Apple ကနေအလကားပြုလုပ်ပေးနေတဲ့ Repair Program တွေအကြောင်း

UNICODE

လက်ရှိ Apple ကနေ အလကားပြုပြင်ပေး ဒါမှဟုတ် အသစ်လဲပေးနေတဲ့ Repair program 14 ခုရှိပါတယ် .. Apple Repair Program ဆိုတာကဒီလိုပါ .. ရောင်းချလိုက်တဲ့ Products တွေမှာ Factory fault ကြောင့် error တက်နေတဲ့ products တွေကို အခမဲ့ပြုပြင်ပေးတာဖြစ်ပါတယ် ..

မြန်မာနိုင်ငံမှာဆိုရင် အဆိုပါ Apple repair programs တွေကို Apple Authorized Service Providers ဖြစ်တဲ့

– mCare Apple Authorized Service Provider (https://www.facebook.com/mCareasp/)

– iPro Apple Authorized Service Provider (https://www.facebook.com/ipro.aasp)

တွေမှာ လုပ်ဆောင်ပေးနေပါတယ် .. မြန်မာနိုင်ငံမှာဆိုရင် Apple Repair Program အတွက်အကျုံးဝင်တဲ့ iPhone တွေကို အသစ်တလုံးပြန်လဲပေးတာ ဒါမှမဟုတ် အစိတ်အပိုင်းတွေလဲလှယ်ပေးတာဖြစ်ပြီးတော့ MacBook တွေကိုကျတော့ အစိတ်အပိုင်းတွေကိုအခမဲ့လဲလှယ်ပေးတာမျိုးလုပ်ဆောင်တာပါ ..

ဒီတော့ အပေါ်မှာကျွန်တော်ပြောထားတဲ့ Apple Repair Program 14 ခုကို တခုချင်းဆီအသေးစိတ်ရေးပေးသွားပါမယ်

တကယ်လို့သင်ဟာ ဒီ Repair Program တခုခုကို Apple Authorised Service Provider ဒါမှမဟုတ် Apple Store (Genius Bar) မှာတရားဝင် အခကြေးငွေပေးပြီး ပြင်ဖူးခဲ့တယ်ဆိုရင် Apple ကသင့်ကို ငွေအပြည့်ပြန်အမ်းမှာဖြစ်ပါတယ်

1. Apple Watch Series 6 Service Program for Blank Screen Issue

ဒီ Program ကို 22.4.2022 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

April 2021 ကနေ September 2021 အတွင်းထုတ်လုပ်ခဲ့တဲ့ Apple Watch Series 6 (40mm) တွေမှာ Screen လုံးဝမလာတော့တဲ့ ပြဿနာမျိုးအဖြစ်များတာကြောင့် အကျုံးဝင်တဲ့ Apple Watch Series 6 တွေကို Service free ပေးမှာဖြစ်ပါတယ် .. မိမိ Watch ပါမပါကို ပေးထားတဲ့ Link မှာ Serial Number ထည့်ပြီး စစ်ဆေးကြည့်လိုရပါတယ်

စစ်ရန် Link – https://support.apple.com/en-sg/apple-watch-series6-service-program-for-blank-screen-issue

မိမိ Watch Serial No ကို Watch App Settings > General > About မှာသွားရောက် copy ယူပြီးစစ်ကြည့်လိုက်ပါ .. The serial number you entered is not eligible under this program due to one of the following reasons ဆိုပြီးပေါ်လာရင် သင့် Watch က ဒီ program မှာအကျုံးမဝင်ပါဘူး ..

