iOS 14 မှာပါဝင်လာတဲ့ သင့်ကို ဘယ် Application တွေက တိတ်တဆိတ်ထောက်လှမ်းနေလဲဆိုတာကို သိရှိနိုင်မည့် Privacy Features များ

UNICODE

Apple ကနေအသစ်ထုတ်ပေးလိုက်တဲ့ iOS 14 ဟာ User တွေရဲ့ Privacy ပိုင်းကိုအားစိုက်ပြီး အဆင့်မြှင့်တင်မှုတွေလုပ်ထားဆိုတာ သိသာပါတယ် .. အခုဆိုရင် iOS 14 တင်ထားရုံနဲ့သင့်ကို ဘယ် Application တွေက Camera တွေ Mic တွေကနေတဆင့် ထောက်လှမ်းနေလဲဆိုတာကိုပြသပေးသွားမယ့်အပြင် Application တခုချင်းစီကို Photo Library တခုလုံး Access ပေးစရာမလိုပဲ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံပဲရွေးပြီး Access ပေးနိုင်ခြင်း၊ ကြော်ငြာပြသဖို့အတွက် Tracking လုပ်တာကို ကာကွယ်နိုင်ခြင်း၊ Clipboard Access ယူနေတဲ့ Application တွေကို သိရှိနိုင်ခြင်း၊ Location နေရာအတိအကျမပေးပဲ General Location သာ Access ပေးခြင်း စတဲ့ Feature တွေပါဝင်လာပါတယ်

1. သင့်ကိုဘယ် Application တွေ Camera, Mic တွေကနေတဆင့်ထောက်လှမ်းနေလဲဆိုတာကို ဘယ်လိုကြည့်မလဲ

သင့်ကို Application တခုခုက Camera ကနေထောက်လှမ်းနေတဲ့အခါ Screen အပေါ်ဖက် ညာဖက်ထောင့်က Sim Card Signal တိုင်လေးတွေဘေးမှာ အစိမ်းရောင်အစက်လေးပေါ်နေပါလိမ့်မယ် .. အဲ့လိုပေါ်နေတဲ့အချိန်မှာသင်ဟာ Camera ကိုဖွင့်ထားတာမဟုတ်ဘူးဆိုရင် တခြား Application တခုခုကသင့်ကိုထောက်လှမ်းနေတာသေချာပါပြီ .. ဒါဆိုရင် Control Center ကိုဆွဲချလိုက်ပါ .. Control Center ထိပ်နားမှာ Camera ကိုသုံးနေတဲ့ Application နာမည်ကိုတွေ့ရမှာဖြစ်ပါတယ်

သင့်ကို Application တခုခုက Mic ကနေထောက်လှမ်းနေတဲ့အခါ Screen အပေါ်ဖက် ညာဖက်ထောင့်က Sim Card Signal တိုင်လေးတွေဘေးမှာ အဝါရောင်အစက်လေးပေါ်နေပါလိမ့်မယ် .. အဲ့လိုပေါ်နေတဲ့အချိန်မှာသင်ဟာ ဖုန်းပြောနေတာ ဒါမှမဟုတ် အသံသွင်းနေတာမဟုတ်ဘူးဆိုရင် တခြား Application တခုခုကသင့်ကိုထောက်လှမ်းနေတာသေချာပါပြီ .. ဒါဆိုရင် Control Center ကိုဆွဲချလိုက်ပါ .. Control Center ထိပ်နားမှာ Mic ကိုသုံးနေတဲ့ Application နာမည်ကိုတွေ့ရမှာဖြစ်ပါတယ်

2. သက်ဆိုင်ရာ Application ကို သက်ဆိုင်ရာ Photo Access ပေးခြင်း

တချို့ Application တွေကို Photo Library တခုလုံး Access ပေးစရာမလိုပါဘူး .. ဥပမာ သင်က Photo Editing လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ Editing App အတွက် သင် Edit လုပ်မယ့် Photo တွေပဲ Access ပေးလုပ်ထားလို့ရပါတယ်

Photo Access ကိုပြင်ချင်တယ်ဆိုရင်တော့ Settings > Privacy > Photos > သက်ဆိုင်ရာ Application > Selected Photos ကိုနှိပ်ပြီး ကိုယ်ပေးချင်တဲ့ Photos ပဲ ရွေးပြီးပေးလို့ရပါတယ် .. ဒါမှမဟုတ်ဘူး Library တခုလုံးကိုပြောင်းပေးချင်တာဆိုရင်တော့ All Photos ကိုထားပေးလိုက်ပါ

3. Application Tracking

Facebook တို့လို Application တွေက သင့်ကိုဘယ်လောက်တောင် ခြေရာခံသလဲဆိုတော့ သင့်ရဲ့ Browser မှာဘာတွေရှာထားလဲဆိုတဲ့ Search History တွေကိုပါ Tracking လိုက်ပါတယ် .. ဒါကို Cross-App Tracking (မတူညီတဲ့ App တွေကြားမှာတောင် ခြေရာခံတယ်) လို့ခေါ်ပါတယ်

အခု iOS 14 ရဲ့ Settings > Privacy > Tracking > Allow Apps to Request to Track ကို ဖွင့်ပေးထားလိုက်ရင် တခြား App တွေက Cross-App Tracking လုပ်ဖို့အတွက် သင့်ကိုအရင်လာမေးရမှာဖြစ်ပါတယ် .. သင်ခွင့်ပြုပေးမှသာ သူတို့က Tracking လုပ်လို့ရမှာပါ

ဒီ Feature ကြောင့် Facebook က Apple ကိုအကြီးအကျယ်ဝေဖန်ခဲ့ပါတယ် .. Facebook ရဲ့ Audience Network publisher revenue ဟာလဲ 50% လောက်လျော့ကျသွားခဲ့ပါတယ်

4. Clipboard Notification

သင် Copy လုပ်လိုက်တဲ့ Text တွေ, Link တွေကို Clipboard ဆိုတဲ့နေရာမှာသွားသိမ်းပါတယ် .. iOS 14 မှာ တခုခုကို Copy လုပ်ပြီး Paste လုပ်လိုက်တဲ့အခါ ဘယ် App ကနေ Copy လုပ်လာပြီး ဘယ် App မှာ Paste လုပ်တယ်ဆိုတဲ့ Notification လေးလာပြပါတယ် .. ဒါဟာ Clipboard Access ကို အချိန်အပိုင်းအခြားတခုတိုင်းအမြဲယူပြီး Data ခိုးယူစုဆောင်းနေတဲ့ Application တွေကို user တွေအနေနဲ့ သိရှိနိုင်တော့မှာပါ

5. Precise Location

iOS 14 မှာ Precise Location ဆိုတဲ့ Settings ပါဝင်လာပါတယ် .. အဲ့ဒီ Settings လေးကိုဖွင့်ထားရင် Application တွေဟာ သင့်ရဲ့ Location အတိအကျကိုသိရမှာဖြစ်ပြီး ပိတ်ထားရင်တော့ သင်ရှိတဲ့နေရာအတိအကျကိုသိရမှာမဟုတ်ပဲ ခန့်မှန်း Location ကိုပဲသိရမှာဖြစ်ပါတယ်

Settings > Privacy > Locations > (Application) > Precise Location မှာ ကိုယ်ကြိုက်နှစ်သက်သလို သွားရောက်ပြောင်းလဲထားလို့ရပါတယ်

Pyae Heinn Kyaw