UNICODE

ဒီနေ့ပြောပြပေးသွားမှာကတော့ iTunes အသုံးပြုပြီး iPhone Music app ထဲရောက်အောင် သီချင်းထည့်သွင်းနည်းပဲဖြစ်ပါတယ် .. အရင်ဆုံးမိမိကွန်ပျူမှာ iTunes သွင်းရပါမယ် .. ဒီကဒေါင်းပါ (https://www.apple.com/au/itunes/download/thank-you/) .. ပြီးသွားရင်တော့အောက်ကပုံတွေအတိုင်းတဆင့်ချင်းလိုက်လုပ်ပါ..

Step 1 – အရင်ဆုံးကိုယ်ဒေါင်းချင်တဲ့သီချင်းကို YouTube မှာရှာပြီး link ကို copy လုပ်ပါ

Step 2 – https://ytmp3.cc/ ကိုသွားပြီး ခုနက link ကို Paste လုပ်ပါ .. ပြီးရင် mp3 format ထားပြီး convert လုပ်ပါ

Step 3 – Convert လုပ်ပြီးရင် download လုပ်လို့ရပါပြီ

Step 4 – Download လုပ်ထားတဲ့ mp3 file ကို iTunes ထဲ drag & drop ဆွဲထည့်လိုက်ပါ

Step 5 – သီချင်းရောက်လာပြီဆိုရင် သီချင်းကို right click ထောက်ပြီး Song Info ကိုနှိပ်ပါ

Step 6 – ဒီနေရာမှာ သီချင်းနာမည်တွေ artist တွေမှန်အောင်ပြင်ပေးလိုက်ပါ

Step 7 – Google ကိုသွားပြီး သီချင်း Lyrics ကိုရှာပါ

Step 8 – iTunes က lyrics အောက်မှာ custom lyrics ကိုအမှန်ခြစ်ပေးပြီး ခုနက lyrics ကို paste လုပ်ပေးပါ

Step – 9 iTunes နဲ့ကိုယ့် iPhone ချိတ်ပြီး iPhone ရဲ့ Music ကိုသွားပြီး Apply လုပ်ပေးလိုက်ပါ .. sync လုပ်မှာဖြစ်တာကြောင့် လက်ရှိ iPhone Music ထဲမှာရှိတဲ့သီချင်းတွေပျက်သွားပြီး ကွန်ပျူတာထဲကသီချင်းတွေရောက်သွားပါလိမ့်မယ် (Joox တို့ Spotify တို့ကသီချင်းတွေမပျက်ပါ)

Pyae Heinn Kyaw

By Pyae Heinn Kyaw

Pyae is a Defensive Cyber Professional, currently working at one of Australia's largest energy retailer.