UNICODE

ဒါကတော့ လူတော်တော်များများလဲ ကြုံဖူးကြမယ်ထင်ပါတယ် .. ဖုန်းသံကို Silent လဲလုပ်ထားချင်တယ် .. ဒါပေမယ့် အရေးကြီး Call တွေလဲလွတ်သွားမှာစိုးတဲ့ အဖြစ်မျိုးပေါ့ .. ဒီလိုကိစ္စမျိုးအတွက် Apple က Emergency Bypass ဆိုတဲ့ Feature ထည့်ပေးထားပါတယ်

Do Not Disturb ဖွင့်ထားရင်တောင် Emergency Bypass On ထားတဲ့ Contact တွေကဖုန်းဝင်လာရင် ဖုန်း Ringtone မြည်မှာဖြစ်လို့ အရေးကြီးလူတွေရဲ့ Contact ကို Emergency Bypass On ထားသင့်ပါတယ်

လုပ်ဆောင်ပုံကတော့ သက်ဆိုင်ရာ Contact ထဲဝင်ပြီး ညာဖက်အပေါ်ဒေါင့်က Edit ကိုနှိပ်ပါ .. အဲ့ဒီက Ringtone ဆိုတဲ့အထဲဝင်ပြီး Emergency Bypass ဆိုတာကိုဖွင့်ပေးလိုက်ရင်ရပါပြီ … စာနဲ့ဖတ်ရတာရှုပ်နေရင် အောက်ကပုံမှာ လုပ်ဆောင်နည်းအဆင့်ဆင့်ကိုကြည့်လို့ရပါတယ်

ဒီနည်းနဲ့အရေးကြီးတဲ့ဖုန်းတွေလွတ်မသွားအောင် ပြုလုပ်ထားနိုင်ပါပြီ .. အားလုံးပဲအဆင်ပြေကြပါစေ

Pyae Heinn Kyaw

By Pyae Heinn Kyaw

Pyae is a Defensive Cyber Professional, currently working at one of Australia's largest energy retailer.