက ဘာမေးမလဲဆိုတာခန့်မှန်းကြည့်လို့ရပြီ .. Interview ဖြေနေတုန်းအရေးကြီးတာနောက်တစ်ခုက Interviewer မေးလိုက်တဲ့မေးခွန်းဟာ သူဘာကြောင့်မေးတာလဲ၊ ဘယ်လိုအဖြေမျိုးလိုချင်လဲဆိုတာကို အရိပ်အခြေကြည့်ပြီး ခန့်မှန်းတတ်အောင်ကြိုးစားတာပဲ .. ဒါမှသူလိုချင်တဲ့အဖြေပေးနိုင်ပြီး အလုပ်ရဖို့ Chance ပိုများမှာဖြစ်တယ်

Interviewer နဲ့စကားပြောတဲ့အခါမှာလည်း သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးဆွေးနွေးတာမျိုးလို့သဘောထားပြီးပြောလို့ရတယ် .. ရောက်တတ်ရာရာပေါ့ .. အလုပ်နဲ့ဆိုင်တဲ့ Technical အကြောင်းပဲပြောခိုင်းတာနော် စော်ပစ်/ဘဲပစ်ခံရတာတွေပြောပြခိုင်းတာမဟုတ်ဘူး :3

နောက်ထပ်အရေးကြီးတာတစ်ခုက အလေးအနက်ထားဖို့ပဲ

ကိုယ်တွေဆို အရင်အလုပ်ကမထွက်ခင်ကတည်းကအလုပ်လျှောက်ဖြစ်တယ် .. ဒါပေမယ့် အလုပ်ချိန်တွေ၊ ပင်ပန်းတာတွေကြောင့် ရလာတဲ့ Interview တွေကို အလေးအနက်ထားပြင်ဆင်ပြီးမဖြေဖြစ်ဘူး

ဒါကြောင့်လည်း Offer တွေမရတာ .. အလုပ်ထွက်ပြီးတော့ အလုပ် ၅ ခုပဲလျှောက်ဖြစ်တယ် .. အဲ့ ၅ ခုလုံး Interview ရပြီး ၃ ခုက Offer ရတယ်ပေါ့ .. ကျန်တဲ့ ၂ ခုကလည်း offer ရပြီမို့လို့ interview ဆက်မလုပ်တော့ပါဘူးဆိုပြီးငြင်းလိုက်တာ

ဆိုလိုတာက ၅ ခုလျှောက် ၅ ခုလုံး interview ရတယ်ဆိုတာ ကံကောင်းတာရယ်, အပေါ်ကပြောထားတဲ့ ၃ ချက်ရယ်နဲ့ဆိုင်တယ် .. အဲ့ ၅ ခုမှာ offer ၃ ခုရတာကျတော့ interview ကိုသေချာပြင်ဆင်ပြီးဖြေတဲ့အကျိုးဆက်ပေါ့ .. အပေါ်ကပြောသလိုမျိုး သေချာ well researched, well prepared ဖြစ်နေအောင် အချိန်ယူပြင်ဆင်လိုက်တော့လည်း အလုပ်တစ်ခုကတော့ ဖြစ်ဖြစ်မြောက်မြောက်ရသွားတာပါပဲလေ

𝙍𝙚𝙘𝙖𝙥

1. Resume ကိုသေချာပြင် .. အလုပ်တစ်ခု Resume တစ်ခု Customize ပြင်

2. LinkedIn Profile ကို information စုံစုံလင်လင်ထည့်ထား .. Network တစ်ခုတည်ဆောက်ထား .. ကိုယ့် career မှာဘယ်လောက်စိတ်ဝင်စားမှုရှိလဲဆိုတာကို Post တွေ Share ရင်းပြ

3. ကိုယ်နဲ့သင့်လျော်တဲ့အလုပ်ပဲလျှောက်

4. Interview ရရင် Interview ကိုအလေးအနက်ထား, အချိန်ယူသေချာပြင်ဆင်ပါ

ဒါဆိုရင်မလွဲမသွေအလုပ်တစ်ခုတော့ရ(လောက်)မှာပါ

အားလုံးပဲ Good Luck ပါ