iPhone user တိုင်းသိထားသင့်တဲ့ iPhone battery ခံစေမည့်ဆောင်ရန်/ရှောင်ရန်များ

UNICODE

ဒီနေ့အတွက်အလှည့်ကျ Article ကတော့ iPhone တွေနဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာ Battery tips & knowledge တွေပါ

Settings > Battery > Battery Health ကိုသွားကြည့်လိုက်ရင် ကိုယ့်ဖုန်း Original Battery mAh မှာ ဘယ်လောက် ရာခိုင်နှုန်းထိကျန်သေးလဲဆိုတာ ပြောပြပေးထားပါတယ် .. Apple ရဲ့ recommendation အရဆို 80% အောက်လျော့မှလဲသင့်တယ်လို့ပြောထားပါတယ်

7 Plus နဲ့အောက်ပိုင်း Model တွေမှာ battery capacity နည်းလာတာနဲ့အမျှ CPU ကိုလုံလောက်တဲ့ Power မပေးပို့နိုင်တော့ပါဘူး .. ဒီအတွက်ကြောင့် CPU ဟာ Power အလုံအလောက်မရတဲ့အတွက် ရုတ်တရက် shutdown ကျမှုတွေဖြစ်လာနိုင်ပါတယ် ..

ဒီပြဿနာကိုဖြေရှင်းဖို့ Apple က CPU Throttling လုပ်လိုက်ပါတယ် .. နားလည်အောင်ပြောရရင် CPU ရဲ့ ပါဝါစားသုံးမှူကိုလျှော့ချလိုက်ပါတယ် ..

ဒီအတွက် CPU Performance ကျလာတယ် (ဒါတွေကို User တွေကိုအသိမပေးပဲ CPU throttled လုပ်လို့ Apple တရားစွဲခံရပြီး လျော်ကြေးတွေပေးခဲ့ရသေးပါတယ်) .. ဖုန်းရဲ့ Performance ကိုပြန်တက်လာစေချင်ရင် 80% အောက်လျော့တာနဲ့ Battery လဲလိုက်ရင် Performance ပြန်ကောင်းလာတယ်လို့ဆိုပါတယ် ..

ဒါပေမယ့် Original battery ဒါမှမဟုတ် Apple Certified မဟုတ်တဲ့ ဟာတွေလဲမိရင် Percentage ကိုပြပေးမှာမဟုတ်ပါဘူး .. ဒါကတော့ခြွင်းချက်ပါ .. သို့ပေမယ့် ခုနောက်ပိုင်း Battery အတုတွေကလဲ Percentage ပြနိုင်လာပါပြီ .. Original battery လိုချင်ရင် Apple Authorised Service တွေမှာပြင်မှရပါမယ်

ဒီတော့ 100% capacity ကနေ 80% ထိရောက်ဖို့ဆိုရင် ဘယ်နှနှစ်ကြာကြာအသုံးပြုလို့ရသလဲ?

ဒီမေးခွန်းကိုဖြေဖို့ဆိုရင် Cycle count ကိုနားလည်အောင်အရင်ပြောဖို့လိုပါလိမ့်မယ် .. Battery cycle count ဆိုတာ ကုန်ဆုံးသွားတဲ့ Battery percentage တွေကို တွက်ယူတာကိုပြောတာဖြစ်တယ် ..

ဥပမာ ကိုယ်က 100% ကနေ 50% ထိသုံးလိုက်တယ် ပြီးတော့အားထပ်သွင်းတယ် 80% ပြည့်တာနဲ့ 30% ထိထပ်သုံးတယ် ဒါဆိုစုစုပေါင်းသုံးလိုက်တာက 50% + 50% = 100% အဲ့လို 100% ပြည့်တိုင်း 1 cycle count လို့သတ်မှတ်တယ် ..

Apple ပြောကြားချက်အရတော့ Battery cycle count 500 ပြည့်တာနဲ့ 20% battery capacity လျော့ပါတယ်တဲ့ .. အဲ့တော့တနေ့ကို 1 cycle count (100%) နှုန်းနဲ့သုံးမယ်ဆို 80% ကျန်ဖို့အတွက် 1 နှစ်နဲ့ 4 လကျော်လောက်တော့ကြာလိမ့်မယ် ဒါက Theory အရပဲရှိတာ .. လက်တွေ့မှာတော့ ဖုန်းပူတာများရင် capacity ကျတာမြန်တယ် .. Battery ကျတယ်ဆိုတာ OS နဲ့ Environment ပေါ်မှာလဲမူတည်သေးတယ်

1. OS

မိမိ OS က error ရှိနေတဲ့အခါ Battery ကုန်မြန်တာတို့ ဖုန်းပူလာတာတို့ဖြစ်တတ်ပါတယ် .. အဲ့အခါ latest OS ကို Update တင်ကြည့်ပါ (Latest OS မှာကိုက Error ဖြစ်နေရင်လဲ နောက် update စောင့်ပါ)

2. Environment

-ရာသီဥတု

ရာသီဥတုပူနေတဲ့အချိန်မှာ ဘယ်ဖုန်းမဆိုပူပါတယ်.. ပူရင် processing speed ကျပြီး battery ကုန်တာမြန်ပါတယ်

-ဖုန်းလိုင်းမကောင်းခြင်း

ဖုန်းလိုင်းသိပ်မမိတဲ့အချိန်မှာလည်း Battery ကုန်မြန်တာမျိုးဖြစ်တတ်ပါတယ် .. အဲ့ဒီအချိန် Internet သွားသုံးမိရင်ပိုဆိုးတတ်ပါတယ် .. ဒါကြောင့် မိမိအိမ်မှာ signal strength ကောင်းကောင်းမိတဲ့ Sim Card ကိုရွေးချယ်ပါ ..

