UNICODE

အားလုံးထင်နေကြသလို iPhone Warranty ဟာ International Warranty မဟုတ်ပါဘူး

International Warranty ဆိုတာ ကြိုက်တဲ့နိုင်ငံမှာဝယ်ပြီး ကြိုက်တဲ့နိုင်ငံမှာ Service လုပ်လို့ရတာကို International Warranty လို့ခေါ်ပါတယ် .. iPhone, iPad, AppleTV နဲ့ HomePod တို့ဟာ International Warranty ထဲအကျုံးမဝင်ပါဘူး .. ဒီအကြောင်းကို Apple ရဲ့ Warranty အကြောင်းပြောပြထားတဲ့နေရာမှာ ဖတ်ရှုလို့ရပါတယ် (https://www.apple.com/legal/warranty/products/ios-warranty-rest-of-apac-english.html)

International Warranty မဟုတ်တော့ဘာဖြစ်လဲ?

ဥပမာ – သင်က US ကနေ iPhone ဝယ်လာတယ်ဆိုပါစို့ .. Singapore ရောက်နေတဲ့အချိန် သင့် iPhone ကပျက်သွားလို့ Singapore Store ကိုသွားပြမယ်ဆိုရင် Singapore Store က သင့် iPhone ကိုပြင်ပေးပိုင်ခွင့်ရှိသလို မပြင်ပေးဘူးလို့လဲ ငြင်းပိုင်ခွင့်ရှိတယ် .. သင်ဝယ်တဲ့နိုင်ငံကိုပြန်ပို့ခိုင်းတာမျိုးလဲ လုပ်နိုင်ပါတယ် .. ဒီအကြောင်းကိုလဲ အပေါ်မှာ Link မှာ Apple ကအတိအလင်းဖော်ပြထားပြီးသားပါ

Apple ဟာ iPhone Service တွေကို Region အလိုက်ကန့်သတ်ထားပါတယ် .. ဒါကြောင့်မြန်မာနိုင်ငံက Apple Authorised Service Provider တွေတောင် Region ဝင်တဲ့ iPhone ပဲ Service လုပ်ပေးပိုင်ခွင့်ရှိတာပါ .. Apple Store ရှိတဲ့နိုင်ငံတွေကတော့ Region မဝင်လဲ လုပ်ပေးလို့ရပေမယ့် မလုပ်ပေးဘူးလို့လဲငြင်းပိုင်ခွင့်ရှိပါတယ် .. ဒါလေးကိုသတိထားစေချင်လို့ အခု Post တင်ပေးတာဖြစ်ပါတယ်

မြန်မာနိုင်ငံကနေ Warranty Claim ဖို့အလွယ်ဆုံး Region ကတော့ Singapore Region ဖြစ်လို့ ဖုန်းဝယ်ရင် Singapore နဲ့တခြား ASEAN Region ရွေးဝယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ် .. ဖုန်းဝယ်ပြီးရင်လဲ Proof of Purchase လို့ခေါ်တဲ့ Voucher or Receipt ကိုသိမ်းထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်

Pyae Heinn Kyaw

By Pyae Heinn Kyaw

Pyae is currently working as a Cyber Incident Responder, CSIRT at Salesforce, the 36th largest company in the world by market capitalization as of March 2025.