UNICODE

Apple ဟာ iPhone တွေကို တင်ပို့တဲ့နိုင်ငံပေါ်မူတည်ပြီး Region Code ခွဲထားပါတယ် .. ဒီလိုခွဲထားလို့ iPhone တွေဟာ Quality ကွာခြားမှုရှိလားဆိုတော့ မရှိပါဘူး .. Apple ဟာ iPhone တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို သက်ဆိုင်ရာ Supplier တွေဆီကနေ ဝယ်ယူပြီး တရုတ်ပြည်မှာရှိတဲ့ Foxconn စက်ရုံမှာ တပ်ဆင်ပါတယ် .. အခုနောက်ပိုင်းတော့ Foxconn စက်ရုံဟာ India မှာပါ တည်ဆောက်ထားပြီဖြစ်ပြီး အနာဂတ် iPhone တွေကို India မှာတပ်ဆင်သွားတော့မှာပါ

ဒီစက်ရုံကနေထွက်လာတဲ့ iPhone တွေကို Apple က အရည်အသွေးစစ်ဆေးပြီး အောင်မြင်မှသာစျေးကွက်ကိုတင်ပို့တာဖြစ်ပါတယ် .. တကမ္ဘာလုံးကိုတင်ပို့နေတဲ့ iPhone တွေအကုန်လုံးနီးပါးက ဒီစက်ရုံကနေထွက်တာပါ .. ဒါကြောင့် Quality ကွာခြားမှုပိုင်းတော့မရှိပါဘူး

ဒါဆိုဘာလို့ Region တွေခွဲထားရတာလဲ?

နိုင်ငံတနိုင်ငံနဲ့တနိုင်ငံဟာ ဥပဒေတွေမတူညီပါဘူး … ဒါကြောင့်ဒီဥပဒေတွေအလိုက် Apple ရဲ့ Warranty Policy တွေအနည်းငယ် အပြောင်းအလဲရှိပါတယ် .. ဥပမာ Australia နိုင်ငံမှာဆို စားသုံးသူကာကွယ်ရေးဥပဒေအရ iPhone ဝယ်ထားတဲ့လူတွေဟာ ဝယ်ပြီး ၁၄ ရက်အတွင်း စိတ်ကျေနပ်မှုမရှိပါက Apple ကပြန်ပေးခွင့်ရှိရပါတယ် .. Apple ဟာလဲ ပိုက်ဆံအပြည့်ပြန်အမ်းပေးရမှာပါ .. US တို့ Singapore တို့မှာလဲဒီလိုဥပဒေမျိုးရှိပါတယ်

နောက်ပြီး ပလပ်ခေါင်း Standard တွေလဲမတူညီကြပါဘူး .. US မှာဆို 2-pin, Singapore မှာဆို 3-pin သုံးပါတယ် .. ဒါ့အပြင် Korea, Japan တို့မှာ ဓာတ်ပုံခိုးရိုက်လို့မရအောင် ကင်မရာ Shutter သံပိတ်မရအောင်လုပ်ထားရပါတယ် .. အာရပ်နိုင်ငံတွေမှာဆိုလဲ FaceTime သုံးမရအောင် ပိတ်ထားရပါတယ်

နောက်ပြီး တချို့နိုင်ငံတွေမှာ Regulatory Certification တွေကို iPhone ရဲ့ Body ပေါ်မှာ ရေးပေးထားဖို့လိုအပ်ပါတယ် .. iPhone 12 Series မှာဆိုရင်လဲ US အတွက် mmWave 5G ကိုသုံးပေးထားပြီး တခြားနိုင်ငံတွေအတွက် Sub 6 5G ကိုအသုံးပြုပေးထားရပါတယ် .. အစရှိသဖြင့် မတူညီတဲ့ ဥပဒေတွေကြောင့် Apple က Region တွေခွဲပြီးတင်ပို့ရတာဖြစ်ပါတယ်

Regulatory Certification

ကိုယ့် iPhone က ဘယ် Region လဲဆိုတာ ဘယ်လိုကြည့်ရမလဲ?

Settings > General > About ထဲသွားပြီး Model Number ရဲ့ နောက်ဆုံးစာလုံးကို ၁ လုံး သို့မဟုတ် ၂ လုံးကိုကြည့်ရပါမယ် .. ကြည့်တဲ့အခါ မျဥ်းစောင်း (/) ရဲ့ရှေ့က ဂဏန်းကိုပဲကြည့်ရမှာဖြစ်ပါတယ် .. မြန်မာမှာအတွေ့များရတာတွေကတော့ ZP, LL, ZA အစရှိသဖြင့်ဖြစ်ပါတယ် .. အဆိုပါစာလုံးတွေကိုအောက်ဖော်ပြပါ စာလုံးတွေနဲ့တိုက်ကြည့်ပြီး ဘယ် Region လဲဆိုတာ အလွယ်တူသိရှိနိုင်မှာဖြစ်ပါတယ်