The serial number you entered may be eligible for this program လို့ပေါ်လာရင်တော့ သင့် Watch ကအကျုံးဝင်ပါတယ်

2. iPhone 12 and iPhone 12 Pro Service Program for No Sound Issues

ဒီ Program ကို 27.8.2021 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

October 2020 ကနေ April 2021 အတွင်းထုတ်လုပ်ခဲ့တဲ့ iPhone 12 နဲ့ 12 Pro တချို့မှာ ဖုန်းပြောတဲ့အခါ အသံမကြားရတဲ့ပြဿနာဖြစ်လေ့ရှိတာကြောင့် အကျုံးဝင်တဲ့ iPhone 12 နဲ့ 12 Pro တွေကို Service free ပေးမှာဖြစ်ပါတယ် .. Service ရယူဖို့အတွက် သင့် iPhone ကမြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ Model No ဖြစ်မှ လဲပေးမှာပါ ..

Settings > General > Regulatory မှာကြည့်လိုက်ရင် iPhone 12 ((A2403), iPhone 12 Pro (A2407) ဖြစ်ပါမှ သင့်ဖုန်းကိုလဲပေးမှာဖြစ်ပါတယ်

3. iPhone 11 Display Module Replacement Program

ဒီ Program ကို 4.12.2020 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

November 2019 ကနေ May 2020 အတွင်းထုတ်လုပ်ခဲ့တဲ့ iPhone 11 တချို့မှာ Touch မမိတဲ့ပြဿနာဖြစ်လေ့ရှိတာကြောင့် အကျုံးဝင်တဲ့ iPhone 11 တွေကို Display free လဲပေးမှာဖြစ်ပါတယ် .. မိမိ iPhone ပါမပါကို ပေးထားတဲ့ Link မှာ Serial Number ထည့်ပြီး စစ်ဆေးကြည့်လိုရပါတယ်

စစ်ရန် Link – https://support.apple.com/en-au/iphone-11-display-module-replacement-program

အကျုံးဝင်ဖို့ အချက် ၂ ချက်လိုပါတယ် .. မိမိဖုန်း Serial No ကို Settings > General > About မှာသွားရောက် copy ယူပြီးစစ်ကြည့်လိုက်ပါ .. The serial number you entered is not eligible under this program due to one of the following reasons ဆိုပြီးပေါ်လာရင် သင့်ဖုန်းက ဒီ program မှာအကျုံးမဝင်ပါဘူး ..

The serial number you entered may be eligible for this program လို့ပေါ်လာရင်တော့ သင့်ဖုန်းကအကျုံးဝင်ပါတယ် ဒါဆို ပထမတချက်အတွက်ပြောပြပြီးပါပြီ .. နောက်တချက်က မြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ Model No ဖြစ်မှ လဲပေးမှာပါ ..

Settings > General > Regulatory မှာကြည့်လိုက်ရင် iPhone 11 (A2221) ဖြစ်ပါမှ သင့်ဖုန်းကိုလဲပေးမှာဖြစ်ပါတယ်

4. AirPods Pro Service Program for Sound Issues

ဒီ Program ကို 30.10.2020 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

October 2020 မတိုင်ခင်ထုတ်လုပ်ခဲ့တဲ့ AirPods Pro တွေမှာ အသံပြဿနာနဲ့ Noise Cancellation ကောင်းမွန်စွာအလုပ်မလုပ်တော့တဲ့ပြဿနာမျိုး ဖြစ်နေတတ်ပါတယ်

အကယ်လို့ သင့် AirPods Pro သာမူမမှန်ဘူးလို့ယူဆရင် mCare Apple Authorised Service Provider ကိုယူသွားပြီးစစ်ဆေးနိုင်ပါတယ် .. စစ်ဆေးလို့ Error ဖြစ်ကြောင်းအတည်ပြုခဲ့ရင် အသစ်တဖက်လဲပေးမှာဖြစ်ပါတယ် .. ၂ ဖက်လုံးဖြစ်ရင် ၂ ဖက်လုံးလဲပေးမှာပါ

