UNICODE

FTTH အင်တာကနက်တွေပိတ်မယ်ဆိုတာ Confirmed မဖြစ်သေးပေမယ့် တကယ်တမ်းပိတ်ခံလိုက်ရရင် SMS တွေကနေပဲ အဓိကဆက်သွယ်လို့ရတော့မှာပါ .. SMS တွေရဲ့ပြဿနာက ပို့နေတဲ့စာတွေကိုကြားကနေဖြတ်ကြည့်ပြီး Monitoring လုပ်လို့ရတဲ့အတွက် မလုံခြုံပါဘူး

ဒါကြောင့်ပို့မယ့်လူက ပို့မယ့်စာကို Password တစ်ခုနဲ့ Encrypt လုပ်ပြီးပို့ .. လက်ခံတဲ့လူက အဲ့ Password သုံးပြီး Decrypt လုပ်ပြီးမှဖတ် .. အဲ့လိုဆိုရင် ပို့ထားတဲ့စာကို ကြားထဲကနေဖြတ်ဖတ်လည်း ဘာတွေပို့နေမှန်းမသိဖြစ်နေမှာပါ

လက်ရှိ iOS မှာ Text တွေကို Encrypt လုပ်ပေးနိုင်တဲ့ App တစ်ခုနဲ့အရင်စမ်းပြပါမယ် .. Android မှာလည်း သုံးလို့အဆင်ပြေတဲ့ App တွေရှိရင် Comment မှာ မျှဝေပေးခဲ့ကြပါဦး

App Download Link – https://apps.apple.com/au/app/encryptchat/id1325999320

Step 1 – အရင်ဆုံး Password တစ်ခုပေးရပါမယ် .. ဒီ Password ကို ပေးပို့တဲ့လူနဲ့ လက်ခံမယ့်လူပဲသိရထားပါမယ် .. ပြီးရင်ပို့ချင်တဲ့စာရိုက်ပြီး Encrypt နှိပ်လိုက်ပါ

Step 2 – Share ကိုနှိပ်ပြီး ကိုယ်ပို့ချင်တဲ့ကို SMS ကနေပို့ပါ

Step 3 – ဒါကတော့ ကျွန်တော်ပို့လိုက်တာကို လက်ခံလူဖက်က ဒီလို Encrypted စာတွေမြင်ရမှာဖြစ်ပါတယ်

Step 4 – လက်ခံရရှိတဲ့လူက အဲ့ဒီစာကို Copy ယူပြီး App ထဲမှာ Paste လိုက်ပါ .. Password ကို ပေးပို့တဲ့လူထားထားတဲ့ Password ရိုက်ထည့်ပြီး Decrypt နှိပ်ပါ

Final Step – အခုဆိုရင် လက်ခံတဲ့လူဆီမှာ ပို့တဲ့လူတကယ်ပို့လိုက်တဲ့စာကို မြင်ရမှာဖြစ်ပါတယ် .. ဒီနည်းနဲ့ စောင့်ကြည့်ခံရတာကိုကျော်လွှားနိုင်ကြပါစေ

Pyae Heinn Kyaw

By Pyae Heinn Kyaw

Pyae is a Defensive Cyber Professional, currently working at one of Australia's largest energy retailer.