Fast Charge ဆိုတာဘာလဲ .. iPhone တွေမှာ Fast Charge လို့ခေါ်တဲ့ အမြန်အားသွင်းစနစ်ရအောင် ဘယ်လိုအားသွင်းကြိုးတွေသုံးရမလဲ?

UNICODE

2017 မှာမိတ်ဆက်ခဲ့ iPhone 8, 8 Plus, X တို့ကနေစပြီး Fast Charging နည်းပညာတခုဖြစ်တဲ့ Power Deliver (PD) စနစ်ကို Support ပေးခဲ့ပါတယ်

Power Delivery (PD) ဆိုတဲ့ Fast Charge ကဘာလဲ?

Power Delivery (PD) ဆိုတာကတော့ Fast Charging နည်းပညာတခုဖြစ်ပြီး Apple ရဲ့ iOS Device တွေနဲ့ Google ရဲ့ Pixel Device မှာအသုံးပြုတဲ့ နည်းပညာပဲဖြစ်ပါတယ်

Samsung တို့လို တခြား Vendors တွေကတော့ ​Qualcomm ရဲ့ Quick Charge နည်းပညာကိုအသုံးပြုတာဖြစ်ပြီး ယခု QC 4.0 မှာဆိုရင် USB PD နဲ့ပါ Compatible ဖြစ်နေပါပြီ

USB PD အမြန်အားသွင်းစနစ်မှာ 100W ထိအသုံးပြုနိုင်တာဖြစ်လို့ 92W သာအများဆုံးသုံးနိုင်တဲ့ Qualcomm ရဲ့ QuickCharge 4.0 ထက်နှာတဖျားသာတယ်လို့ ပြောလို့ရပါတယ် .. အနီးစပ်ဆုံးဥပမာပြရမယ်ဆိုရင် MacBook Pro 16-inch တွေမှာ 96W USB-PD တွေအသုံးပြုလို့ရနေတာပါ

ဒါ့အပြင် USB-PD ရော QuickCharge 4.0 ဟာ USB C နဲ့သာအလုပ်,လုပ်ပါတယ် .. QuickCharge 3.0 မှာတုန်းက USB A နဲ့ပါ အလုပ်,လုပ်တာဖြစ်ပေမယ့် 4.0 မှာတော့ USB C တမျိုးတည်းသာ အဆင်ပြေတော့တာပါ

ဒါ့အပြင် Google ကိုယ်တိုင်က Android OEM တွေကို QuickCharge ထက် USB-PD ကို စံအဖြစ်အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်

သင့် Device ကဘယ်လောက် Watt လိုအပ်လဲ?

အောက်ကပုံကတော့ Belkin Website ထဲမှာဖော်ပြထားတဲ့ Device အမျိုးအစားအလိုက် ဘယ်လောက် Watt က သင့်တော်လဲဆိုတာကိုရှင်းပြထားတဲ့ ပုံပါ

ဒီတော့ USB-PD ဟာ USB C နဲ့သာအလုပ်လုပ်တယ်လို့ပြောခဲ့တယ်နော် .. iPhone တွေက Lightning Port ပဲပါတော့ USB-PD ရပါ့မလား?

အဖြေကတော့ ရပါတယ် .. ဒါပေမယ့် USB-C to Lightning Cable ထပ်ဝယ်ရပါတယ် .. Cable တခုတည်းနဲ့မရပါဘူး .. Fast Charge Support ပေးတဲ့ Adapter ပါထပ်ဝယ်ရပါတယ်

တခြားဖုန်းဘရန်းတွေမှာ Fast Charger တွေကို တခါတည်းထည့်ပေးသလောက် Apple ကတော့ ကပ်စေးနှဲပြီး 5W Adapter သာထည့်ပေးပါတယ်

iPhone 11 Pro, 11 Pro Max မှာတော့ Fast Charging Support လုပ်တဲ့ 18W Adapter နဲ့ USB-C to Lightning cable ကိုထည့်ပေးထားပါတယ် .. အောက်ကပုံကတော့ iPhone 11 Pro Max မှာပါတဲ့ 18W Fast Charger တစုံပါ

