Telegram ကြောင့် Phone Storage ပြည့်နေတာကိုဘယ်လိုဖြေရှင်းမလဲ?

UNICODE

Telegram ကြောင့် Phone Storage ပြည့်နေတာကိုဘယ်လိုဖြေရှင်းကြမလဲ?

Telegram မှာဝင်ထားတဲ့ Channel တွေကနေ ရုပ်ရှင်ကြည့်တာတို့၊ တခြား Content တွေကို Download ဆွဲပြီး ဖုန်း Storage ထဲ Cache အနေနဲ့ သိမ်းထားတတ်ပါတယ်။

ဒါကြောင့်အခုပြောပြပေးမယ့် Settings တွေကို လိုက်မလုပ်ထားရင် Telegram ကြောင့် Phone Storage ပြည့်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။

လုပ်နည်းကတော့လွယ်လွယ်ပေးပါ …

Telegram App ထဲဝင်ပြီး Settings > Data and Storage > Storage Usage ထဲသွားပါ

ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း

– Keep Media ကို အနည်းဆုံး (3 Days) ထားပါ

– Maximum Cache Size ကို အနည်းဆုံး (5GB) ထားပါ

– နောက်ဆုံးအနေနဲ့ Clear Telegram Cache ကိုနှိပ်ပေးပါ (ဒါကိုနှိပ်ရင် Telegram App အတွင်း ဒေါင်းထားတာတွေပျက်သွားနိုင်ပါတယ် .. မပျက်စေချင်ရင် Gallery ထဲ Save ထားပါ)

Telegram Settings

ဒါဆိုသင့်ဖုန်းမှာနေရာယူနေတဲ့ Telegram Storage တွေ လျော့သွားမှာဖြစ်ပြီး နောက်လည်းဘယ်တော့မှ နေရာအများကြီးယူတော့မှာမဟုတ်ပါဘူး။

Pyae Heinn Kyaw