5. iPad Air (3rd Gen) Blank Screen Issue

ဒီ Program ကို 6.3.2020 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

iPad Air (3rd Gen) တချို့မှာ Screen မည်းသွားတာတွေ, မှိတ်တုတ်မှိတ်တုတ်ဖြစ်တာတွေကို iPad Screen လဲပေးတာပါ (မြန်မာမှာတော့ iPad 1 လုံးလုံး ပြန်လဲပေးတယ်လို့ယူဆရပါတယ် .. mCare ကိုဆက်သွယ်ကြည့်ပါ)

6. Smart Battery Case Replacement Program for iPhone XS, iPhone XS Max, and iPhone XR

ဒီ Program ကို 10.1.2020 မှာကြေငြာခဲ့တာဖြစ်ပြီး ရောင်းပြီးကာလကနေ 2 နှစ်အတွင်းသက်တမ်းကုန်မှာပါ

January 2019 ကနေ October 2019 အတွင်းထုတ်လုပ်ခဲ့တဲ့ Smart Battery Case တွေမှာ iPhone ကိုအားသွင်းလို့မရတာတွေ, Case ကိုအားသွင်းလို့မရတာတွေစတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်

iPhone XS, XS Max, XR အတွက်ထုတ်လုပ်ထားတဲ့ Smart Battery Case တွေပဲအကျုံးဝင်မှာဖြစ်ပြီး သင့်အနေနဲ့ Charging issues ကြုံတွေ့နေရပါက Apple Authorised Service Provider တွေမှာ အခမဲ့သွားရောက်ပြသနိုင်မှာဖြစ်ပါတယ်

7. iPhone 6s and iPhone 6s Plus Service Program for No Power Issues

ဒီ Program ကို 4.10.2019 မှာကြေငြာခဲ့တာဖြစ်ပြီး 2020 October မှာသက်တမ်းကုန်မှာပါ

October 2018 ကနေ August 2019 အတွင်းထုတ်လုပ်ရောင်းချတဲ့ iPhone 6s နဲ့ 6s Plus တွေမှာ အထဲကအစိတ်အပိုင်းတွေချို့ယွင်းမှုကြောင့် ပါဝါမလာတော့တာတွေဖြစ်တတ်ပါတယ် ..

အဲ့ဒီအတွက် region ဝင်တဲ့ iPhone တွေကိုအခမဲ့အသစ်တလုံးလဲလှယ်ပေးသွားမှာဖြစ်ပါတယ် .. မိမိဖုန်းအကျုံးဝင်မဝင်သိချင်ရင် အောက်ပါ link မှာ Serial No နဲ့စစ်ကြည့်လို့ရပါတယ်

စစ်ရန် Link – https://support.apple.com/en-au/iphone-6s-6s-plus-no-power-issues-program

အကျုံးဝင်ဖို့ အချက် ၂ ချက်လိုပါတယ် .. မိမိဖုန်း Serial No ကို Settings > General > About မှာသွားရောက် copy ယူပြီးစစ်ကြည့်လိုက်ပါ .. The serial number you entered is not eligible under this program due to one of the following reasons ဆိုပြီးပေါ်လာရင် သင့်ဖုန်းက ဒီ program မှာအကျုံးမဝင်ပါဘူး ..

The serial number you entered may be eligible for this program လို့ပေါ်လာရင်တော့ သင့်ဖုန်းကအကျုံးဝင်ပါတယ် ဒါဆို ပထမတချက်အတွက်ပြောပြပြီးပါပြီ .. နောက်တချက်က မြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ Model No ဖြစ်မှ လဲပေးမှာပါ ..

Settings > General > Regulatory မှာကြည့်လိုက်ရင် iPhone 6s (A1688), 6s Plus (A1687) တွေဖြစ်ပါမှ သင့်ဖုန်းကိုလဲပေးမှာဖြစ်ပါတယ်

8. 15-inch MacBook Pro Battery Recall Program

ဒီ Program ကို 20.6.2019 မှာကြေငြာခဲ့တာဖြစ်ပါတယ်

September 2015 နဲ့ February 2017 ကြားမှာရောင်းချခဲ့တဲ့ 15-inch MacBook Pro, Mid 2015 model တွေရဲ့ battery တွေဟာ အပူလွန်ကဲပြီး ပေါက်ကွဲနိုင်ချေရှိတာကြောင့် battery အသစ်လဲပေးတာပါ ..

