သင့် iPhone, iPad တွေမှာ Storage ပြည့်လာရင် လုပ်ရမယ့်အချက် 10 ချက်

UNICODE

ယနေ့ခေတ် Smartphone တွေရဲ့ Storage base model ဟာ အနည်းဆုံး 64GB ကနေစတတ်ကြပါတယ် .. ဒါတွေကလဲ ကျွန်တော်တို့ နေ့စဥ်အသုံးပြုတဲ့ Application တွေရဲ့ File size ကတဖြေးဖြေးကြီးလာတာတွေကြောင့်ဖြစ်ပါတယ် .. ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး .. Smartphone တလုံးရှိရုံနဲ့ 1 မိနစ်ကို 500MB ဝန်းကျင်လောက် နေရာယူတဲ့ 4K Video တွေပါ ရိုက်ကူးလာတာကြောင့်လဲဖြစ်ပါတယ်

ဒါကြောင့်လဲ Smartphone ထုတ်လုပ်သူတွေဟာ Base model ကို 16GB, 32GB တွေထုတ်လုပ်ရာကနေ 64GB ကိုပြောင်းလဲထုတ်လုပ်နေကြပေမယ့်  64GB ဟာလဲ လုံလောက်တဲ့ Option တခုမဟုတ်သေးပါဘူး

ဒါကြောင့် သင့် iPhone, iPad တွေမှာ Storage ပြည့်နေရင် ဘာလုပ်ရမလဲမသိဖြစ်တတ်ပါတယ် .. ဒါကိုဖြေရှင်းဖို့နည်းလမ်းအများကြီးရှိပါတယ် .. အောက်မှာကြည့်လိုက်ကြရအောင်

1. မလိုအပ်တဲ့ Photos/Videos တွေဖျက်ခြင်း

သင်ဟာမလိုအပ်ပဲ ဓာတ်ပုံတွေအများကြီး Save ထားတတ်သူဖြစ်တယ်ဆိုရင် ဒီလိုလိုက်ဖျက်ဖို့က သင့်အတွက်အတော်လေးခေါင်းခဲစရာပါပဲ

ဓာတ်ပုံတွေက 2 ပုံစီထပ်နေတယ်ဆိုရင်တော့ Duplicate Photo Cleaner App တခုခုကိုသုံးပြီးဖျက်တာပိုမြန်ပါလိမ့်မယ် .. သင့်အနေနဲ့ လုံးဝဖျက်လို့မရတဲ့ အရေးကြီးပုံတွေရှိတာပဲဖြစ်ဖြစ်ပဲ … အမှတ်တရအနေနဲ့သိမ်းထားချင်တဲ့ဓာတ်ပုံတွေရှိတာပဲဖြစ်ဖြစ် ဖုန်းထဲမှာသိမ်းမထားတာပိုကောင်းပါတယ်

ဒီနေ့ခေတ်လို Cloud Storage တွေပေါများနေတဲ့ခေတ်မှာ သင့်ဖျက်မရတဲ့ အရေးကြီးပုံတွေကို Cloud ပေါ်တင်ထားလိုက်ပါ

ရွေးချယ်စရာအနေနဲ့ Cloud Storage တွေအများကြီးရှိပါတယ် .. ကျွန်တော်အကြိုက်ဆုံး 2 ခုကတော့ iCloud နဲ့ Google Photos ပဲဖြစ်ပါတယ် .. iCloud က 5GB ပဲ Free ပေးတာဖြစ်လို့ မလုံလောက်ရင် ထပ်ဝယ်ရပါလိမ့်မယ် .. 50GB plan ကို တလမှ $0.99 ပဲကျပါတယ် .. စဥ်းစားကြည့်ပါ .. Storage ပိုများတဲ့ဖုန်းကို 2 သိန်း 3 သိန်းပိုပေးပြီး ရွေးချယ်နေမယ့်အစား iCloud Storage ဝယ်ထားရင် တနှစ်လုံးမှ $12 (မြန်မာငွေ 15,000) ဝန်းကျင်ပဲကျတော့မှာပါ

နောက်တခုက Google Photos .. Gmail account တခုရှိရုံနဲ့ ကိုယ့်ဓာတ်ပုံတွေကို Google Photos ပေါ် Unlimited free တင်ထားလို့ရပါတယ် .. ဒါပေမယ့် Free plan မှာ Original quality နဲ့တင်ပေးမှာမဟုတ်ပါဘူး .. ဒါကြောင့် Full quality လိုချင်ရင် Storage Plan ထပ်ဝယ်ရပါတယ် .. iPhone, iPad တွေအတွက်ကတော့ iCloud ကပိုပြီးအဆင်ပြေပါတယ်

