A$400 တန် Beats free ပေးမယ့် အပြင် Product ကိုပါဈေးလျှော့ပေးမယ့် Apple ရဲ့ Back to School အစီအစဉ်

UNICODE

Back to School Program အကြောင်းမပြောခင် Apple Education Pricing အကြောင်းပြောပြပါမယ် .. တက္ကသိုလ်/ကောလိပ်ကျောင်းသားတွေ, ကျောင်းဆရာတွေ အနေနဲ့

MacBook (Pro, Air), iMac, iMac Pro, Mac Pro, Mac Mini,

iPad Pro, iPad Air, iPad, iPad Mini တွေကိုဝယ်ယူမယ်ဆိုရင် သာမန်လူတွေထက် 10% လျှော့ပေးမှာပါ ..

ဥပမာပြောရရင် အသစ်ထွက်တဲ့ 16-inch MacBook Pro (i9, 1TB) version က Australia မှာ A$4,400 ရှိပါတယ် .. ဒါပေမယ့် အကျုံးဝင်တဲ့ ကျောင်းသားတွေ ဆရာတွေဝယ်ယူမယ်ဆိုရင် $4,000 နဲ့ ရရှိမှာဖြစ်ပါတယ် …

ဒါဟာ Hardware ဝယ်ယူမှုအတွက် 10% off ရတာပါ .. တခြား Software ပိုင်းတွေဖြစ်တဲ့ AppleCare+ ကိုလဲ 10% off အနေနဲ့ဝယ်ယူရရှိနိုင်သလို Apple Music ကိုလဲ Student Plan နဲ့ဆို 50% ရရှိမှာဖြစ်ပါတယ် ..

သာမန်လူတွေအနေနဲ့ Apple Music အတွက် တလကို USD 10 လောက်သုံးနေရချိန်မှာ ကျောင်းသားတွေအတွက်ကတော့ USD 5 နဲ့ရရှိမှာပါ .. Apple Music ကို Student Plan နဲ့ဝယ်ထားသရွေ့ AppleTV+ ကိုလဲ Free ပေးသွားဦးမှာဖြစ်ပါတယ် ..

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး .. Final Cut Pro X, Logic Pro X, Motion 5, Compressor 4, Main Stage 3 စတဲ့ Software ကိုလဲ Pro Apps Bundle for Education ဆိုပြီး Bundle အလိုက်ဈေးသက်သက်သာသာဝယ်ယူလို့ရဦးမှာဖြစ်ပါတယ် .. AppleCare+ ဆိုတာဘာလဲမသိသေးတဲ့လူတွေအနေနဲ့ ပေးထားတဲ့ link မှာသွားဖတ်နိုင်ပါတယ် – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

Back to School Program ဆိုတာကတော့ အပေါ်မှာဖော်ပြထားတဲ့ ကျောင်းသားတွေ ကျောင်းဆရာတွေ ကျောင်းပြန်တက်ချိန်မှာ Promotion ပေးတဲ့သဘောပါပဲ

ဒီ Program ဟာ နှစ်စဉ်ကျင်းပတာဖြစ်ပေမယ့် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံပေါ်မူတည်ပြီး ကျင်းပတဲ့အချိန်ကွာခြားပါတယ် .. ဥပမာ Australia မှာ January ကနေ March ထိကျင်းပတာဖြစ်ပေမယ့် US မှာဆို July ကနေ September ထိကျင်းပတာဖြစ်ပါတယ် ..

နိုင်ငံအလိုက် Promotion ကာလကို ဒီမှာသွားဖတ်နိုင်ပါတယ် – https://www.pyaeheinnkyaw.tech/what-and-when-is-apple-back-to-university-program/

ဒီ Promotion ကာလမှာဝယ်မယ်ဆိုရင် အကျိုးကျေးဇူး 3 ခုရရှိမှာဖြစ်ပါတယ် .

1. အပေါ်မှာဖော်ပြထားတဲ့ Education Pricing ဈေးအတိုင်းဝယ်ယူလို့ရမယ်

2. သက်ဆိုင်ရာ Product အတွက် AppleCare+ ထပ်ဝယ်ရင် AppleCare+ အတွက် 20% off ထပ်ရမယ်

3. ဝယ်ယူတဲ့ Product အလိုက် Beats Earphone/Headphone တွေကို Free ရရှိမယ်

သူတို့ Free ပေးမယ့် Beats တွေဟာ A$400 လောက်ထိတန်ဖိုးရရှိပါတယ် .. အောက်ကပုံကိုကြည့်ပါ .. ဘယ် Mac မဆိုဝယ်တဲ့လူတိုင်း Beats Solo3 Wireless On-Ear HeadphonesPowerBeats3 Wireless EarphonesBeats Studio3 Wireless Headphones ၃ မျိုးထဲက ကြိုက်နှစ်သက်ရာတမျိုးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်

iPad ဝယ်တဲ့လူတွေအနေနဲ့က PowerBeats3 Wireless EarphonesBeats Solo3 Wireless On-Ear HeadphonesBeats Studio3 Wireless Headphones 3 မျိုးက ကြိုက်နှစ်သက်ရာတခုကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်

ဒီလို Education Pricing/Back to School Program တွေနဲ့ဝယ်ယူတော့မယ်ဆိုရင် မိမိရဲ့ University ကပေးထားတဲ့ Email နဲ့ UNiDAYS မှာ ကျောင်းသားဖြစ်ကြောင်း verify လုပ်ရပါတယ် .. ပြီးတော့မှဝယ်လို့ရတာပါ .. ဒီတော့ဒီ Program ဟာမြန်မာနိုင်ငံက Uni Student တွေအတွက် အကျုံးမဝင်သေးဘူးလို့သတ်မှတ်လို့ရပါတယ် .. တကယ်လို့ ဝယ်ချင်တယ်ဆိုရင် Foreign University တက်နေတဲ့ အသိမိတ်ဆွေကိုအကူအညီတောင်းမှပဲရပါမယ် .. နောက်တခုက ဒီ Pricing, Promotion နဲ့ ဝယ်ချင်တိုင်းဝယ်လို့မရပါဘူး .. တနှစ်မှာ

MacBook Pro – 1 လုံး

MacBook Air – 1 လုံး

iMac Pro – 1 လုံး

iMac – 1 လုံး

Mac Pro – 1 လုံး

Mac Mini – 1 လုံး

iPad – 2 လုံး သာဝယ်ယူလို့ရမှာဖြစ်လို့ အရေအတွက်ကန့်သတ်ထားတယ်လို့ဆိုနိုင်ပါတယ် .. ဘာပဲဖြစ်ဖြစ် ကပ်စေးနဲ Apple ကနေ free ကြိတ်လို့ရမယ့်နည်းလမ်းကိုသိသွားပြီဖြစ်လို့ international university မှာကျောင်းတက်နေတဲ့ သူငယ်ချင်းကို အပူကပ်လို့ရပြီပေါ့ :DD

Pyae Heinn Kyaw