UNICODE
အခုတလော ကြုံတွေ့နေရတာကတော့ Calendar Event တွေရဲ့ ပြဿနာပါပဲ
သင့်အနေနဲ့ Safari မှာ Web browsing လုပ်နေရင်းနေနဲ့ တခြား Website URL တခုကို Auto Redirect လုပ်ခံသွားရမယ် .. အဲ့ဒီ Website ကသင့်ကို ခြိမ်းခြောက်တဲ့နည်းနဲ့ သူတို့ App ကိုသွင်းခိုင်းမယ်
ဒီ Calendar Spam တွေက 18+ Website တွေနဲ့ Channel Myanmar လို Ads များတဲ့ Website တွေကနေ တဆင့်ဝင်လာတာပါ .. ဒါကြောင့် ဒီလို Website တွေထဲဝင်ရင် ဘာနှိပ်ခိုင်းခိုင်း စာသေချာဖတ်ပြီးမှ နှိပ်ဖို့လိုပါတယ်
ဥပမာပြောရရင် “သင့်ဖုန်းမှာ Virus တွေတွေ့ထားပါတယ် .. Virus သတ်ဖို့ ဒီ App ကို Download လုပ်လိုက်ပါ” ဆိုတဲ့ App ကြော်ငြာတွေပါ .. ခုနောက်ပိုင်း ဘယ်လောက်ဆိုးလာလဲဆိုရင် Calendar Event တွေပါလုပ်ပြီး တချိန်လုံး Download လုပ်ခိုင်းနေတော့တာပါပဲ
Website တခုထဲဝင်ရင်း သင့်ကို OK နှိပ်ခိုင်းပြီဆိုသတိထားပါ .. OK နှိပ်မိလိုက်ရင် Spam Event ကို auto သွင်းသွားမှာဖြစ်ပါတယ် .. ဒါနဲ့ Spam Event ဆိုတာ အောက်က ပုံလိုမျိုး event တွေပါ
ဖျက်နည်းကတော့ရိုးရှင်းပါတယ် … သင်သာ iOS 14 တင်ထားမယ်ဆိုရင် Settings > Mail > Accounts ထဲက Spam တွေကို Delete လုပ်လိုက်ရုံပါပဲ .. အောက်ကပုံကိုကြည့်တာပိုရှင်းမယ်ထင်ပါတယ်
တကယ်လို့သင်သာ iOS 14 ရဲ့အောက်မှာသာဆိုရင် Settings > Passwords & Accounts > Subscribed Calendars ထဲမှာသွားဖျက်ရပါလိမ့်မယ် .. အားလုံးပဲအဆင်ပြေကြပါစေ
Pyae Heinn Kyaw