Welcome

iPhone တွေရဲ့ Face ID စနစ်က ဘယ်လိုအလုပ်လုပ်သလဲ? Face ID က စိတ်ချရရဲ့လား?

UNICODE

အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ Face ID အလုပ်လုပ်ပုံအကြောင်းနဲ့ Face ID ကဘယ်လောက်ထိ လုံခြုံစိတ်ချရတယ်ဆိုတာပါပဲ

Apple က 2017 September Event မှာ iPhone X ကိုစတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ iPhone X ဟာ Face ID စနစ်ကို ပထမဆုံး စတင်အသုံးပြုတဲ့ iPhone ဖြစ်လာခဲ့ပါတယ် .. Android တွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက Facial Unlock စနစ်တွေ ပါဝင်လာခဲ့တာဖြစ်ပြီး Apple က 2017 ကမှ ဒီစနစ်ကို အသုံးပြုတယ်ဆိုတော့ လူတော်တော်များများက ဝိုင်းလှောင်ခဲ့ကြတာကို မှတ်မိကြဦးမှာပါ

ဒါပေမယ့် Android တွေရဲ့ Facial Recognition နဲ့ Apple ရဲ့ Face ID အလုပ်လုပ်ပုံချင်း မတူကြသလို ဘယ်လောက်လုံခြုံစိတ်ချရလဲဆိုတဲ့ Security Level လဲမတူညီကြပါဘူး .. iPhone တွေဟာ iPhone X မတိုင်ခင်က Bio-metric Authentication System အနေနဲ့ Fingerprint (Touch ID) ကိုအသုံးပြုခဲ့ပါတယ်

ဒီ Touch ID ရဲ့ လုံခြုံရေးစနစ်ကောင်းမွန်မှုကြောင့် Apple Pay လိုအရာမျိုးကို လွယ်ကူစွာအသုံးပြုနိုင်တာဖြစ်ပါတယ် .. Apple Pay ဆိုတာကတော့ မိမိ iPhone ရဲ့ Wallet ထဲမှာ Bank Card တွေအပြင် တခြား Card တွေပါ ထည့်သွင်းထားနိုင်တာဖြစ်ပြီး မိမိ iPhone နဲ့တင် ငွေပေးချေမှုမျိုးပြုလုပ်နိုင်တာဖြစ်ပါတယ်

ငွေပေးချေတာအပြင် App တွေ Download ဆွဲတာ, Safari မှာ Password တွေ Auto-fill လုပ်တာ, Third-party App တွေအတွက် Login ဝင်တာ အစရှိတဲ့ ကိစ္စပေါင်းများစွာကို ဒီ Touch ID နဲ့ Face ID ကနေတဆင့် လုပ်ဆောင်ပေးတာဖြစ်လို့ ဒီ Touch ID နဲ့ Face ID တွေဟာ လုံခြုံစိတ်ချရဖို့ အလွန့်အလွန်အရေးကြီးတဲ့ ကိစ္စတခုပါပဲ

Face ID ဘယ်လို အလုပ်,လုပ်သလဲ?

Apple က Face ID ကို 3D အနေအထားနဲ့ အလုပ်,လုပ်စေတာဖြစ်ပါတယ် .. Face ID ပါတဲ့ iPhone တွေမှာ ထိပ်က Notch အကြီးကြီးပါဝင်တာကို သတိထားမိမှာပါ .. ဒီ Notch ထဲမှာ Infrared Camera, Flood Illuminator, Proximity Sensor, Ambient Light Sensor Speaker, Selfie Camera, Microphone, Dot Project ဆိုတဲ့ အစိတ်အပိုင်း 8 မျိုးလောက်ကို ထည့်သွင်းမြှုပ်နှံထားပြီး အဲ့ဒီ 8 မျိုးလုံးပါတဲ့ Camera စနစ်ကို TrueDepth Camera System လို့ခေါ်ဝေါ်ပါတယ်

