iPhone တွေမှာ ဂိမ်းဆော့နေတဲ့အချိန် Screen မှိန်သွားတာကို ဘယ်လိုဖြေရှင်းကြမလဲ?

UNICODE

သင်သာ PUBG Mobile Player တယောက်ဆိုရင် iPhone တွေမှာ ဂိမ်းဆော့နေတဲ့အချိန် Screen မှိန်သွားတာကို သေချာပေါက်ကြုံတွေ့ဖူးမှာပါ .. ဒီလိုပြဿနာမျိုးက ဘာကြောင့်ဖြစ်တာလဲ?

အရင်ဆုံး Auto Brightness, True Tone, Night Shift, Low Power Mode စတာတွေကို ပိတ်ထားပြီးမှ ဂိမ်းဆော့ကြည့်ပါ .. အဲ့ဒါကိုတောင်မှ ဆက်ပြီး မှိန်နေသေးတယ်ဆိုရင်တော့ သင့်ကိုအနည်းငယ်ရှင်းပြဖို့လိုပါပြီ

ဒီလိုမျိုး မှိန်တဲ့ပြဿနာမျိုးဟာ ဖုန်းပူလာတဲ့အချိန်မှာ ဖြစ်တာပါ .. iOS ရဲ့ Overheating မဖြစ်အောင် ကာကွယ်ပေးတဲ့ feature က တမင်လုပ်ပစ်လိုက်တာလို့ ယူဆလို့ရပါတယ်

ဖုန်းတွေကို အလွန်အမင်းပူစေတဲ့ ပြဿနာရဲ့တရားခံက power အလွန်အကျွံသုံးစွဲတာပါ .. ဒီတော့ ဖုန်းပူလာတဲ့အခါ Overheating မဖြစ်အောင် ပါဝါစားတဲ့ အရာတွေကို iOS လိုက်လျှော့ချပါတယ်

အရင်ဆုံးလျှော့ချလိုက်တာက Screen Brightness ပါ .. ဘယ်မှာမှသွားပိတ်လို့လဲမရပါဘူး .. ဖုန်းပူတာနဲ့ Screen မှိန်လာမယ် ဒါပါပဲ .. ဒါတောင်မှဆက်ပြီးပူနေသေးရင် ပါဝါစားတာရဲ့အဓိက တရားခံဖြစ်တဲ့ SoC ရဲ့ Performance ကိုသွားလျှော့ချပစ်ပါတယ်

ဒီအတွက် PUBG လို game မျိုးဆော့နေရင်း screen မှိန်တဲ့အပြင် frame rate ကျပြီး ထစ်လာတာကိုပါ ကြုံတွေ့ရမှာပါ .. အလွန်အမင်းပူခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ Flash မီးဖွင့်မရခြင်း .. Internet လိုင်းကျခြင်းစတာတွေပါ ပါဝင်ပါတယ်

ကဲ ဒီတော့ မပူအောင်ဘယ်လိုထိန်းချုပ်ကြမလဲ?

ရာသီဥတုပူရင် ဂိမ်းမဆော့ပါနဲ့ .. အဲကွန်းခန်းထဲဝင်ဆော့ရင်ဆော့ပါ .. ပြီးရင်ဖုန်းကာဗာချွတ်ပြီးဆော့ပါ .. နောက်တချက်က အားသွင်းရင်းဆော့ရင်လဲ ဖုန်းပူတတ်ပါတယ် .. ဒါတောင်မှ ဆက်ပြီးပူနေသေးရင်တော့ Admin ဖြေရှင်းတဲ့ နည်းလမ်း ၂ လမ်းရှိပါတယ်

ပထမနည်းလမ်းကတော့ Baseus ကထုတ်ထားတဲ့ ဖုန်းအတွက် လေပေးတဲ့ Fan လေးတပ်ဆော့တာပါ .. တကယ်မိုက်ပါတယ် .. အပူလုံးဝသက်သာလို့ Screen မှိန်တဲ့ ပြဿနာမျိုးမရှိတော့ပါ .. တကယ်လို့ အဲ့ဒီ fan လေးမေ့ခဲ့တယ် ဆိုရင်တော့ Tissue ကိုရေစွတ်ပြီး ဖုန်းနောက်မှာကပ်ပြီးဆော့ပါတယ်

Admin ကတော့ Baseus fan လေးကို အောက်က Page ကနေဝယ်တာပါ .. 2018 တုန်းကဝယ်ထားတာဖြစ်ပြီး 18,000  ဝန်းကျင်ပေးခဲ့ရပါတယ် .. ဒါမှမဟုတ် ကိုယ်တိုင် AliExpress ကနေဝယ်ယူနိုင်ပါတယ်

Facebook Page – https://www.facebook.com/8rayshop/

AliExpress Link – https://a.aliexpress.com/_sPwCBh

Baseus Cooling Fan