မြန်မာနိုင်ငံမှာဝယ်ယူလို့ရတဲ့ Apple Product တွေအတွက် အကောင်းဆုံး Accessory Brand များ

UNICODE

အားလုံးပဲမင်္ဂလာပါ .. ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ လက်ရှိစျေးကွက်ထဲမှာရောင်းချနေတဲ့ Accessories Brand ပေါင်းစုံထဲကမှ သင့် iDevice အတွက် စိတ်ချရတဲ့ Brand တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်

ဒီ Post မှာ Brand 4 ခုကိုဖော်ပြပေးသွားမှာဖြစ်ပြီး အားလုံးကမြန်မာနိုင်ငံမှာ တရားဝင်ရောင်းချနေတဲ့ Brand တွေပဲဖြစ်ပါတယ် .. ဒီ Accessories တွေဟာလဲ Apple ကပေးအပ်ထားတဲ့ MFi Certificate ရရှိထားတဲ့ Accessories တွေမလို့ တခြားပေါပေါပဲပဲ Brand တွေလျှောက်သုံးနေတာထက်စာရင် ဒီလို Brand တွေသုံးတာက ကိုယ့် iDevice ရဲ့ Battery Health အတွက် အများကြီးပိုမိုကောင်းမွန်စေမှာပါ

MFi ဆိုတာဘာလဲ – https://www.pyaeheinnkyaw.tech/whati_is_mfi/

ကျွန်တော့်အနေနဲ့ Apple Original Accessories ဆိုတာတွေကို မဝယ်သင့်ပဲ ဒီလို 3rd Party ထဲက Quality ကောင်းတာတွေကိုရွေးသင့်တယ်လို့မြင်ပါတယ် .. Apple Original Accessory ဆိုတာ အစစ်ဖြစ်ကြောင်းစစ်ဖို့ခက်ခဲပါတယ် .. Apple Store တွေကနေ တိုက်ရိုက်ဝယ်ယူထားတဲ့ Accessory တွေကသာစိတ်ချရတာဖြစ်လို့ Bangkok, Singapore တို့က Apple Store တွေကိုသွားမဝယ်နိုင်ဘူးဆိုရင် အခုဖော်ပြပေးထားတဲ့ Brand တွေက ရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲ

𝟭. 𝗔𝘂𝗸𝗲𝘆

လက်ရှိမြန်မာနိုင်ငံရဲ့ နာမည်ကြီး 3rd Party Brand တခုဖြစ်ပြီး MFi Certified ဖြစ်ထားသလို Warranty ခိုင်ခိုင်မာမာလဲပေးနိုင်တာကြောင့် ထိပ်ဆုံးကနေ Recommend ပေးပါတယ် (Admin ကိုယ်တိုင်လဲသုံးနေတာကြောင့်ပါ)

Charger + Cable ဝယ်ရန် – http://bit.ly/AukeyBundle

𝟮. 𝗡𝗮𝘁𝗶𝘃𝗲 𝗨𝗻𝗶𝗼𝗻

Native Union ကတော့ မြန်မာနိုင်ငံမှာလူသိပ်မသိသေးပေမယ့် နိုင်ငံခြားမှာတော့ Apple Store တွေမှာပါ တင်ရောင်းတဲ့ Brand ဖြစ်လို့ အရည်အသွေးပိုင်းဆိုင်ရာ အများကြီးစိတ်ချလို့ရပါတယ်

Native Union Accessories စျေးနှုန်းများကြည့်ရှုရန်ု – http://bit.ly/AllNativeUnion

𝟯. 𝗔𝗻𝗸𝗲𝗿

Anker ကတော့ Aukey လိုပဲ Quality ကောင်းမွန်တာကြောင့် လူသိများပါတယ် .. သူလဲမြန်မာနိုင်ငံကို တရားဝင်တင်သွင်းထားတာကြောင့် Warranty ပိုင်းဆိုင်ရာခိုင်မာမှုရှိပြီး MFi Certified လဲဖြစ်ပြီးသားပါ

Charger + Cable ဝယ်ရန် – http://bit.ly/AnkerBundle

𝟰. 𝗥𝗢𝗖𝗞

ROCK ကတော့ Remax ဆိုင်တွေမှာတွဲရောင်းလေ့ရှိပါတယ် .. Remax တွေဟာ MFi Certified မဖြစ်ပေမယ့် ROCK Cable တွေကတော့ MFi Certified ဖြစ်လို့ Admin အနေနဲ့ Remax ထက် ROCK ကိုပိုပြီး ဦးစားပေးရွေးစေချင်ပါတယ်

Cable ဝယ်ရန် – http://bit.ly/ROCKCable

ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာ Admin recommend ပေးချင်တဲ့ MFi Certified Brand တွေပဲဖြစ်ပါတယ် .. Ugreen Myanmar, Baseus Myanmar တို့လို Brand တွေလဲ Official ဝင်ပေမယ့် Post ရှည်မှာစိုးလို့ထည့်မရေးတော့ပါဘူး .. အဲ့ Brand 2 ခုကိုလဲ Admin recommend လုပ်ပါတယ်နော် .. တခြား Belkin, Morphie တို့လို Brand တွေကတော့ မြန်မာပြည်မှာတွေ့ရနည်းတာကြောင့် ထည့်မရေးတော့ပါဘူး

မှတ်ချက် .. အခုလက်ရှိဖော်ပြထားတဲ့ Link တွေအကုန်လုံးက iPhone 8 နဲ့အထက်မှာစတင်အသုံးပြုလို့ရတဲ့ Fast Charge (PD) အားသွင်းတဲ့ Accessories တွေပဲဖြစ်ပါတယ် … iPhone 8 အောက်ပိုင်း Model တွေအတွက်လဲ အဆိုပါ Brand တွေမှာ Accessory တွေထုတ်ထားတာရှိလို့ မဝယ်ခင်မှာ ကိုယ့်ဖုန်းနဲ့ကိုက်ညီမယ့် Accessory ကိုသေချာမေးပြီးမှဝယ်ယူကြပါ