Photo : Cnet

ဒီအစိတ်အပိုင်း 8 မျိုးထဲကမှ Parts 4 မျိုး ပေါင်းစပ်ပြီး Face ID အလုပ်လုပ်တာဖြစ်လို့ Face ID ကိုလှည့်စားဖို့ခက်ခဲပါတယ် .. ဥပမာ ဓာတ်ပုံပြပြီး Face ID ကိုကျော်ခွသွားတာတို့, သင့်မျက်နှာပုံစံကို ရာဘာနဲ့အတုလုပ်ပြီး Unlock လုပ်တာမျိုးစတဲ့ Bypass တွေကို တားဆီးဖို့ Apple အနေနဲ့ Hollywood ကနာမည်ကြီး Face Mask ပညာရှင်တွေနဲ့ပူးပေါင်းပြီး သူ့ရဲ့ Machine Learning စနစ်ကို Train ပေးခဲ့ရပါတယ်

Touch ID စနစ်ဟာ လူအယောက် 5 သောင်းမှာ 1 ယောက်တူညီနိုင်ချေရှိပြီးတော့ Face ID စနစ်က လူအယောက် 1 သန်းမှာ 1 ယောက်သာ တူညီနိုင်ချေရှိတာပါ .. ဒါကြောင့်လဲ Apple က Face ID စနစ်ကို စိတ်ချလက်ချသုံးရဲတာဖြစ်ပြီး Face ID စနစ်ဖြစ်လာဖို့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံ သုတေသနလုပ်ခဲ့ရတာဖြစ်ပါတယ်

Face ID ရဲ့အလုပ်လုပ်ပုံ အသေးစိတ်ကိုဆက်ပြောလိုက်ရအောင်

Face ID တခုစအလုပ်လုပ်ပြီဆိုအရင် အရင်ဆုံး Dot Projector က လူ့မျက်လုံးကနေမမြင်နိုင်တဲ့ အစက်ပေါင်း 3 သောင်းကျော်နဲ့ မျက်နှာတခုလုံးနေရာအနှံ့ ထိုးထားလိုက်ပါတယ် .. အဲ့ဒီနောက်မှာတော့ Infrared Camera က ဒီအစက်တွေကနေတဆင့် မျက်နှာပုံစံကို မှတ်သားထားပြီး မှတ်သားထားတဲ့ Data တွေကို A11, A12, 12X, 12Z, A13 စတဲ့ သက်ဆိုင်ရာ Chips ထဲက Neural Engine ထဲမှာရှိတဲ့ Secure Enclave ထဲကို mathematical model အနေနဲ့ သွားသိမ်းဆည်းထားပါတယ်

Secure Enclave ဆိုတာ register လုပ်ထားတဲ့ Touch ID နဲ့ Face ID စတဲ့ Bio-metric data နဲ့ Apple Pay Data တွေကို Encrypt လုပ်ပြီးသိမ်းပေးထားတဲ့ Hardware တခုပါပဲ .. ဒီလို Dedicated Hardware တခုထည့်ပေးလိုက်ခြင်းအားဖြင့် iOS ရဲ့ Kernel ကို exploit (hack) လုပ်နိုင်ခဲ့ရင်တောင်မှ User ရဲ့ Touch ID or Face ID data ကိုရမှာမဟုတ်တော့ပါဘူး .. သင့်ရဲ့ Face ID အချက်အလက်တွေဟာ ဒီ Secure Enclave ထဲမှာသိမ်းဆည်းထားတာဖြစ်ပြီး ဘယ် Server ကိုမှ ပို့ဆောင်သိမ်းဆည်းထားခြင်းမရှိလို့ Face ID Unlocking Process ဟာ On-device မှာပဲ SoC က Handle လုပ်ပြီး Authenticate လုပ်တာပါ

