AirPods Free ရမယ့် Apple ရဲ့ Back to University (or School) Program အကြောင်း

UNICODE

Back to School Program အကြောင်းမပြောခင် Apple Education Pricing အကြောင်းပြောပြပါမယ် .. ဒီနှစ်ခုကမတူလို့ပါ .. တက္ကသိုလ်/ကောလိပ်ကျောင်းသားတွေ, ကျောင်းဆရာတွေ အနေနဲ့

– MacBook (Pro, Air), iMac, iMac Pro, Mac Pro, Mac Mini,

– iPad Pro, iPad Air, iPad, iPad Mini တွေကိုဝယ်ယူမယ်ဆိုရင် သာမန်လူတွေထက် 10% လျှော့ပေးမှာပါ .. ဒီ 10% Promotion ကတစ်နှစ်ပတ်လုံးရှိပါတယ်

Back to University (or School) Program ဆိုတာကတော့ အပေါ်မှာဖော်ပြထားတဲ့ ကျောင်းသားတွေ ကျောင်းဆရာတွေ ကျောင်းပြန်တက်ချိန်မှာ Apple Devices တွေဝယ်ရင် ပုံမှန်ရနေကျ 10% လျှော့ဈေးအပြင် AirPods Free ပါပေးတဲ့ Promotion သဘောပါပဲ ..  Back to University Program က တစ်နှစ်မှာ ၃ လလောက်ပဲလုပ်တဲ့ Program ပဲဖြစ်ပါတယ်

ဒီ Program ဟာ နှစ်စဉ်ကျင်းပတာဖြစ်ပေမယ့် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံပေါ်မူတည်ပြီး ကျင်းပတဲ့အချိန်ကွာခြားပါတယ် .. ဥပမာ Australia မှာ January ကနေ March ထိကျင်းပတာဖြစ်ပေမယ့် US မှာဆို July ကနေ September ထိကျင်းပတာဖြစ်ပါတယ် .. ဒီ Promotion ကာလမှာဝယ်မယ်ဆိုရင် အကျိုးကျေးဇူး 3 ခု ရရှိမှာဖြစ်ပါတယ် .

1. အပေါ်မှာဖော်ပြထားတဲ့ 10% off Education Pricing ဈေးအတိုင်းဝယ်ယူလို့ရမယ်

2. သက်ဆိုင်ရာ Product အတွက် AppleCare+ ထပ်ဝယ်ရင် AppleCare+ အတွက် 20% off ထပ်ရမယ်

3. ဝယ်ယူတဲ့ Product အလိုက် AirPods ကို Free ရရှိမယ်

ဒီလို Education Pricing/Back to School Program တွေနဲ့ဝယ်ယူတော့မယ်ဆိုရင် မိမိရဲ့ University ကပေးထားတဲ့ Email နဲ့ UNiDAYS မှာ ကျောင်းသားဖြစ်ကြောင်း verify လုပ်ရပါတယ် .. တချို့နိုင်ငံတွေမှာတော့ UNiDAYS မလိုပဲတန်းဝယ်လို့ရပါတယ် .. Google မှာ “Apple Education Store” လို့ရိုက်ရှာပြီး UNiDAYS  လိုမလိုကြည့်ပြီးဝယ်လို့ရပါတယ် .. တကယ်လို့ ဝယ်ချင်တယ်ဆိုရင် Back to University Promotion ရှိတဲ့နိုင်ငံမှာ ကျောင်းတက်နေတဲ့ အသိမိတ်ဆွေကိုအကူအညီတောင်းမှပဲရပါမယ် .. နောက်တစ်ခုက ဒီ Pricing, Promotion နဲ့ ဝယ်ချင်တိုင်းဝယ်လို့မရပါဘူး .. တစ်နှစ်မှာ

MacBook Pro – 1 လုံး

MacBook Air – 1 လုံး

iMac Pro – 1 လုံး

iMac – 1 လုံး

Mac Pro – 1 လုံး

Mac Mini – 1 လုံး

iPad – 2 လုံး သာဝယ်ယူလို့ရမှာဖြစ်လို့ အရေအတွက်ကန့်သတ်ထားတယ်လို့ဆိုနိုင်ပါတယ် .. ဘာပဲဖြစ်ဖြစ် ကပ်စေးနဲ Apple ကနေ free ကြိတ်လို့ရမယ့်နည်းလမ်းကိုသိသွားပြီဖြစ်လို့ international university မှာကျောင်းတက်နေတဲ့ သူငယ်ချင်းကို အပူကပ်လို့ရပြီပေါ့ :DD

ဒီအောက်မှာတော့နိုင်ငံအလိုက် Promotion ကာလတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်

January to March

– Australia

– New Zealand

– South Korea

– Brazil

June to September

– United States

– Canada

July to September (or October in Europe)

– United Kingdom

– Ireland

– France

– Germany

– Italy

– Spain

– Austria

– Denmark

– Finland

– Norway

– Sweden

– Switzerland

– Belgium

– Poland

– Portugal

– Czech Republic

– Netherlands

– Russia

– Turkey

– United Arab Emirates

– Hong Kong

– China

– Taiwan

– Singapore 

– Thailand

မှတ်ချက်။ ။Mexico နဲ့ Japan တို့မှာ Back to University Program ကို 2020 နောက်ဆုံးလုပ်သွားတာဖြစ်ပြီး 2021 မှာဆက်မလုပ်တော့တာကိုတွေ့ရပါတယ် .. 2020 လုပ်သွားတုန်းကတော့ Promotion ကာလဟာ Mexico မှာ July မှစတင်ပြီး Japan မှာ February မှစတင်တာဖြစ်ပါတယ်