လောလောဆယ် Region Code 86 ခုရှိပြီး Region Code တွေဟာ တနိုင်ငံနဲ့တနိုင်ငံထပ်နေတာကိုတွေ့ရပါတယ် .. အထူးသဖြင့် ဥရောပနိုင်ငံတွေပါ .. ကဲ အောက်မှာကြည့်လိုက်ကြရအောင် (English version ကို post အောက်ဆုံးမှာကြည့်နိုင်ပါတယ်)

A – ကနေဒါ

AB – ဆော်ဒီအာရေးဗျ, UAE, ကာတာ, ဂျော်ဒန်, အီဂျစ်

B – ယူကေ, အိုင်ယာလန်

BG – ဘူလ်ဂေးရီးယား

BR – ဘရာဇီးလ် (Assembled in Brazil)

BZ – ဘရာဇီးလ် (Assembled in China)

BT – ယူကေ

C – ကနေဒါ

CH – တရုတ်

CI – ပါရာဂွေး

CM – ဟန်ဂေရီ, ခရိုအေရှား

CR – ခရိုအေးရှား

CS – ဆလိုဗေးကီးရား, ချက်သမ္မတနိုင်ငံ

CN – ဆလိုဗေးကီးရား

CZ – ချက်သမ္မတနိုင်ငံ

D, DM – ဂျာမနီ

DN – သြစတြီးယား, ဂျာမနီ, နယ်သာလန်

E – မက္ကစီကို

EE – အက်စတိုးနီးယား

EL – အက်စတိုးနီးယား, လတ်ဗီးယား

ER – အိုင်ယာလန်

ET – အက်စတိုးနီးယား

F – ပြင်သစ်

FB – ပြင်သစ်, လူဇင်ဘတ်

FD – သြစတြီးယား, လက်ချင်စတိန်း, ဆွစ်ဇာလန်

FS – ဖင်လန်

GB – ဂရိ

GH – ဟန်ဂေရီ

GP – ပေါ်တူဂီ

GR – ဂရိ

HB – အစ္စရေး

HC – ဟန်ဂေရီ, ဘူလ်ဂေးရီးယား

IN – အိန္ဒိယ

IP – အီတလီ, ပေါ်တူဂီ

ID – အင်ဒိုနီးရှား

J, JP – ဂျပန်

K – ဆွီဒင်

KH – တောင်ကိုးရီးယား, တရုတ်

KN – ဒိန်းမတ်, နော်ဝေ

KS – ဖင်လန်, ဆွီဒင်

LA – ဂွါတီမာလာ, ဟွန်ဒူးရပ်စ်, ကိုလံဘီယာ, ကော်စတာရီကာ, ပီရူး, အယ်လ်ဆော်ဗေးဒိုး, အီကွေဒေါ, နီကာရာဂွါ, ဘာဘေးဒိုးစ်, ဒိုမီနီကန်, ပနားမား, ပေါ်တိုရီကို

LE – အာဂျင်တီးနား

LL – အမေရိကန်

LP – ပိုလန်

LT – လစ်သူယေးနီးယား

LV – လတ်ဗီးယား

LZ – ပါရာဂွေး, ချီလီ, ဥရုဂွေး

MG – ဟန်ဂေရီ

MM – မွန်တီနီဂရိုး, အယ်လ်ဘေးနီးယား, မက်ဆီဒိုးနီးယား

MY – မလေးရှား

ND – နယ်သာလန်

NF – ဘယ်လ်ဂျီယံ, ပြင်သစ်, လူဇင်ဘော့, ပေါ်တူဂီ

PK – ပိုလန်, ဖင်လန်

PL, PM – ပိုလန်

PO – ပေါ်တူဂီ

PP – ဖိလစ်ပိုင်

PY – စပိန်

QB – ရုရှား

QN – ဆွီဒင်, ဒိန်းမတ်, အိုက်စ်လန်, နော်ဝေ

QL – စပိန်, အီတလီ, ပေါ်တူဂီ

RO – ရိုမေးနီးယား

RP – ရုရှား

RR – ရှရှား, မော်လ်ဒိုဗာ

RS, RU – ရှရှား

RM – ရှရှား, ကာဇက်စတန်

RK – ကာဇက်စတန်

SE – ဆားဘီးယား

SL – ဆလိုဗေးကီးယား

SO – တောင်အာဖရိက

SU – ယူကရိန်း

T – အီတလီ

TA – ထိုင်ဝမ်

TH – ထိုင်း

TU – တူရကီ

TY – အီတလီ

VN – ဗီယက်နမ်

X – သြစတျေးလျ, နယူးဇီလန်

Y – စပိန်

ZP – စင်္ကာပူ

ZD – လူဇင်ဘော့, သြစတြီးယား, မိုနာကို, ဂျာမနီ, ပြင်သစ်, နယ်သာလန်, ဆွစ်ဇာလန်

ZG – ဒိန်းမတ်

ZO – ယူကေ

ZA – ဟောင်ကောင်, မကာအို

ZQ – ဂျမေကာ

iPhone Region 1
iPhone Region 2
iPhone Region 3

By Pyae Heinn Kyaw

Pyae is a Defensive Cyber Professional, currently working at one of Australia's largest energy retailer.