သင်ဟာ အမှောင်ထဲမှာရှိနေရင် ဒါမှမဟုတ် ဦးထုပ်, မျက်မှန်, မာဖလာ, မျက်ကပ်မှန် အစရှိတာတွေ တပ်ဆင်ထားရင်တောင်မှ သင်မှန်းသိရအောင်လို့ ကူညီပေးတဲ့အစိတ်အပိုင်းကတော့ Flood Illuminator ပဲဖြစ်ပါတယ်

Photo : HelpNetSecurity

အဲ့ဒီနောက်ပိုင်းမှာတော့ သင့်မျက်နှာကနေ နေ့စဥ်ပြောင်းလဲမှုများစွာကို Neural Engine က နေ့စဥ် Learn လုပ်နေမှာပဲဖြစ်ပါတယ် .. ဥပမာ နှုတ်ခမ်းမွှေးတွေရှည်လာတာမျိုး, မျက်မှန်တပ်လိုက်တာမျိုး, ဝက်ခြံထွက်လာတာမျိုး အစရှိသဖြင့်ပေါ့ .. ဒီ Face ID အလုပ်လုပ်တဲ့ Process ကြီး တခုလုံးကို Neural Network လို့ခေါ်ဆိုပြီး Apple အနေနဲ့ Neural Network ပေါင်းများစွာကို ကမ္ဘာ့နေရာအနှံ့မှာ စမ်းသပ်ပြီးမှ နောက်ဆုံးအဆင်ပြေတဲ့ ဒီ Neural Network ကိုရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်

ဒီ Neural Network ကို Face ID မှာတင်အသုံးချတာမဟုတ်ပဲ Animoji တို့လို Feature မျိုးနဲ့ပါ အပြည့်အဝအသုံးချတာဟာ Apple ရဲ့ ပါးနပ်မှုပါပဲ .. ဒါ့အပြင် Neural Network ကြောင့် Snapchat တို့လို Third Party App တွေဟာ Filter တွေကို တိတိကျကျ ပြုလုပ်ပေးလာနိုင်ပါတယ်

iPad တွေမှာဆို Face ID ကို အတည့်အနေအထားရော ဘေးစောင်းအနေအထားမှာပါ အသုံးပြုနိုင်ပြီး Attention Aware လို Feature မျိုးကြောင့် သင့်မျက်လုံးပိတ်နေစဥ်မှာ Unlock လုပ်လို့မရတာတွေ, ဖုန်းလာလို့ Ringtone သံလာတဲ့အခါ ဖုန်းကိုကြည့်လို်က်ရင် အလိုအလျောက်အသံတိုးပေးသွားတာ အစရှိတဲ့ Feature တွေကို အသုံးပြုနိုင်ပါတယ်

Apple ဟာ iPhone တွေရဲ့ ဘေးဘောင်တွေကို ကျဥ်းသထက်ကျဥ်းအောင် ဒီ Face ID ကိုအသုံးပြုခဲ့တာပဲဖြစ်ပါတယ် .. ဒါပေမယ့် Face ID မှာပါတဲ့ Components တွေကြောင့် Notch ကြီးကျန်နေဆဲဖြစ်ပြီး အနာဂတ်မှာဒီ Notch ကိုလုံးဝပျောက်အောင်ဖန်တီးရမှာပါ .. ဒီလောက်ဆို Face ID အလုပ်လုပ်ပုံနဲ့ Face ID ဟာဘယ်လောက်လုံခြုံစိတ်ချရလဲဆိုတာ သိရှိသွားလောက်ပါပြီ

Ref : Apple Support

ZAWGYI

အခုေျပာျပေပးသြားမယ့္ အေၾကာင္းအရာကေတာ့ Face ID အလုပ္လုပ္ပုံအေၾကာင္းနဲ႔ Face ID ကဘယ္ေလာက္ထိ လုံၿခဳံစိတ္ခ်ရတယ္ဆိုတာပါပဲ

