သင့် iPhone မှာ Carrier Settings Update လို့ပေါ်လာတာဘာဖြစ်လို့လဲ?

UNICODE

Carrier Settings Update ဆိုတာ Carrier Service Provider (ဥပမာ Telenor, Ooredoo) တွေက သူတို့ရဲ့ Network Settings တွေကို Update လုပ်ပြီးတဲ့အခါ သင့် iPhone မှာပါအဆိုပါ Network Settings တွေအသုံးပြုလို့ရအောင် Update ပြုလုပ်ခိုင်းတာဖြစ်ပါတယ်

ဥပမာ VoLTE Support မပေးသေးတဲ့ Operator က VoLTE support ပေးဖို့အတွက် Network tools တွေတပ်ဆင်ပြီး Settings တွေချရပါတယ် .. အဲ့လိုလုပ်ပြီးတော့ သင့်ဖုန်းမှာ VoLTE သုံးလို့ရအောင် သူတို့က Update ထုတ်ပေးပါတယ် .. အဲ့ဒီ Carrier Settings ကို Update လုပ်လိုက်မှ VoLTE ကိုအသုံးပြုလို့ရမှာပါ .. ဒါက VoLTE ကိုဥပမာအနေနဲ့ ပေးထားတာဖြစ်ပါတယ်

Carrier Settings Update က ပုံစံ 2 မျိုးနဲ့ ပေါ်လာတတ်ပါတယ် .. များသောအားဖြင့် Carrier Settings Update ပေါ်လာရင် Cancel နဲ့ Update ဆိုတဲ့ Button 2 ခုပါဝင်လာပြီး ကိုယ် update မလုပ်ချင်သေးရင် cancel လုပ်ထားလို့ရပါတယ်

ဒါပေမယ့် Operator က မဖြစ်မနေ Update လုပ်စေချင်တဲ့အခါမျိုးမှာတော့ Update တမျိုးတည်းသာပါလာမှာဖြစ်ပြီး မဖြစ်မနေ Update လုပ်ရပါတော့မယ်

Carrier Settings Update လုပ်လို့ရတဲ့အခါ ဖုန်း screen ပေါ်မှာ auto ပေါ်လာမှာဖြစ်ပြီး အကယ်လို့သင်က Cancel လုပ်ပြီး Update ပြန်လုပ်ချင်တယ်ဆိုရင် Settings > General > About ကိုသွားလိုက်တာနဲ့ Update လုပ်ဖို့ ထပ်ပေါ်လာမှာဖြစ်ပါတယ်

Pyae Heinn Kyaw