Apple Products တွေကို စာလုံးပေါင်းမှန်အောင်ပေါင်းနည်း

UNICODE

အားလုံးပဲ မင်္ဂလာပါ .. ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ လူတော်တော်များများမှားယွင်းနေကြတဲ့ Apple Product တွေကို စာလုံးပေါင်းမှန်အောင်ပေါင်းနည်းပဲဖြစ်ပါတယ် ..

Apple Product တွေဖြစ်တဲ့ iPhone, iPad, iMac, iPod, iPad, iOS, iTunes, iMovie အစရှိတဲ့နာမည်တွေကိုဖတ်ကြည့်လိုက်ပါ .. သင့်အနေနဲ့ သတိထားမိတာ တစ်ခုတလေ,လေးများမရှိဘူးလား?

“i” နဲ့စတဲ့ Apple Products တွေတော်တော်များများမှာ “i” ကို အသေးနဲ့ရေးပြီး “i” နောက်က စကားလုံးကို အကြီးနဲ့ရေးပါတယ် .. ဒါဟာလည်း ရာဇဝင်ရှိပါတယ် .. 1998, May လမှာ Apple ရဲ့ဖခင်ကြီး Steve Jobs ဟာ ပထမဆုံး iMac ကိုစတင်မိတ်ဆက်ခဲ့ပါတယ် .. အဲ့ဒီမှာပဲ သူဟာ ဘာကြောင့် iMac လို့နာမည်ပေးထားရတာလဲဆိုတဲ့ အကြောင်းအရာကိုပါရှင်းပြခဲ့ပါတယ်

iMac လို့ခေါ်တွင်ရခြင်းအကြောင်းအရာမှာ Internet နဲ့ Macintosh တို့ရဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကို ညွှန်းဆိုတာဖြစ်တယ်လို့ပြောခဲ့ပါတယ် .. ဒါ့အပြင် iMac ဟာ Individual, Instruct, Inform, Inspire စတဲ့စကားလုံးတွေကိုပါ ညွှန်းဆိုပါလို့ဆိုပြန်ပါတယ်

အဲ့ဒီနောက်မှာတော့ iPhone ဆိုတဲ့ Product ကို 2007 မှာစတင်မိတ်ဆက်ခဲ့ပြီး အဲ့ဒီ “i” ဟာဘာကိုညွှန်းဆိုလဲဆိုတာ သေချာရှင်းပြထားခြင်းမရှိပါဘူး .. ဒါပေမယ့်လဲ iMac နဲ့ iPhone ဆိုတဲ့ “i” အသေးသုံးထားတဲ့ Naming Scheme ကိုသုံးချင်တာကြောင့် ဒါမျိုးသုံးထားတာဖြစ်နိုင်ပါတယ် .. နောက်ပြီး iPhone မှာသုံးထားတဲ့ Operating System ကိုလဲ iOS လို့နာမည်ပေးထားပြီး အဓိပ္ပာယ်ကတော့ iPhone Operating System (iOS) ဖြစ်ပါတယ်

အဲ့ဒီနောက်မှာတော့ Apple ဟာ iBook, iMovie, iTools, iCards, iDisk, iTunes, iDVD, iPod, iPhoto, iChat, iPad အစရှိတဲ့ iProducts တွေကို တစိုက်မတ်မတ်ထုတ်လုပ်တော့တာပါပဲ .. ဒါကြောင့်လဲ Apple ကထုတ်ထားတဲ့ Device တွေကို iDevice လို့ခေါ်ဆိုကြတာပါ ..ဒါတွေကတော့ “i” နဲ့စတဲ့ Product တွေအကြောင်းရှင်းပြထားတာပဲဖြစ်ပါတယ် .. အရေးကြီးတာက “i” ဆိုတဲ့စကားလုံးရဲ့နောက်က letter ဟာ အကြီးဆိုတာကို သတိပြုမိဖို့လိုပါတယ်

နောက်ထပ် Product ဖြစ်တဲ့ MacBook မှာလဲ M နဲ့ B ကအကြီးဆိုတာကို သတိပြုမိကြမှာပါ .. တချို့ Company တွေဆို နာမည်ပေးတာတောင် Apple လိုပဲ နာမည်လိုက်ပေးတတ်ကြပါတယ် .. ဥပမာ MateBook ဆိုတဲ့ နာမည်လိုပေါ့ (ဘယ် Brand လဲတော့မပြောတော့ပါဘူး) .. MacBook နောက်မှာလိုက်တဲ့ Air, Pro အစရှိတဲ့ စကားလုံးတွေကတော့ သာမန်လိုပါပဲ .. ဥပမာ MacBook Air, MacBook Pro

နောက်ပြီး AirPods မှာဆိုရင်လဲ A နဲ့ P ကအကြီးစကားလုံးတွေပါ .. AirPods မှာ “s” လဲပါ,ပါသေးတယ် .. နားကျပ်တစုံလိုက်ကို AirPods လို့ခေါ်တာဖြစ်ပြီး Left or Right တဖက်ချင်းစီကိုတော့ AirPod လို့ပဲသုံးနှုန်းပါတယ် .. Xiaomi ရဲ့ TWS EarBuds ဖြစ်တဲ့ Xiaomi AirDots မှာဆိုရင်လဲ A နဲ့ D ကအကြီးပါပဲ .. ထူးဆန်းစွာနဲ့ပဲ Naming Scheme တွေတူနေလိုက်ကြနော် :3

နောက်ထပ် Apple Product တွေဖြစ်တဲ့ iPadOS, watchOS, tvOS, macOS, HomePod, Apple TV, Apple Watch, Apple Pencil တွေမှာလဲ သူ့ဟာနဲ့သူ စကားလုံးအကြီးအသေးသုံးရမယ့်နေရာတွေရှိနေပြီးသားပါ

နောက်ထပ်အမှားတစ်ခုကတော့ Apple ကိုယ်တိုင်က Apple Watch လို့ပဲသုံးနှုန်းတဲ့ နာရီကို iWatch လို့ခေါ်ကြတာဖြစ်ပါတယ် .. ဒါဟာ Fan တွေကထွင်ပြီးခေါ်တာဖြစ်ပေမယ့် တကယ် Official Name ကတော့ Apple Watch ပဲဖြစ်ပါတယ်ခင်ဗျာ

OnePlus လို Brand မှာတောင် O နဲ့ P က အကြီးစကားလုံးတွေဖြစ်ပါတယ် .. Brand တိုင်းမှာ သူ့ဟာနဲ့သူ စကားလုံးအမှန်အတိုင်းရေးရတာတွေရှိပါတယ်

ဒီလောက်ဆိုရင် Apple Products တွေကို စာလုံးပေါင်းမှန်မှန်နဲ့ရေးတတ်သွားလောက်ကြပြီလို့ထင်ပါတယ် .. 2020 ပဲရောက်နေပြီ “iphone, Iphone” ဆိုတဲ့ စကားလုံးအမှားတွေရေးမနေကြပါနဲ့တော့

Ref : iPhone J.D.