Apple က 2017 September Event မွာ iPhone X ကိုစတင္မိတ္ဆက္ခဲ့ၿပီး အဆိုပါ iPhone X ဟာ Face ID စနစ္ကို ပထမဆုံး စတင္အသုံးျပဳတဲ့ iPhone ျဖစ္လာခဲ့ပါတယ္ .. Android ေတြမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက Facial Unlock စနစ္ေတြ ပါဝင္လာခဲ့တာျဖစ္ၿပီး Apple က 2017 ကမွ ဒီစနစ္ကို အသုံးျပဳတယ္ဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ဝိုင္းေလွာင္ခဲ့ၾကတာကို မွတ္မိၾကဦးမွာပါ

ဒါေပမယ့္ Android ေတြရဲ႕ Facial Recognition နဲ႔ Apple ရဲ႕ Face ID အလုပ္လုပ္ပုံခ်င္း မတူၾကသလို ဘယ္ေလာက္လုံၿခဳံစိတ္ခ်ရလဲဆိုတဲ့ Security Level လဲမတူညီၾကပါဘူး .. iPhone ေတြဟာ iPhone X မတိုင္ခင္က Bio-metric Authentication System အေနနဲ႔ Fingerprint (Touch ID) ကိုအသုံးျပဳခဲ့ပါတယ္

ဒီ Touch ID ရဲ႕ လုံၿခဳံေရးစနစ္ေကာင္းမြန္မႈေၾကာင့္ Apple Pay လိုအရာမ်ိဳးကို လြယ္ကူစြာအသုံးျပဳႏိုင္တာျဖစ္ပါတယ္ .. Apple Pay ဆိုတာကေတာ့ မိမိ iPhone ရဲ႕ Wallet ထဲမွာ Bank Card ေတြအျပင္ တျခား Card ေတြပါ ထည့္သြင္းထားႏိုင္တာျဖစ္ၿပီး မိမိ iPhone နဲ႔တင္ ေငြေပးေခ်မႈမ်ိဳးျပဳလုပ္ႏိုင္တာျဖစ္ပါတယ္

ေငြေပးေခ်တာအျပင္ App ေတြ Download ဆြဲတာ, Safari မွာ Password ေတြ Auto-fill လုပ္တာ, Third-party App ေတြအတြက္ Login ဝင္တာ အစရွိတဲ့ ကိစၥေပါင္းမ်ားစြာကို ဒီ Touch ID နဲ႔ Face ID ကေနတဆင့္ လုပ္ေဆာင္ေပးတာျဖစ္လို႔ ဒီ Touch ID နဲ႔ Face ID ေတြဟာ လုံၿခဳံစိတ္ခ်ရဖို႔ အလြန႔္အလြန္အေရးႀကီးတဲ့ ကိစၥတခုပါပဲ

Face ID ဘယ္လို အလုပ္,လုပ္သလဲ?

Apple က Face ID ကို 3D အေနအထားနဲ႔ အလုပ္,လုပ္ေစတာျဖစ္ပါတယ္ .. Face ID ပါတဲ့ iPhone ေတြမွာ ထိပ္က Notch အႀကီးႀကီးပါဝင္တာကို သတိထားမိမွာပါ .. ဒီ Notch ထဲမွာ Infrared Camera, Flood Illuminator, Proximity Sensor, Ambient Light Sensor Speaker, Selfie Camera, Microphone, Dot Project ဆိုတဲ့ အစိတ္အပိုင္း 8 မ်ိဳးေလာက္ကို ထည့္သြင္းျမႇဳပ္ႏွံထားၿပီး အဲ့ဒီ 8 မ်ိဳးလုံးပါတဲ့ Camera စနစ္ကို TrueDepth Camera System လို႔ေခၚေဝၚပါတယ္

