ခုတလော သင့် iPhone ဘာကြောင့်ပူနေရတာလဲ? သင့် iPhone တွေမှာ 80% ပြည့်တာနဲ့ အားဆက်မဝင်တဲ့ ပြဿနာဖြစ်နေတာကရော ဘာကြောင့်လဲ ?

UNICODE

အားလုံးပဲမင်္ဂလာပါ .. ဒီနေ့မှာတော့ iOS User တော်တော်များများကြုံတွေ့နေရတဲ့ အခက်အခဲလေး ၂ ခုကို ဖြေရှင်းပေးသွားမှာဖြစ်ပါတယ် .. အဲ့ဒီအခက်အခဲတွေကတော့ ဖုန်းအရမ်းပူတာနဲ့ Battery 80% ပြည့်ရင် အားဆက်မဝင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်

ပထမဆုံးတချက်ဖြစ်တဲ့ ဖုန်းအရမ်းပူတဲ့ ကိစ္စကိုရှင်းလိုက်ကြရအောင် … ခုတလောမြန်မာနိုင်ငံက ဖုန်းတိုင်းပူပါတယ် .. ဘာလို့လဲ ? ရှင်းပါတယ် ရာသီဥတုပူလို့ပါ .. User တော်တော်များများက iOS Update ကြောင့်ဖုန်းပူတယ်လို့ထင်နေတာပါ .. အမှန်တကယ်ကမဟုတ်ပါဘူး .. ကျွန်တော်လဲ ဒီ iOS Update တွေကို Australia နိုင်ငံကနေသုံးနေတာပါပဲ .. ဒီမှာအားလုံးအဆင်ပြေပါတယ်

အဓိက,ကတော့ ရာသီဥတုအရမ်းပူလို့ ဖုန်းလဲအလိုလိုလိုက်ပူတာဖြစ်ပါတယ် .. သင့်ဖုန်းမပူစေချင်ရင် အဲကွန်းခန်းထဲမှာသာသုံးပါ .. Apple အဆိုအရ iPhone တလုံးရဲ့ Operating Temperature ဟာ 0-35°C အတွင်းပဲရှိသင့်တယ်လို့ဆိုပါတယ် … ဆိုလိုတာက 30°C ကျော်တာနဲ့ကို ပူနေပြီလို့သတ်မှတ်လို့ရပါတယ် .. လတ်တလော မြန်မာနိုင်ငံအပူချိန်ကလဲ 37°C နဲ့အထက်မှာရှိပါတယ် .. ဒါကြောင့်ဖုန်းတွေပါလိုက်ပူနေတာပါ

ဖုန်းအပူလွန်ကဲရင် Battery သက်တမ်းပါထိခိုက်တတ်ပါတယ် .. ဒါကြောင့်ဖုန်းပူလာရင် အပူချိန်ကိုအမြန်လျှော့ချနိုင်ဖို့ ပြုလုပ်သင့်ပါတယ် .. ဒုတိယပြဿနာဖြစ်တဲ့ ဖုန်းအားသွင်းရင် 80% ဆို အားဆက်မဝင်တဲ့ပြဿနာဟာလဲ ဒီအပူချိန်နဲ့သက်ဆိုင်ပါတယ်

ဖုန်းအားသွင်းရင် Battery မှာအပူထွက်ပါတယ် .. နဂိုကတည်းကမှ ရာသီဥတုပူလို့ဖုန်းကပူနေတဲ့အချိန် အားပါထပ်သွင်းတော့ အပူလွန်ကဲပြီး ဖုန်း Battery သက်တမ်းကို ဆိုးဆိုးရွားရွားထိခိုက်စေမှာပါ .. ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Apple က Software နဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်

ဖုန်းပူနေတဲ့အချိန် အားသွင်းတဲ့အခါ Battery Percentage တက်မလာတာက ဖုန်း Battery ပျက်တာမဟုတ်ပါဘူး .. အပူချိန်လွန်ကဲမှုမဖြစ်ပေါ်အောင် ထိန်းချုပ်ပေးတဲ့ iOS ရဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ် .. ဖုန်းအေးပြီဆိုမှ အလိုအလျောက်အားပြန်သွင်းပေးပါလိမ့်မယ်

နောက်တခုက Optimized Battery Charging ဆိုတဲ့ Function ကြောင့် 80% မှာရပ်နေတာလဲ ဖြစ်နိုင်ပါတယ် .. Optimized Battery Charging ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရှင်းပြပေးပါမယ်

iPhone ရဲ့ Machine Learning ဟာ သင်ဖုန်းသုံးတတ်တဲ့အချိန်တွေကိုမှတ်သားထားပါတယ် .. ဥပမာ မနက် ၈ နာရီမှာအိပ်ယာထပြီး ဖုန်းသုံးတတ်တယ်ဆိုပါစို့ .. သင်ညအိပ်လို့ ဖုန်းအားသွင်းတဲ့အခါ အရင်ဆုံး 80% ထိရောက်အောင်သွင်းလိုက်မှာပါ .. ပြီးရင်ရပ်ထားမှာဖြစ်ပါတယ် .. သင်ဟာ မနက် ၈ နာရီမှ ဖုန်းသုံးတတ်တယ်ဆိုတာကို ဖုန်းကသိနေတာဖြစ်လို့ မနက် ၈ နာရီအမှီ 100% သွင်းပေးမှာပါ .. ဒီတော့ Optimized Battery Charging ကြောင့် 80% မှာရပ်နေတာလဲဖြစ်နိုင်ပါတယ်

အကောင်းဆုံးကတော့ ဖုန်းကိုအပူမခံပါနဲ့ .. ဖုန်းပူလာရင်အေးအောင်လုပ်ပါ .. ဥပမာ Cooling Fan သုံးတာမျိုး ဒါမှမဟုတ် အရေးပေါ်အခြေအနေဆိုရင် Tissue ကိုရေစွတ်ပြီး နောက်မှာကပ်ထားတာမျိုးပေါ့ .. ဖုန်းအရမ်းပူလာရင် Battery သက်တမ်းကိုထိခိုက်စေတဲ့အပြင် အားသွင်းတာကိုရပ်ပစ်တာ, Display ကိုမှိန်ပစ်တာ, အင်တာနက်လိုင်းမကောင်းတော့တာ, ကင်မရာ flash မီးဖွင့်မရတော့တာ, ဖုန်း performance ကိုလျော့ချပစ်တာ (ဒီအချိန်မှာ ဂိမ်းသွားဆော့ရင်ထစ်နေမှာပါ) စတာတွေပါဖြစ်တတ်ပါတယ်

ကျွန်တော်အခုပြောထားတွေအကုန်လုံးက လျှောက်ပြောနေတာမဟုတ်ပါဘူး ..  Apple ကိုယ်တိုင်ကိုက ပြောထားတာဖြစ်ပါတယ် .. မယုံရင် ပေးထားတဲ့ Link တွေမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်

Battery Tips – https://support.apple.com/en-au/HT201569https://support.apple.com/en-au/HT201678

ဒါကြောင့် ဖုန်းကိုမပူအောင်ထားခြင်းအားဖြင့် မိမိဖုန်းသက်တမ်းကိုကြာရှည်အောင်ပြုလုပ်ပါလို့ အကြံပေးရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတော့မယ် .. အားလုံးပဲ လက်ကိုပုံမှန်ဆေးကြဖို့ မမေ့နဲ့နော် <33

Ref : Apple Support