စိတ်ချရတဲ့ Apple Accessories (Cables) တွေဘယ်လိုဝယ်မလဲ?

UNICODE

ကျွန်တော်အခုပြောပြချင်တာကတော့ မိမိတို့ရဲ့ iDevice တွေမှာသုံးတဲ့ အားသွင်းကြိုးအပြင် တခြားသော Accessory တွေကိုဘယ်လိုရွေးဝယ်မလဲ . ဘယ်ဟာတွေက iPhone, iPad တွေအတွက် စိတ်ချရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်

မိမိတို့ iPhone, iPad တွေမှာပါတဲ့ Original lightning cable က အထိအခိုက်မခံပါဘူး .. ဂရုတစိုက်သုံးရင်တောင်မှ ကြိုးပေါက်ပြဲတာတို့ဘာတို့ဖြစ်နိုင်ပါတယ် .. အဲ့အခါ User တွေက တွေ့ကရာ တရုတ်ကြိုးတွေနဲ့ ပြဿနာကိုဖြေရှင်းတတ်ကြပါတယ် .. တန်ဖိုးနည်း အားသွင်းကြိုးတွေက MFi certified မဟုတ်လို့ Battery ကို Damage ဖြစ်စေပါတယ် .. ဒါကြောင့် Original ကြိုးလေးကို ဂရုတစိုက်ကိုင်ကြဖို့လိုပါလိမ့်မယ်

Damaged Cables (Source: Quora)

ဒါဆိုရင် MFi ကဘာလဲ .. MFi ရဲ့အရှည်ကတော့ Made for iPhone/iPod/iPad ပဲဖြစ်ပါတယ်.. MFi ဆိုတာက Apple ရဲ့ 2012 မှာစတင်ခဲ့တဲ့ Certification program တစ်ခုပါ .. သူကတော့ ဒီ iDevice တွေနဲ့ ပတ်သက်တဲ့ Accessory တွေကို စစ်ဆေးပြီး iDevice တွေနဲ့သင့်လျော်မှုရှိမှသာပေးသော Certificate ပဲဖြစ်ပါတယ်

Certificate လိုချင်တဲ့ Developers တွေ Company တွေက Apple ကိုသူတို့ရဲ့ Product plan တွေ Designs တွေအပြင် Packing ထုတ်ပိုးမှုကအစ တင်ပြရပါတယ် .. MFi certified products တွေထုတ်တဲ့အခါ processing time ကြာပြီး ထုတ်လုပ်ရတဲ့အဆင့်တွေကလဲရှုပ်ထွေးပါတယ် .. အားသွင်းကြိုးတိုင်းအတွက် Apple ကချပေးထားတဲ့ မတူညီတဲ့ Serial Key တခုစီ တပ်ထားပေးရပါတယ် .. Production ပြီးသွားရင် Apple ကို Sample unit တွေပို့ပေးပြီးအစစ်ဆေးခံရပါတယ် ပြီးမှသာ MFi certified ဖြစ်တာပါ

ဒီတော့ မိမိတို့ Original ပစ္စည်းတွေပျောက်ပျက်သွားတဲ့အခါ အခြား Third party accessory တွေဝယ်သုံးတော့မယ်ဆိုရင် MFi Certified တံဆိပ်ပါမှဝယ်ပါ .. မပါခဲ့ရင် မိမိရဲ့ တန်ဖိုးကြီး Device တွေကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်

နောက်ပြီးတော့ မိမိဖုန်းမှာ အားသွင်းကြိုးထိုးလိုက်လို့- “This cable or accessory is not certified and may not work reliably with this iPhone” ဒါမှမဟုတ် “This accessory may not be supported” ဆိုတဲ့ error message ပေါ်လာရင် MFi ပါတဲ့ အားသွင်းကြိုးချက်ချင်းပြောင်းအသုံးပြုဖို့ အကြံပေးပါရစေ

Source: MacRumors

ကိုယ်သုံးနေတဲ့ Accessory က MFi Certified ဟုတ်မဟုတ်သိချင်ရင် ဒီ link မှာ model no နဲ့သွားကြည့်လို့ရပါတယ်.. လက်ရှိမြန်မာနိုင်ငံထဲက အကောင်းဆုံး MFi Third-party accessories တွေကို ဒီ Link မှာ သွားကြည့်လို့ရပါတယ် – https://www.pyaeheinnkyaw.tech/best-apple-accessory-available-in-myanmar/

MFi certified ဖြစ်တဲ့ product တွေမှာ ဘူးခွံမှာ Made for iPhone/iPad/iPod ဆိုတဲ့စာသားလေးကပ်ခွင့်ရပါတယ် .. အောက်ကပုံကိုကြည့်ပါ

MFi Logo (Source: Beta News)

Original accessory ပဲသုံးချင်တဲ့လူတွေကတော့ Apple Store ကပဲတိုက်ရိုက်ဝယ်ပါ .. ASEAN နိုင်ငံတွေထဲက Thai နဲ့ Singapore မှာပဲ တရားဝင် Apple Store ရှိပါတယ် (Authorized တွေကိုပြောတာမဟုတ်ပါ)

ဒီလောက်ဆိုရင် စိတ်ချရတဲ့ Accessory တွေကိုဘယ်လိုရွေးဝယ်ရမလဲဆိုတာ သိသွားပြီထင်ပါတယ်