Photo : Cnet

ဒီအစိတ္အပိုင္း 8 မ်ိဳးထဲကမွ Parts 4 မ်ိဳး ေပါင္းစပ္ၿပီး Face ID အလုပ္လုပ္တာျဖစ္လို႔ Face ID ကိုလွည့္စားဖို႔ခက္ခဲပါတယ္ .. ဥပမာ ဓာတ္ပုံျပၿပီး Face ID ကိုေက်ာ္ခြသြားတာတို႔, သင့္မ်က္ႏွာပုံစံကို ရာဘာနဲ႔အတုလုပ္ၿပီး Unlock လုပ္တာမ်ိဳးစတဲ့ Bypass ေတြကို တားဆီးဖို႔ Apple အေနနဲ႔ Hollywood ကနာမည္ႀကီး Face Mask ပညာရွင္ေတြနဲ႔ပူးေပါင္းၿပီး သူ႔ရဲ႕ Machine Learning စနစ္ကို Train ေပးခဲ့ရပါတယ္

Touch ID စနစ္ဟာ လူအေယာက္ 5 ေသာင္းမွာ 1 ေယာက္တူညီႏိုင္ေခ်ရွိၿပီးေတာ့ Face ID စနစ္က လူအေယာက္ 1 သန္းမွာ 1 ေယာက္သာ တူညီႏိုင္ေခ်ရွိတာပါ .. ဒါေၾကာင့္လဲ Apple က Face ID စနစ္ကို စိတ္ခ်လက္ခ်သုံးရဲတာျဖစ္ၿပီး Face ID စနစ္ျဖစ္လာဖို႔ ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ရင္းႏွီးျမႇဳပ္ႏွံ သုေတသနလုပ္ခဲ့ရတာျဖစ္ပါတယ္

Face ID ရဲ႕အလုပ္လုပ္ပုံ အေသးစိတ္ကိုဆက္ေျပာလိုက္ရေအာင္

Face ID တခုစအလုပ္လုပ္ၿပီဆိုအရင္ အရင္ဆုံး Dot Projector က လူ႔မ်က္လုံးကေနမျမင္ႏိုင္တဲ့ အစက္ေပါင္း 3 ေသာင္းေက်ာ္နဲ႔ မ်က္ႏွာတခုလုံးေနရာအႏွံ႔ ထိုးထားလိုက္ပါတယ္ .. အဲ့ဒီေနာက္မွာေတာ့ Infrared Camera က ဒီအစက္ေတြကေနတဆင့္ မ်က္ႏွာပုံစံကို မွတ္သားထားၿပီး မွတ္သားထားတဲ့ Data ေတြကို A11, A12, 12X, 12Z, A13 စတဲ့ သက္ဆိုင္ရာ Chips ထဲက Neural Engine ထဲမွာရွိတဲ့ Secure Enclave ထဲကို mathematical model အေနနဲ႔ သြားသိမ္းဆည္းထားပါတယ္

Secure Enclave ဆိုတာ register လုပ္ထားတဲ့ Touch ID နဲ႔ Face ID စတဲ့ Bio-metric data နဲ႔ Apple Pay Data ေတြကို Encrypt လုပ္ၿပီးသိမ္းေပးထားတဲ့ Hardware တခုပါပဲ .. ဒီလို Dedicated Hardware တခုထည့္ေပးလိုက္ျခင္းအားျဖင့္ iOS ရဲ႕ Kernel ကို exploit (hack) လုပ္ႏိုင္ခဲ့ရင္ေတာင္မွ User ရဲ႕ Touch ID or Face ID data ကိုရမွာမဟုတ္ေတာ့ပါဘူး .. သင့္ရဲ႕ Face ID အခ်က္အလက္ေတြဟာ ဒီ Secure Enclave ထဲမွာသိမ္းဆည္းထားတာျဖစ္ၿပီး ဘယ္ Server ကိုမွ ပို႔ေဆာင္သိမ္းဆည္းထားျခင္းမရွိလို႔ Face ID Unlocking Process ဟာ On-device မွာပဲ SoC က Handle လုပ္ၿပီး Authenticate လုပ္တာပါ

