Apple ကဘာလို့ 3D touch ကိုဖြုတ်ပစ်ရတာလဲ

UNICODE

3D touch ဆိုတာ 2015 မှာ iPhone 6s နဲ့အတူမိတ်ဆက်ခဲ့တဲ့ feature တခုပဲဖြစ်ပါတယ်.. 3D touch ဟာ pressure sensitive ဖြစ်တဲ့အတွက် 3D touch functionality ရဖို့ကို Display backlight တွေထဲမှာ capacitive sensors တွေထည့်သွင်းမြှုပ်နှံထားရပါတယ်..

pressure sensitive ဆိုတာက Screen ပေါ်ကိုဖိလိုက်တဲ့ ဖိအားပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေပြောင်းလဲသွားတာပါ.. ဥပမာသင်က ဓာတ်ပုံတပုံထဲကိုဝင်ကြည့်ဖို့ ပုံမှန် tap လုပ်လိုက်ရင် ဓာတ်ပုံထဲကိုရောက်သွားမှာဖြစ်ပြီး Tap လုပ်မယ့်အစား အားနဲ့ဖိလိုက်ရင် အဆိုပါဓာတ်ပုံဟာ Preview အနေနဲ့ပေါ်လာမှာဖြစ်ပါတယ်.. အဆိုပါအခြေအနေကို Peek လို့ခေါ်ပြီး နောက်ထပ်တခါအားနဲ့ထပ်ဖိလိုက်ရင် ဓာတ်ပုံထဲကိုရောက်သွားမှာဖြစ်ပါတယ်.. ဒါကို Pop လို့ခေါ်ပါတယ်..

ဆိုတော့ 3D touch ဟာ Peek & Pop function လဲရတယ်လို့ဆိုနိုင်ပါတယ်.. အဆိုပါ Peek & Pop function တွေဟာ Display ထဲမှာမြှုပ်နှံထားတဲ့ Capacitive sensors တွေကြောင့် Screen ပေါ်ကိုအားဘယ်လောက်နဲ့ ဖိလိုက်တယ်ဆိုတာ သိရှိပြီးအလုပ်လုပ်တာဖြစ်ပါတယ်

ဒီလို 3D touch လေးရဖို့အတွက် Apple ဖက်ကပေးဆပ်ခဲ့ရတာတွေတော်တော်များပါတယ်.. ပထမဆုံးအချက်ကဒီနည်းပညာကို အဆင်ပြေပြေအသုံးပြုနိုင်ဖို့ Apple အနေနဲ့ 2 နှစ်လောက်အချိန်ယူခဲ့ရတယ်လို့ Apple ရဲ့ Marketing Senior Vice President ဖြစ်တဲ့ Phil Shiller ကဆိုခဲ့ပါတယ်..

ဒါ့အပြင် 3D Touch ကို Screen ထဲထည့်ရတဲ့ နည်းပညာဟာလဲ အလွန်ခက်ခဲပြီး အသေးစိတ်ဆန်ပါတယ်.. ဒါပေမယ့် 3D touch ပါလို့ဆိုတဲ့ Reason တစ်ခုတည်းနဲ့တော့ iPhone တွေပိုပြီးရောင်းကောင်းမလာခဲ့ပါဘူး.. ဒါဟာ 3D touch ရဲ့ မြင်သာမှုမရှိတဲ့ နည်းပညာကြောင့်ဖြစ်ပါတယ်.. iPhone သုံးတဲ့လူအများစုဟာ 3D touch ပါမှန်းတောင်မသိကြပါဘူး..

ပါမှန်းသိတဲ့လူတွေကလဲ Daily usage မှာ 3D touch ကိုထည့်သွင်းအသုံးပြုမှုမရှိကြပါဘူး.. ဒီလိုမျိုးပေးဆပ်မှု ရင်းနှီးမြှုပ်နှံမှုမြင့်မားတဲ့ နည်းပညာကိုလူသုံးနည်းကြတော့ Apple အနေနဲ့ ဒါကြီးကိုဖြုတ်ပစ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်.. Apple ရဲ့ဆုံးဖြတ်ချက်ဟာ ဒီလိုလူသုံးနည်းပြီး ပြုလုပ်ရခက်ခဲတာကြောင့်တင်မဟုတ်ပါဘူး..

