ဘာကြောင့် Region ဝင်တဲ့ iPhone တွေဝယ်သင့်တာလဲ?

UNICODE

iPhone တွေဟာ International Warranty မဟုတ်တာကြောင့် မြန်မာနိုင်ငံက Apple Authorized Service Provider တွေဟာ Apple ကသတ်မှတ်ပေးထားတဲ့ Model Number အလုံးတွေကိုသာ Service ပေးလို့ရပါတယ်

မြန်မာနိုင်ငံမှာ Apple Authorised Service Provider နှစ်ဆိုင်ရှိပါတယ်

1. mCare Apple Authorized Service Provider

2. iPro Apple Authorized Service Provider တို့ပဲဖြစ်ပါတယ်

ဒီဆိုင်တွေမှာ Service လုပ်ချင်ရင် သတ်မှတ်ထားတဲ့ Region ဝင်တဲ့ဖုန်းတွေဖြစ်ရပါမယ် .. အောက်မှာဖော်ပြထားတဲ့ပုံကတော့ မြန်မာနိုင်ငံအတွက်သတ်မှတ်ထားတဲ့ Model Number တွေပဲဖြစ်ပါတယ် (Settings > General > About ထဲက Model Number ကိုတစ်ချက်နှိပ်လိုက်ရင် A နဲ့စတဲ့ဂဏန်းလေးလုံးပြောင်းသွားမှာဖြစ်ပါတယ် .. အဲ့ဂဏန်းတွေနဲ့တိုက်စစ်ရမှာပါ)

Eligible iPhone Region for Myanmar

ကျွန်တော့်အတွေ့အကြုံအရ Thai, Singapore, Australia တို့က iPhone တွေဟာ Myanmar Region ဝင်တဲ့ဖုန်းတွေဖြစ်လေ့ရှိပါတယ် .. ဒါကြောင့်ဘယ်ကဝယ်ဝယ် ဖော်ပြထားတဲ့ပုံထဲက Model Num နဲ့တူတဲ့ ဖုန်းကိုသာစစ်ဝယ်ကြပါလို့အကြံပေးချင်ပါတယ် (Packing မဖောက်ခင် ဘူးခွံနောက်ဖက်မှာ Model Num ရေးထားတတ်ပါတယ်)

Region ဝင်တဲ့ဖုန်းတွေရဲ့ Warranty ကိစ္စကို Apple Authorised Service Provider တွေက တာဝန်ယူဖြေရှင်းပေးမှာဖြစ်သလို Warranty ကုန်ပြီးနောက်ပိုင်းဖြစ်တဲ့ ပြဿနာတွေကိုလည်း Genuine Spare Parts တွေနဲ့ပြင်ပေးမှာဖြစ်ပါတယ် .. ဒါ့အပြင်သင့် iPhone ဟာ Apple ရဲ့ Free Repair Program ထဲပါဝင်နေတယ်ဆိုရင် အဲ့ Program ရဲ့ Policy အတိုင်းပြုပြင်ပေးမှာကလည်း Apple Authorised Service Provider တွေပါပဲ

Battery Health 80% အောက်ကျသွားရင်လည်း Battery ဖိုးပဲပေးပြီး ဖုန်းအသစ်တစ်လုံးလဲပေးတဲ့ Program မျိုးတွေကိုလည်း Authorised Service တွေကပဲ Offer လုပ်တာပါ .. ဒါကြောင့် Region ဝင်တဲ့ဖုန်းကိုဝယ်ဖို့တိုက်တွန်းတာဖြစ်ပါတယ်

Apple ကပြုလုပ်နေတဲ့ Free Repair Programs များ – https://support.apple.com/en-au/service-programs

iPhone တွေ International Warranty မဟုတ်ကြောင်းရှင်းပြထားသည့် Article – https://www.pyaeheinnkyaw.tech/is-iphone-warranty-international/