2. မလိုအပ်တဲ့ Contacts/Music တွေဖျက်ခြင်း

ခေါင်းစဥ်အတိုင်းပါပဲ .. Contact တွေ select လုပ်ပြီး ဖျက်ချင်ရင်တော့ Zapya ကနေသွားလုပ်လို့ရပါတယ်

Apple Music သုံးတဲ့လူဆိုရင်တော့ Settings > Music > Optimize Storage ကိုဖွင့်ထားပေးလိုက်ပါ .. သင်နားမထောင်တဲ့သီချင်းတွေကိုအလိုအလျောက် ဖျက်ပေးသွားပါလိမ့်မယ်

3. မလိုအပ်တဲ့ Apps တွေဖျက်ခြင်း

Settings > iTunes & AppStore > Offload Unused Apps ကိုဖွင့်ပေးထားရင် သင်သိပ်မသုံးတဲ့ App တွေကိုအလိုအလျောက် ဖျက်ပေးသွားပါလိမ့်မယ် .. ဒါပေမယ့် App Data ကကျန်နေဦးမှာမလို့ သင်ဘယ်အချိန်မဆို App ကို Download လုပ်လိုက်တိုင်း မဖျက်ခင်က ထားရှိတဲ့ Settings တွေ, Files တွေအကုန် ပြန်ရမှာဖြစ်ပါတယ်

နောက်တချက်က လုံးဝမသုံးဖြစ်တဲ့ App တွေ ဥပမာ Podcast လိုဟာမျိုးတွေ Google Maps သုံးနေတဲ့လူဆို Apple Maps ကိုဖျက်ပစ်တာမျိုးတွေလုပ်ပါ

4. Storage နေရာယူတဲ့ App တွေဖျက်ခြင်း

Settings > General > iPhone Storage ကိုသွားကြည့်လိုက်ရင် Storage အများဆုံးယူထားတဲ့ App တွေကိုအစဥ်လိုက်တွေ့ရမှာဖြစ်ပါတယ် .. iOS မှာ Cache သီးသန့်ရှင်းလို့မရတော့ Facebook လို App တွေဟာ သုံးတဲ့အချိန်ကြာလာတာနဲ့အမျှ Size ပိုကြီးကြီးလာတတ်ပါတယ် .

အဆိုပါ Size ကြီးတဲ့ App တွေကို ဖျက်ပြီး ပြန် Down ခြင်းအားဖြင့် Storage နေရာလွတ်တွေ ပိုမိုရရှိလာနိုင်မှာပါ

5. မလိုအပ်တဲ့ Message conversation တွေဖျက်ခြင်း

Message app ထဲက conversation တွေ .. အထူးသဖြင့် ဖုန်း operator တွေကပို့တဲ့ မလိုအပ်တဲ့ Message တွေဖျက်ပစ်တာကလဲ သင့်ဖုန်းကိုနေရာလွတ်တွေ ပိုထွက်လာစေမှာပါ

6. Safari Cache တွေရှင်းခြင်း

Settings > Safari > Clear History and Website Data ကိုနှိပ်ပြီး Safari ကသိမ်းထားတဲ့ Storage တွေကိုရယူနိုင်ပါသေးတယ်

7. Voice Memos တွေဖျက်ခြင်း

သင်အသံသွင်းထားတာတွေ ဖျက်ပစ်လိုက်ပါ .. မဖျက်ခင်တော့ သေချာလေးစစ်ပေါ့နော် .. တော်ကြာ အရေးကြီး recording တွေမှားဖျက်မိရင် တိုင်ပတ်နေဦးမယ်

8. Reset all Settings

Settings > General > Reset > Reset all Settings လုပ်ပါ .. ဘာ data မှာမပျက်ပါဘူး .. Settings တွေသာ Default အတိုင်းပြန်ဖြစ်သွားမှာမလို့ Cache တွေ ပျက်သွားပြီး နေရာလွတ်တွေ ပိုထွက်လာပါလိမ့်မယ်

9. Storage တိုးခြင်း

ဖုန်းဆိုင်တွေမှာ 64GB ကနေ 128GB  ကိုတိုးပေးတဲ့ service တွေရှိပါတယ် .. ကျွန်တော်ကတော့ လုံးဝအားမပေးပါဘူး .. Storage တိုးပြီးရင်း ဖုန်းက နဂိုအတိုင်း ကောင်းတာရှားပါတယ် .. တတ်နိုင်သမျှ Storage တိုးတာကိုတော့ရှောင်ပါ

10.  နောက်ဆုံးလက်နက်

ဖုန်းအသစ်ဝယ်လိုက်ပါ

ဒီလောက်ဆို အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် .. အားလုံးပဲအဆင်ပြေကြပါစေ၊၊