iOS Beta တင်မယ့်လူတွေအတွက် သတိပေးစာ .. Beta မတင်ခင် ပြင်ဆင်သင့်သည့်အချက်များ

UNICODE

Apple ဟာ WWDC ပြီးတာနဲ့ iOS Developer Beta တွေကိုချက်ချင်းထုတ်ပေးလေ့ရှိပါတယ်

ဒီတော့ Developer Beta မတင်ခင် Developer Beta ဆိုတာဘာလဲ ပြောပြပါမယ် .. Developer Beta ဆိုတာ Application ရေးသားတဲ့ Developer တွေအတွက် ထုတ်ပေးထားတာဖြစ်ပြီး သာမန်လူတွေအတွက် မဟုတ်ပါဘူး .. Developer Beta တင်ဖို့အတွက် Developer Beta profile ရှိဖို့လိုပါတယ် .. အဲ့ Profile က Apple Developer Account ရှိထားမှအဆင်ပြေတာပါ ..

သို့ပေမယ့် https://betaprofiles.com/ တို့လို Website တွေကနေ Developer Beta Profile download လုပ်နိုင်ပါတယ် .. အဲ့ကနေတဆင့် Developer Beta ကို တရားမဝင်တဲ့နည်းနဲ့ သွင်းနိုင်တယ်ပေါ့ဗျာ

Developer Beta ဟာ Error အရမ်းများပါတယ် .. သာမန်လူတွေသုံးဖို့ထုတ်ပေးထားတဲ့ Public Beta ထက်ကို ပိုပြီး Error များတာပါ .. ဒါကြောင့် Developer Beta ကိုမတင်ဖို့ အကြံပေးချင်ပါတယ်

Developer Beta ထွက်ပြီး မကြာခင်မှာ Public Beta ထွက်လာမှာပါ .. iOS 13 တုန်းကတော့ Developer Beta ထွက်ပြီး 3 ပတ်အကြာမှာ Public Beta ထွက်ပါတယ် .. အရမ်းကိုတင်ချင်သပဆိုရင် iOS Beta တိုင်းကို Public Beta ကိုပဲတင်ဖို့အကြံပြုချင်ပါတယ် .. Public Beta ဆိုတာကတော့ သာမန်လူတွေအသုံးပြုဖို့ ထုတ်ပေးထားတာဖြစ်ပါတယ်

ဘာပဲဖြစ်ဖြစ် iOS Official Release မဟုတ်သေးပဲ Beta ပဲဖြစ်နေတဲ့အတွက်ကြောင့် Error တွေကတော့ ပါနေဦးမှာပါ .. Error တက်တာမကြိုက်ဘူး Stable ပဲဖြစ်ချင်တယ်ဆိုရင် လက်ရှိ iOS မှာပဲနေကြပါ .. iOS Version တွေတရားဝင်ထွက်မယ့် September လထိစောင့်တာအကောင်းဆုံးပါပဲ

Beta တင်မယ့်လူတွေပြင်ဆင်သင့်သည့် အချက်များ

iOS Official release ကိုမစောင့်နိုင်လို့ Public Beta တင်မယ်ဆိုရင်လဲ Backup အရင်လုပ်ထားပါ .. iOS Beata တင်လိုက်မှ တက်လာတဲ့ error တွေကို သည်းမခံနိုင်လို့ iOS အဟောင်းကိုပြန်ဆင်းမယ်ဆိုရင် Data အကုန်ပျက်မှာဖြစ်လို့ Backup လုပ်ထားတာကောင်းပါတယ်

အကောင်းဆုံးကတော့ Computer မှာ Backup လုပ်တာပါပဲ .. iTunes Backup လုပ်နည်းကို ဒီ Post မှာသွားဖတ်ပါ – https://www.pyaeheinnkyaw.tech/itunes-backup/

မိမိဖုန်းထဲမှာ ပျက်လို့မရတဲ့ အရေးကြီး Data ရှိတဲ့လူတွေ iOS Beta ကို လုံးဝ လုံးဝ မတင်ဖို့ အကြံပြုချင်ပါတယ်

ကဲ .. ဒီတော့ WWDC 202* ကို Backup လေးလုပ်ရင်း ရင်ခုန်စွာစောင့်မျှော်ကြလိုက်ရအောင်

Pyae Heinn Kyaw