ဒီ Fast Charger ဟာ သင့် iPhone ကို 30 မိနစ်အတွင်း 50% ဝင်အောင် အားဖြည့်ပေးနိုင်ပါတယ်

iPhone 8 နဲ့အထက် Model အားလုံးကိုဒီ Fast Charger နဲ့သွင်းလို့ရပါတယ် .. ဒါပေမယ့် 11 Pro နဲ့ 11 Pro Max မှာပဲပါတာဆိုတော့ သီးသန့်ထပ်ဝယ်ရမှာပါ

Original Fast Charger တစုံဟာ 1 သိန်းဝန်းကျင်ရှိပါတယ် .. ဒါကြောင့် စိတ်ချရတဲ့ Third-party brand တွေထဲက ဝယ်သုံးတာပိုပြီးသက်သာပါတယ် .. မြန်မာနိုင်ငံမှာတော့ Aukey နဲ့ Anker ကို recommend ပေးပါတယ် .. သူတို့ဟာ Apple အသိအမှတ်ပြု Certificate ဖြစ်တဲ့ MFi Certified Brand တွေမလို့ပါ

MacBook ရှိတဲ့လူတွေအတွက်ကတော့ သတင်းကောင်းပါပဲ .. Adapter ကတော့ MacBook မှာပါတဲ့ Adapter ကိုဆက်သုံးလို့ရမှာဖြစ်ပြီး USB-C to Lightning Cable သာထပ်ဝယ်ဖို့လိုတော့မှာပါ

ကျွန်တော်လဲ iPhone 11 Pro Max ကိုသူ့မှာပါတဲ့ 18W Adapter နဲ့သိပ်မသွင်းဖြစ်ပါဘူး .. MacBook Pro 16-inch မှာပါတဲ့ 96W Adapter နဲ့ပဲသွင်းပါတယ် .. iPhone  တွေဟာ အများဆုံး 18W ပဲသွင်းလို့ရတာဖြစ်ပေမယ့် 96W Adapter နဲ့သွင်းလဲကိစ္စမရှိပါဘူးလို့ Apple Website မှာရှင်းပြထားတာကိုတွေ့ရပါတယ်

96W နဲ့သွင်းလဲ 18W နှုန်းနဲ့အားဝင်နေမှာလို့ဆိုလိုတာပါ .. နောက်ပြီး iPad တွေမှာ ပါတဲ့ 12W Adapter နဲ့အားသွင်းတာကလဲ သင့် iPhone အားဝင်နှုန်းကိုပိုမို မြန်ဆန်စေမှာဖြစ်ပါတယ်

နောက်ပြီး Apple ကိုယ်တိုင်က 5W နဲ့ 12W Adapter တွေကိုစျေးနှုန်းတူတူထားပြီး ရောင်းချနေတာဖြစ်လို့ 5W Adapter တွေဝယ်မယ့်အစား iPad အတွက်ထုတ်ထားတဲ့ 12W Adapter တွေဝယ်တာက ပိုပြီးအဆင်ပြေပါလိမ့်မယ်

နောက်ပြီး 10W Output ရှိတဲ့ Wireless Charger တွေကလဲ သင့် iPhone Original Charger ထပ် အနည်းငယ်ပိုမိုမြန်ဆန်စွာသွင်းပေးနိုင်မှာဖြစ်လို့ အဆိုပါ  Wireless Charger တွေကိုလဲ try  ကြည့်သင့်ပါတယ်

ကဲ ဒီလောက်ဆိုရင် USB-PD Fast Charging ဆိုတာဘာလဲ .. iPhone တွေကိုဘယ်လိုအားသွင်းသင့်လဲဆိုတာ သိသွားလောက်ပြီလို့ယူဆပါတယ် .. ဆက်စပ် Article အနေနဲ့ အားသွင်းကြိုးတွေ ဘယ်လိုရွေးချယ်မလဲဆိုတဲ့ Article လေးပါ ထပ်ဖတ်ဖို့ အကြံပြုပါရစေ

MFi – https://www.pyaeheinnkyaw.tech/whati_is_mfi/

Best accessory brands available in Myanmar – https://www.pyaeheinnkyaw.tech/best-apple-accessory-available-in-myanmar/