နောက်တစ်ခုက Background app တွေအလုပ်လုပ်နေတာမျိုး .. WiFi, Bluetooth, Auto Update တွေ on နေတဲ့အချိန်မျိုးမှာလည်း Battery စားပါတယ် … အထက်ပါ ဖြစ်နိုင်ချေတွေကို fix ပြီးရင်တောင်မှ Battery error တက်နေတုန်းဆို Hardware error ဖြစ်ဖို့သေချာနေတဲ့အတွက် Battery replacement လုပ်ဖို့ စဉ်းစားဖို့လိုလာပါပြီ

ဟုတ်ပြီ ဒီတော့ကိုယ့်ဖုန်းလေး Battery ကြာကြာခံအောင်ဘယ်လိုဆင်ခြင်ရမလဲဆိုတဲ့ Tips လေးတွေကို Apple Website (https://www.apple.com/lae/batteries/maximizing-performance/) မှာဖော်ပြထားပါတယ် .. ကျွန်တော်အဲ့တာလေးတွေဘာသာပြန်ပြထားပါတယ်

1. 20% – 95% ကြားပဲသုံးပါ။

2. 100% ကျော်ထိမသွင်းပါနဲ့ Capacity ဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်။

3. 20% အောက်သုံးလိုက်ရင် deep discharge state ဖြစ်ပြီး battery နာပါတယ်။

4. အကောင်းဆုံးက 50% ဝန်းကျင်ပဲထားပါ။

5. အပူချိန်လည်း 32-95’F လောက်မှာပဲသုံးသင့်ပါတယ်။

6. အားသွင်းနေချိန် ကာဗာဖြုတ်ထားပါ (ပူမှာစိုးလို့)

7. လိုင်းမမိတဲ့နေရာမျိုးမှာ ဖြစ်နိုင်ရင် Airplane mode on ထားပေးပါ။

8. အားနည်းနေတဲ့အချိန် low power mode on ထားပေးပါ (ဖုန်းထိခိုက်မှုမရှိပါ)

9. မလိုတဲ့ background activity တွေ location တွေပိတ်ပေးပါ။

10. WiFi, Bluetooth off ထားပြီး Auto brightness on ထားပေးပါ။

11. Latest version တင်ထားပါ။

12. ကွန်ပျူတာနဲ့အားသွင်းတာကိုတတ်နိုင်သလောက်လျှော့ပါ။

13. Original cable ပဲသုံးပါ .. Third-party ကြိုးတွေသုံးမယ်ဆို MFi Certified ပဲဝယ်သုံးပါ .. MFi အကြောင်းကိုအောက်ပါ link မှာဝင်ရောက်ကြည့်နိုင်ပါတယ်

The Importance of MFi – https://www.pyaeheinnkyaw.tech/whati_is_mfi/

စာကြွင်းအနေနဲ့ပြောချင်ပါတယ် .. ကိုယ့်ဖုန်းမှာ Cycle count ဘယ်လောက်ရှိလဲဆိုတာကို 3utools ဆိုတဲ့ software နဲ့ကြည့်လို့ရပါတယ် ..

ကွန်ပျူတာလိုအပ်ပါမယ် Windows OS မှာပဲသုံးလို့ရပါမယ် .. www.3u.com ကိုသွားပြီး 3utools ကိုဒေါင်းပါ 3utools ကိုသုံးဖို့ iTunes or iTunes Driver install လုပ်ထားဖို့လိုပါမယ် .. ပြီးရင် ကိုယ့်ဖုန်းနဲ့ ကွန်ပျူတာကို USB cable နဲ့ချိတ်ပြီး 3utools က Charge Times မှာ cycle count ဘယ်လောက်ရှိလဲဆိုတာကြည့်နိုင်ပါတယ် ..

ကျွန်တော်ဆို Cycle Counts 145 တောင်ရှိပေမယ့် Battery capacity ကလုံးဝကိုမကျသေးတာပါ (အောက်ကပုံကိုကြည့်ပါ .. theory အရဆို 6% လောက်ကျသွားရမှာဖြစ်ပါတယ်) .. အဲ့တော့ 500 Cycle counts မှာ 20% ကျတယ်ဆို Theory သက်သက်ပါ .. လက်တွေ့မှာလဲအပေါ်ကပြောထားတဲ့အချက်တွေပေါ်မူတည်ပြီးကွဲပြားနိုင်ပါသေးတယ် .. အဆင်ပြေရင် share ပေးသွားကြပါဦးခင်ဗျ 

3utools

Pyae Heinn Kyaw