မိမိ MacBook ရဲ့ serial number ကိုအောက်ပါ link မှာစစ်ကြည့်ပြီး eligible ဖြစ်ပါက အပေါ်မှာဖော်ပြထားတဲ့ Apple Authorised Service Provider တွေမှာအခမဲ့သွားရောက်လဲလှယ်လို့ရပါတယ်

စစ်ရန် Link – https://support.apple.com/en-au/15-inch-macbook-pro-battery-recall

9. Keyboard Service Program for MacBook, MacBook Air, and MacBook Pro

ဒီ Program ကို 21.5.2019 မှာကြေငြာခဲ့တာဖြစ်ပြီး MacBook သက်တမ်း 4 နှစ်ပြည့်တာနဲ့ကုန်မှာပါ

  • MacBook (Retina, 12-­inch, Early 2015)
  • MacBook (Retina, 12­-inch, Early 2016)
  • MacBook (Retina, 12-­inch, 2017)
  • MacBook Air (Retina, 13-inch, 2018)
  • MacBook Air (Retina, 13-inch, 2019)
  • MacBook Pro (13­-inch, 2016, Two Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Two Thunderbolt 3 Ports)
  • MacBook Pro (13-inch, 2019, Two Thunderbolt 3 ports)
  • MacBook Pro (13-­inch, 2016, Four Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2016)
  • MacBook Pro (15-­inch, 2017)
  • MacBook Pro (13-inch, 2018, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2018)
  • MacBook Pro (13-inch, 2019, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2019)

အပေါ်မှာဖော်ပြထားတဲ့ MacBook model တွေရဲ့ keyboard ဟာ အလိုလိုစာတွေရိုက်နေတာတွေ, စာရိုက်ရင် key မမိတာတွေ, ကပ်နေတာတွေစတဲ့ error တွေဖြစ်တတ်ပါတယ် ..

မိမိ MacBook ဟာဖော်ပြပါ model ထဲမှာပါဝင်ပြီး အဆိုပါ error ကိုကြုံတွေ့နေရတယ်ဆိုပါက အပေါ်မှာပြောပြထားတဲ့ Apple Authorised Service Provider တွေမှာ အခမဲ့သွားရောက် service ပြုလုပ်နိုင်ပါပြီ

10. 13-inch MacBook Pro Display Backlight Service Program

ဒီ Program ကို 21.5.2019 မှာကြေငြာခဲ့တာဖြစ်ပြီး MacBook သက်တမ်း 4 နှစ်ပြည့်တာနဲ့ကုန်မှာပါ

MacBook Pro (13 inch, 2016) model တွေမှာ Display backlight ပျက်သွားတဲ့အလုံးတွေကို Display အခမဲ့ဲပြုပြင်ပေးမှာဖြစ်ပါတယ် .. တကယ်လို့ ကိုယ်ကပိုက်ဆံပေးပြီး Service လုပ်ထားတယ်ဆိုရင် Apple ဆီက ပိုက်ဆံပြန်တောင်းလို့ရပါတယ် (Apple Authorised တွေမှာ လုပ်ထားမှပြန်ပေးမှာနော်) .. refund process အတွက် Apple Support ကနေ Chat ရပါမယ်

11. 13-inch MacBook Pro (non Touch Bar) Solid-State Drive Service Program

ဒီ Program ကို 9.11.2018 မှာကြေငြာခဲ့တာဖြစ်ပြီး MacBook သက်တမ်း 3 နှစ်ပြည့်တာနဲ့ကုန်မှာပါ

June 2017 ကနေ June 2018 အတွင်းရောင်းခဲ့တဲ့ MacBook Pro (13 inch, 2017) non-touchbar model တွေမှာ SSD error ကြောင့် data ပျက်ဆီးမှုတွေဖြစ်တတ်ပါတယ် ..