သင္ဟာ အေမွာင္ထဲမွာရွိေနရင္ ဒါမွမဟုတ္ ဦးထုပ္, မ်က္မွန္, မာဖလာ, မ်က္ကပ္မွန္ အစရွိတာေတြ တပ္ဆင္ထားရင္ေတာင္မွ သင္မွန္းသိရေအာင္လို႔ ကူညီေပးတဲ့အစိတ္အပိုင္းကေတာ့ Flood Illuminator ပဲျဖစ္ပါတယ္

Photo : HelpNetSecurity

အဲ့ဒီေနာက္ပိုင္းမွာေတာ့ သင့္မ်က္ႏွာကေန ေန႔စဥ္ေျပာင္းလဲမႈမ်ားစြာကို Neural Engine က ေန႔စဥ္ Learn လုပ္ေနမွာပဲျဖစ္ပါတယ္ .. ဥပမာ ႏႈတ္ခမ္းေမႊးေတြရွည္လာတာမ်ိဳး, မ်က္မွန္တပ္လိုက္တာမ်ိဳး, ဝက္ၿခံထြက္လာတာမ်ိဳး အစရွိသျဖင့္ေပါ့ .. ဒီ Face ID အလုပ္လုပ္တဲ့ Process ႀကီး တခုလုံးကို Neural Network လို႔ေခၚဆိုၿပီး Apple အေနနဲ႔ Neural Network ေပါင္းမ်ားစြာကို ကမာၻ႔ေနရာအႏွံ႔မွာ စမ္းသပ္ၿပီးမွ ေနာက္ဆုံးအဆင္ေျပတဲ့ ဒီ Neural Network ကိုေ႐ြးခ်ယ္ခဲ့တယ္လို႔ဆိုပါတယ္

ဒီ Neural Network ကို Face ID မွာတင္အသုံးခ်တာမဟုတ္ပဲ Animoji တို႔လို Feature မ်ိဳးနဲ႔ပါ အျပည့္အဝအသုံးခ်တာဟာ Apple ရဲ႕ ပါးနပ္မႈပါပဲ .. ဒါ့အျပင္ Neural Network ေၾကာင့္ Snapchat တို႔လို Third Party App ေတြဟာ Filter ေတြကို တိတိက်က် ျပဳလုပ္ေပးလာႏိုင္ပါတယ္

iPad ေတြမွာဆို Face ID ကို အတည့္အေနအထားေရာ ေဘးေစာင္းအေနအထားမွာပါ အသုံးျပဳႏိုင္ၿပီး Attention Aware လို Feature မ်ိဳးေၾကာင့္ သင့္မ်က္လုံးပိတ္ေနစဥ္မွာ Unlock လုပ္လို႔မရတာေတြ, ဖုန္းလာလို႔ Ringtone သံလာတဲ့အခါ ဖုန္းကိုၾကည့္လို္က္ရင္ အလိုအေလ်ာက္အသံတိုးေပးသြားတာ အစရွိတဲ့ Feature ေတြကို အသုံးျပဳႏိုင္ပါတယ္

Apple ဟာ iPhone ေတြရဲ႕ ေဘးေဘာင္ေတြကို က်ဥ္းသထက္က်ဥ္းေအာင္ ဒီ Face ID ကိုအသုံးျပဳခဲ့တာပဲျဖစ္ပါတယ္ .. ဒါေပမယ့္ Face ID မွာပါတဲ့ Components ေတြေၾကာင့္ Notch ႀကီးက်န္ေနဆဲျဖစ္ၿပီး အနာဂတ္မွာဒီ Notch ကိုလုံးဝေပ်ာက္ေအာင္ဖန္တီးရမွာပါ .. ဒီေလာက္ဆို Face ID အလုပ္လုပ္ပုံနဲ႔ Face ID ဟာဘယ္ေလာက္လုံၿခဳံစိတ္ခ်ရလဲဆိုတာ သိရွိသြားေလာက္ပါၿပီ

Ref : Apple Support