Facebook app ကိုဖွင့်လိုက်တာနဲ့ အင်တာနက် auto ပွင့်စေမယ့်နည်း (iOS only)

UNICODE

iOS 13 မှာ Shortcut app က ဒေါင်းလုတ်လုပ်စရာမလိုပဲ Build-in ပါဝင်လာပါပြီ .. အခု post ကတော့ Shortcuts app က automation ကိုအသုံးပြုပြီး အင်တာနက်အော်တိုပွင့်အောင်လုပ်ဆောင်ပြမှာပဲဖြစ်ပါတယ် .. အဲ့တော့ကျွန်တော်တို့အနေနဲ့ Control Center ကြီးဆွဲတင်ပြီး Mobile Data ကိုတကူးတကဖွင့်စရာမလိုတော့ဘူးပေါ့ဗျာ

Step 1 – Shortcuts app ထဲဝင်ပြီး Automation > Create Personal Automation ကိုနှိပ်ပါ

Step 2 – အောက်ကို Scroll လုပ်ပြီး အောက်ဆုံးက Open App ဆိုတာကိုရွေးပေးလိုက်ပါ

Step 3 – ပြီးရင် Choose App ကိုရွေးပြီး App တခုကိုရွေးပေးလိုက်ပါ .. ကိုယ်ရွေးလိုက်တဲ့ App ကိုဖွင့်တာနဲ့ အင်တာနက်အော်တိုပွင့်မှာဖြစ်ပါတယ် .. ကျွန်တော်ကတော့ Facebook ကိုရွေးလိုက်ပါတယ်

Step 4 – Add Action ကိုနှိပ်လိုက်ပါ

Step 5 – Search ကနေ Set Mobile လို့ရိုက်ရှာပြီး Set Mobile Data ဆိုတဲ့ဟာကိုရွေးပေးလိုက်ပါ .. Mobile နဲ့ရှာမရရင် Cellular လို့ရိုက်ပြီးရှာကြည့်ပါ

Step 6 – Ask Before Running ကို off ပြီး Done နှိပ်လိုက်ပါ .. ဒါမျိုးမေးလာခဲ့ရင် Don’t Ask ကိုရွေးပေးပါ

ဒါဆိုရင်ပြီးပါပြီ .. Facebook app ဖွင့်လိုက်တာနဲ့ 4G auto ပွင့်လာမှာပါ .. Facebook app ထဲဝင်တိုင်း Shortcuts app က noti တက်နေမှာဆိုတော့ နည်းနည်းတော့အာရုံနောက်ပါတယ်

Pyae Heinn Kyaw