မိမိ MacBook မှာအဆိုပါ error ကြုံတွေ့လာပြီဆိုရင် အောက်ပါ Link မှာမိမိ MacBook ရဲ့ Serial no နဲ့စစ်ကြည့်ပြီး အကျုံးဝင်ပါက ဖော်ပြထားတဲ့ Apple Authorised Service Provider တွေမှာ Data recovery နဲ့ SSD firmware upgrade တို့ကို အခမဲ့ပြုလုပ်နိုင်ပါတယ်

စစ်ရန် Link – https://support.apple.com/en-au/13-inch-macbook-pro-solid-state-drive-service

12. iPhone X Display Module Replacement Program for Touch Issues

ဒီ Program ကို 9.11.2018 မှာကြေငြာခဲ့တာဖြစ်ပြီး iPhone X သက်တမ်း 3 နှစ်ပြည့်တာနဲ့ကုန်မှာပါ

တချို့သော iPhone X တွေမှာ Touch မမိတာတွေ ဒါမှမဟုတ် touch အလိုအလျောက်ရွေ့နေတာတွေကို display free ပြန်လဲပေးမယ့် program ပါ .. မိမိ iPhone X ဟာ Apple Authorised Service Provider တွေကလွဲပြီး ဘယ်ဖုန်းဆိုင်ကမှ ဖွင့်ထားခြင်းမရှိရပါဘူး ..

အကယ်လို့ အထက်ပါ error ကြုံတွေ့နေရပြီဆိုရင် ဖော်ပြထားတဲ့ Apple Authorised Service Provider တွေမှာ Display အခမဲ့သွားရောက်လဲလှယ်နိုင်ပါတယ် (ပိုက်ဆံပေးလဲမယ်ဆို 5 သိန်းကျော်ပါတယ်)

13. iPhone 8 Logic Board Replacement Program

ဒီ Program ကို 31.8.2018 မှာကြေငြာခဲ့တာဖြစ်ပြီး iPhone 8 သက်တမ်း 3 နှစ်ပြည့်တာနဲ့ကုန်မှာပါ

ဒီ Program မှာအကျုံးဝင်တဲ့ iPhone 8 တွေကတော့ A1905 ဖြစ်ပြီးတော့ Australia, China mainland, Hong Kong, India, Japan, Macau, New Zealand, and the U.S နိုင်ငံတွေမှာ September 2017 ကနေ March 2018 အတွင်းရောင်းချထားတဲ့ အလုံးတွေပဲဖြစ်ပါတယ် ..

အဆိုပါ iPhone 8 တွေဟာ ခဏခဏ restart ဖြစ်ခြင်း, သုံးနေစဉ် screen freeze ဖြစ်ပြီး ရပ်တန့်သွားခြင်း, လုံးဝပွင့်မလာတော့ခြင်းစတဲ့ error တွေနဲ့ ကြုံတွေ့ရတတ်ပါတယ် .. မိမိ iPhone 8 ဟာ အဆိုပါ program မှာအကျုံးဝင်လာသိချင်ရင် အောက်ပါ link မှာ serial no နဲ့တကွသွားစစ်လို့ရပါတယ်

စစ်ရန် Link – https://support.apple.com/en-au/iphone-8-logic-board-replacement-program

အကျုံးဝင်ပါက ဖော်ပြထားတဲ့ Apple Authorised Service Provider တွေမှာ အသစ်တလုံး အခမဲ့လဲပေးသွားမှာဖြစ်ပါတယ်

14. 13-inch MacBook Pro (non Touch Bar) Battery Replacement Program

ဒီ Program ကို 20.4.2018 မှာကြေငြာခဲ့တာဖြစ်ပြီး MacBook သက်တမ်း 5 နှစ်ပြည့်တာနဲ့ကုန်မှာပါ

October 2016 ကနေ October 2017 အတွင်းရောင်းချခဲ့တဲ့ 13-inch MacBook Pro non-touchbar model တွေမှာ battery error ကြုံတွေ့နေရတာတွေကြောင့် Battery အခမဲ့လဲပေးသွားမှာပါ ..

