iPhone တွေမှာ Dual Sim နဲ့ eSim ဘာကွာလဲ

UNICODE

ကျွန်တော်တို့ iPhone တွေဝယ်တော့မယ်ဆိုရင် တော်တော်များများက Dual Sim ဝယ်ရမလား .. eSim ဝယ်ရမလားဆိုပြီး ဝေဝါးနေကြပါတယ်

ဒီတော့ Dual Sim, eSim ဆိုတဲ့ အသုံးအနှုန်းကိစ္စကိုစပြီးရှင်းလိုက်ကြရအောင်

2018 September မှာ Apple က iPhone XS, XS Max, XR 3 မျိုးကိုကြေငြာခဲ့ပြီး အဲ့ 3 မျိုးလုံးက Dual Sim Support ဖြစ်တယ်လို့ဆိုပါတယ် .. အခု 2019 ထုတ် iPhone 11, Pro, Max တို့မှာလဲ Dual Sim Support ပေးတာဖြစ်ပြီး နောက်ထွက်မယ့် iPhone တွေလဲ Dual Sim support ပေးမှာဖြစ်ပါတယ်

Dual Sim နဲ့ eSim က ဘယ်လိုကွာတာလဲ?

2018, 2019 မှာထွက်သမျှ iPhone အလုံးတိုင်းဟာ တလုံးမကျန် Dual Sim ရပါတယ် .. Dual Sim နဲ့ eSim ဆိုတဲ့ အသုံးအနှုန်းကို ဘယ်အရူးကစထွင်လိုက်လဲမသိပါဘူး -,-

တရုတ်, ဟောင်ကောင်, မကာအိုအတွက် ထုတ်တဲ့ iPhone တွေဟာ Physical Dual Sim လို့ခေါ်တဲ့ Sim card 2 ကဒ် ထည့်သုံးရတဲ့ iPhone အမျိုးအစားတွေဖြစ်ပါတယ်

Photo : Apple Support (Physical Dual Sim)

ကျန်တဲ့ Region iPhone မှန်သမျှဟာ Physical 1 ကဒ်နဲ့ eSim 1 ကဒ်အသုံးပြုရတဲ့ Physical + eSim iPhone တွေပဲဖြစ်ပါတယ်

ဒီတော့ ထွက်သမျှ iPhone တိုင်းဟာ Dual Sim ဖြစ်ပြီဆိုတာကိုနားလည်မယ်ထင်ပါတယ်

Apple အနေနဲ့တရုတ်တွေအတွက်သီးသန့် version ထုတ်ပေးရတယ်ဆိုကတည်းက တရုတ်ဈေးကွက်ရဲ့ခိုင်မာမှုကို ခင်ဗျားတို့လဲ သဘောပေါက်မှာပါ

eSim ဆိုတာဘာလဲ?

eSim ဆိုတာကတော့ Embedded Sim ဒါမှမဟုတ် Electronic Sim လို့ အဓိပ္ပာယ်ရပါတယ် .. ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကျ Sim card တွေဟာ Physical Sim လို့ခေါ်ပြီး ဒီ Physical Sim ကိုအသုံးပြုမယ်ဆိုရင် Sim Card ကိုဖုန်းထဲထည့်သွင်းထားရပါတယ်

ဖုန်းတမျိုးနဲ့တမျိုးလဲ Sim card slot အရွယ်အစားမတူလို့ Nano Sim, Micro Sim စသဖြင့် Sim card အရွယ်အစားမျိုးစုံလဲရှိပါတယ် .. ဒီတော့ eSim ဆိုတာ Physical Sim လို Sim card ကြီးဖုန်းထဲထည့်ထားစရာမလိုတဲ့ Embedded Sim ပဲဖြစ်ပါတယ် ..

လက်ရှိမြန်မာနိုင်ငံမှာ eSim Support ပေးတဲ့ carrier ဆိုလို့ MyTel တခုတည်းသာရှိပြီး လက်ရှိမှာ MyTel ကိုယ်တိုင်ကိုက eSim အရောင်းပိတ်ထားတယ်လို့သိရပါတယ်

ဒီတော့ သင်သာ တရုတ်ပြည်အတွက်ထုတ်ထားတဲ့ Physical Dual Sim ကိုအသုံးပြုမယ်ဆို Sim Card 2 ကဒ်လုံးထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွက်တရားဝင် ဝင်ရောက်လာတဲ့ eSim တွေကိုအသုံးပြုမယ်ဆိုရင်တော့ Sim Card 1 ကဒ်ကို ပုံမှန်ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်

အကယ်လို့ MyTel ကသာ eSim ကိုပြန်အရောင်းဖွင့်မယ် ဒါမှမဟုတ် တခြား Carrier တွေကသာ eSim ကို မိတ်ဆက်လာမယ်ဆိုရင် သင့်ရဲ့ eSim iPhone မှာ Dual Sim အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်

eSim ရဲ့အားသာချက်တွေ, Physical Dual Sim ရဲ့ အားနည်းချက်တွေကိုသိချင်ရင် အောက်ပါ Post မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်

Link – https://www.pyaeheinnkyaw.tech/benefits-of-esim/