3D touch ကြောင့် Display panel တွေဟာ ပုံမှန်ထက်ပိုပြီးထူလာခဲ့ပါတယ်.. ဒါဟာ Body တွင်းမှာနေရာပိုပေးရတာဖြစ်လို့ Battery capacity ကြီးတာတွေထည့်သွင်းချင်ရင် နေရာအခက်အခဲရှိပါတယ်.. ဒီအကြောင်းကလဲ Apple အနေနဲ့ 3D touch ကိုဖြုတ်ပစ်လိုက်စေတဲ့ အကြောင်းပြချက်တခုပါပဲ

Source: E Trade Supply

ဒါပေမယ့် Apple ဟာ 3D touch ကို 100% ကြီးဖြုတ်ပစ်လိုက်တာတော့မဟုတ်ပါဘူး.. 3D touch အလုပ်လုပ်ဖို့ဆိုရင် Software ရော Hardware ရောပေါင်းစပ်ပြီးအလုပ်လုပ်ရပါတယ်..

ဥပမာပြောရရင် အပေါ်ကပြောခဲ့သလိုမျိုး ဘယ်လောက်အားနဲ့ဖိလိုက်တယ်ဆိုတာကို Sense လုပ်တာက Display ထဲက sensors တွေဖြစ်ပြီး ဖိလိုက်တဲ့ pressure amount ပေါ်မူတည်ပြီး Preview ပြရမလား, Windows အသစ်နဲ့ပြရမလား စတာတွေကိုဆုံးဖြတ်တာက Software နဲ့လုပ်ဆောင်ပါတယ်.. ဒီတော့ Apple အနေနဲ့ Hardware ကိုဖြုတ်လိုက်ပြီး Software ကိုဆက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်..

အဆိုပါ Software ကို Haptic Touch လို့နာမည်ပေးခဲ့ပြီး 3D touch မှာအလုပ်လုပ်သလို အကုန်နီးပါးအလုပ်လုပ်ပါတယ်.. ဒါပေမယ့် Pressure sensitive မဟုတ်ပဲ Long press နဲ့သွားတာကြောင့် Haptic Touch ကို သုံးရင်အချိန်အနည်းငယ်ယူပါတယ်..

ဒီလို 3D touch အစား Haptic touch ကိုပြောင်းသုံးလိုက်ခြင်းရဲ့အကျိုးကျေးဇူးကတော့ iPhone 11 Models တွေမှာလို Battery capacity အများကြီးထည့်ပေးလို့ရသလို.. 3D touch hardware မပါတဲ့ iPhone SE, iPhone XR တို့လို device တွေမှာပါ Haptic Touch ကိုအသုံးပြုလို့ရသွားပါတယ်

ကျွန်တော့်အနေနဲ့ 3D touch ကနေ Haptic Touch ကိုပြောင်းလိုက်တဲ့အချိန် မကြိုက်တာတခုပဲရှိပါတယ်.. 3D touch ရဲ့ Keyboard trackpad ကို Haptic Touch မှာသုံးမယ်ဆိုရင် Space bar ပေါ်မှာပဲအသုံးပြုလို့ရတော့မှာဖြစ်ပါတယ်..

ဒါ့အပြင် press လုပ်လို့မရတော့ပဲ Long press ဆိုတော့ သုံးရတာသိပ်သဘောမကျလှပါဘူး .. ဒါပေမယ့် Select လုပ်တဲ့အချိန်မျိုးတွေမှာဆိုရင်တော့ 3D touch ထက် Haptic touch ကပိုပြီးတိကျမှုရှိပါတယ်

ဒါကြောင့် ထုတ်လုပ်ရခက်ခဲ/အကုန်အကျများပြီး လူသိပ်မသုံး,မြင်သာမှုမရှိတဲ့အပြင် Body ထဲမှာ နေရာယူလွန်းတဲ့ 3D touch ကိုဖြုတ်ပြီး Battery size ကြီးကြီးမားမားထည့်ပေးလိုက်တဲ့ Apple ရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ကျွန်တော့်အနေနဲ့ယူဆပါတယ်

3D Touch ရတဲ့ဖုန်းများ

iPhone 6s, iPhone 6s Plus
iPhone 7, iPhone 7 Plus
iPhone 8, iPhone 8 Plus
iPhone X
iPhone XS, iPhone XS Max

3D Touch မရတဲ့ဖုန်းများ (iOS 13 တင်ထားရင် 3D touch နဲ့တူတဲ့ Haptic Touch ရပါသည်)

iPhone SE
iPhone XR
iPhone 11
iPhone 11 Pro, iPhone 11 Pro Max

Pro Tip : Face ID ပါတဲ့ iPhone တွေမှာ Face ID နဲ့ Unlock လုပ်လို့ Success ဖြစ်သွားတဲ့အချိန် Haptic Feedback နဲ့ vibrate ဖြစ်ချင်ပါက Settings > Accessibility > Face ID & Attention > Haptic on Successful Authentication ကို On ထားလိုက်ပါ

Pyae Heinn Kyaw