Retina model တွေမှာ battery သီးသန့်လဲပေးလို့မရပဲ topcase လို့ခေါ်တဲ့ အစိတ်အပိုင်းကြီးတခုလုံးလဲလှယ်ရမှာဖြစ်တဲ့အတွက် Keyboard trackpad ပါ အသစ်ဖြစ်သွားမှာပါ .. မိမိ MacBook က eligible ဖြစ်မဖြစ်သိချင်ရင် အောက်ပါ link ကနေစစ်ဆေးကြည့်နိုင်ပါတယ်

စစ်ရန် Link – https://support.apple.com/en-au/13inch-macbookpro-battery-replacement

မိမိ MacBook ဟာဖော်ပြပါ model ထဲမှာပါဝင်နေပါက အပေါ်မှာပြောပြထားတဲ့ Apple Authorised Service Provider တွေမှာ အခမဲ့သွားရောက် service ပြုလုပ်နိုင်ပါပြီ

ဒါတွေကတော့ Apple ရဲ့လက်ရှိ Repair program တွေပါပဲ .. သင့်အနေနဲ့ အဆိုပါ program မှာအကျုံးဝင်နေတာကိုမသိလိုက်ပဲ ပိုက်ဆံပေးပြီးပြုပြင်မိတယ်ဆိုရင် Apple ကပြုပြင်စရိတ်ကိုပါပြန်ပေးသွားဦးမှာပါ ..

ဒါပေမယ့် Apple Authorised Service တွေမှာပဲပြင်ထားတာဖြစ်ရပါမယ် .. ပိုက်ဆံပြန်တောင်းချင်တယ်ဆိုရင်တော့ Apple Support ကနေ chat ပြီးတော့ပြန်တောင်းနိုင်ပါတယ် ..

ဒါ့အပြင် Apple ကပြုပြင်ပေးလိုက်တဲ့ အစိတ်အပိုင်းတွေဟာလဲ ရက် 90 international warranty ထပ်ရမှာဖြစ်ပါတယ် .. ဒီတော့ ရောင်းတုန်းကရောင်းပြီး ပစ်ထားတတ်တဲ့ brand ထဲမှာ Apple မပါဘူးဆိုတာ စာဖတ်နေသူတွေလဲသိရှိသွားလောက်ပါပြီ .. Apple products တွေဈေးကြီးပေးဝယ်ရလဲ After sale service တွေကောင်းမွန်တာကြောင့် ပေးရတာနဲ့အရမ်းတန်ပါတယ် ..

ဒါပေမယ့်ဒီလို repair program တွေမှာပါဝင်ချင်ရင် Apple Authorised Service Provider မဟုတ်တဲ့ဆိုင်တွေမှာ ဖွင့်ပြင်ထားလို့မရပါဘူး .. ဒါလေးကို awareness ရှိစေချင်လို့ ဒီ article လေးကို လက်ညောင်းခံရေးတင်ပေးလိုက်တာဖြစ်ပါတယ် .. အားလုံးပဲအဆင်ပြေကြပါစေ

ဆက်စပ်တဲ့ articles များ

Apple Official Warranty – https://www.pyaeheinnkyaw.tech/apple_warranty/

AppleCare+ – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

Battery လဲတဲ့ဈေးနဲ့ဖုန်းအသစ်တလုံးပြန်ရမယ့်နည်း – https://www.pyaeheinnkyaw.tech/battery-replacement-program/

Pyae Heinn Kyaw