သင့်ရဲ့ iPhone မှာပြဿနာတခုခုရှိပြီဆိုရင် Force Restart ဘယ်လိုလုပ်ရမလဲ?

UNICODE

စက်ပစ္စည်းတွေဟာ Error နဲ့မကင်းပါဘူး .. iPhone တွေရဲ့ပြဿနာတော်တော်များများကို Force Restart လို့ခေါ်တဲ့ နည်းနဲ့ ဖြေရှင်းလို့ရပါတယ်

ဥပမာပြောရရင် ဖုန်းက Black screen ကြီးဖြစ်သွားပေမယ့် Phone ခေါ်ရင်ဝင်နေသေးတာမျိုး .. အဝိုင်းလည်ပြီး Black screen ဖြစ်သွားတာမျိုး .. connectivity issue တခုခုကြောင့် ဖုန်းကအလွန်အမင်း ပူခြစ်လာတာမျိုး .. Software error ကြောင့် touch responsive မဖြစ်တော့တာမျိုး စတဲ့စတဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ Error တွေကို Restart လုပ်တာက ဖြေရှင်းပေးနိုင်ပါတယ်

Force Restart ပြုလုပ်တာက တကယ်တော့ လွယ်လွယ်လေးပါ .. ဒါပေမယ့် Model တခုနဲ့တခုပေါ်မူတည်ပြီး ပြုလုပ်ပုံလုပ်နည်းမတူညီပါဘူး

ဒါကြောင့် အောက်မှာ Model အလိုက် ပြုလုပ်ပုံပြောပြပေးသွားပါမယ်

iPhone 6s, 6s Plus နှင့်အောက်ပိုင်း Model များ

iPhone 6s, 6s Plus နဲ့ သူ့အောက်က Model တွေမှာ Force Restart လုပ်ရတာအလွယ်ကူဆုံးပါပဲ .. Home Button နဲ့ Sleep/Wake Button လို့ခေါ်တဲ့ Power Button ကို Apple Logo ပေါ်လာတဲ့ တပြိုင်နက်တည်း တွဲဖိပေးထားရမှာဖြစ်ပါတယ် .. Apple Logo ပေါ်လာတာနဲ့ ဖိထားတာကို လွှတ်လိုက်ပါ .. ပုံမှန်အတိုင်း ပြန်တက်လာပါလိမ့်မယ် .

For iPhone 6s Series and Lower Models

iPhone 7, 7 Plus များ

iPhone 7, 7 Plus ကိုင်ဆောင်ထားတဲ့လူတွေအတွက်ကလဲ လွယ်ကူရိုးရှင်းလွန်းလှပါတယ် .. iPhone 7 Series မှာ Home Button က Button မဟုတ်တော့ပဲ သာမန် မျက်နှာပြင်ကြီးကို အောက်က Haptic engine နဲ့ ခလုတ်လို feeling မျိုးရအောင် ထည့်ပေးထားတာဖြစ်လို့ Force Restart ပြုလုပ်တဲ့အခါ အရင် 6s, 6s Plus နဲ့အောက်ပိုင်း Model တွေလိုမျိုး Home button ကိုမသုံးတော့ပဲ အဲ့အစား အသံတိုးတဲ့ခလုပ်ကိုသာ အသုံးပြုတော့ပါတယ်

iPhone 7, 7 Plus Model များကို Force Restart ပြုလုပ်ရန်အတွက် Power Button နဲ့ Vol – (အသံတိုးတဲ့ခလုပ်) ကို Apple Logo ပေါ်လာတဲ့ထိ ဖိထားပါ

For iPhone 7, 7Plus

iPhone 8, 8 Plus, X နှင့်အထက် Model များ

iPhone 8, 8 Plus, X အထက်မှာတော့ Force Restart လုပ်နည်းက တမျိုးပြောင်းသွားပါတယ်

ပထမဆုံး Vol + (အသံကျယ်တဲ့ခလုပ်) ကို တချက်နှိပ်ပါ (ဖိထားရတာမဟုတ်ပါ)

ပြီးရင် Vol – (အသံတိုးတဲ့ခလုပ်) ကိုတချက်နှိပ်ပါ (ဖိထားရတာမဟုတ်ပါ)

နောက်ဆုံးမှာတော့ Power Button ကို Apple Logo ပေါ်လာတဲ့ထိ ဆက်တိုက်ဖိထားပါ .. ဒါဆို Force Restart ဖြစ်ပါပြီ

For iPhone 8 Series and above

လူတိုင်းအနေနဲ့ မိမိတို့ရဲ့ iPhone တွေမှာ Minor issue လေးတွေပေါ်ပေါက်လာရင် ဖော်ပြခဲ့တဲ့အတိုင်း Force Restart လုပ်ပြီး ဖြေရှင်းလို့ရပါတယ်

Error တက်မှမဟုတ်ပါဘူး .. 2 ရက်တခါလောက် Restart လုပ်ပေးခြင်းအားဖြင့် သင့်ဖုန်းကိုခဏတာ အနားပေးရာရောက်မှာဖြစ်ပြီး Battery Health percentage လဲ Update ပြပေးနိုင်မှာဖြစ်ပါတယ်

အားလုံးပဲ အဆင်ပြေကြပါစေ

Pyae Heinn Kyaw