iPhone 12 Series မှာ ဘယ်သူတွေက ဘယ် Model ကိုဝယ်ယူသင့်သလဲ?

UNICODE

အခုပြောပြပေးသွားမှာကတော့ iPhone 12 ဝယ်မယ့်လူတွေအနေနဲ့ Mini, 12, Pro, Pro Max ၄ မျိုးထဲကမှ ဘယ်သူတွေက ဘယ် Model ကို ရွေးချယ်သင့်လဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်

1. iPhone 12 Mini

iPhone 12 Mini ရဲ့ Specs တွေကိုအားလုံးပဲသိပြီးကြမှာပါ .. Specs တော်တော်များများက iPhone 12 Pro နဲ့တော်တော်တူပါတယ် .. ကွာတာဆိုလို့ RAM, Battery, Display Brightness, Build Quality လောက်ပဲကွာတာပါ ..

iPhone 12 Mini ရဲ့ Battery က 2,227 mAh ပဲပါ,ပါတယ် .. တော်တော်လေးကိုသေးတာပါ .. သေးဆို သူ့ရဲ့ Body Size ကလဲသေးတာကိုး .. iPhone 6, 6s, 7, 8 တို့ထက်တောင် နည်းနည်းပိုသေးပါတယ် .. Battery Life ကတော့ iPhone XR ထက်အနည်းငယ်ပိုနည်းမှာဖြစ်ပြီး iPhone SE (2020) ထက်တော့ပိုကောင်းမှာပါ ..

iPhone 12 Mini ကိုဘယ်လိုလူတွေကဝယ်သင့်လဲဆိုတော့ Compact ဖုန်းကြိုက်တဲ့လူတွေဝယ်သင့်ပါတယ် .. လက်ထဲကိုင်ရတာ သေးသေးကျစ်ကျစ်ရှိလှပြီး လက်တဖက်တည်းနဲ့ ဖုန်းတလုံး,လုံးကိုစိတ်ကြိုက်သုံးလို့ရတဲ့အနေအထားပါ .. Game ဆော့မယ်ဆိုတဲ့လူတွေအနေနဲ့ကတော့ iPhone 12 Mini ကိုယောင်လို့တောင်မစဥ်းစားသင့်ပါဘူး .. Screen Size က 5.4” ရှိလို့ သေးလွန်းတဲ့အနေအထားတော့မဟုတ်ပေမယ့် Game ဆော့မယ်ဆို Battery မခံလောက်တဲ့အနေအထားမို့လို့ပါ .. ဒါကြောင့် Compact ဖြစ်တာကြိုက်တယ်, Game လဲမဆော့ဘူးဆိုရင် iPhone 12 Mini ကိုရွေးသင့်ပါတယ်

2. iPhone 12

iPhone 12 Lineup ထဲမှာ Price to Value အကောင်းဆုံးဖုန်းလို့ပြောရင် ကျွန်တော်လွန်မယ်မထင်ဘူး .. iPhone 12 Mini နဲ့ Specs တွေအကုန်တူတူပဲ .. ဒါပေမယ့်သူက Battery 2,815 mAh ပါတယ် .. Battery Life အနေနဲ့ iPhone 11 နဲ့ Battery Life တူတူပဲလို့ Apple ကပြောထားပေမယ့် iPhone 11 က 1 နာရီလောက်ပိုခံပါတယ် ..

iPhone 12 ဟာမနှစ်က iPhone 11 နဲ့ယှဥ်ရင် တိုးတက်လာတဲ့အပိုင်းတွေအများကြီးရှိလာခဲ့ပြီး လူတော်တော်များများအနေနဲ့ဝယ်သင့်တဲ့ဖုန်းတလုံးပါပဲ .. ခုမှ Android ကနေ iPhone ကိုပြောင်းကိုင်မယ့်လူတွေ, Phone 6, 7, 8, X, Xs Series ကနေ Upgrade လုပ်မယ့်လူတွေအနေနဲ့ iPhone 12 ဟာ အရွေးချယ်သင့်ဆုံးဖုန်းတလုံးပါ .. ပြောရမယ်ဆိုရင်ဗျာ iPhone 12 Pro ဝယ်မယ့်လူတွေအနေနဲ့တောင် 12 Pro အစား iPhone 12 ကိုရွေးဖို့တိုက်တွန်းချင်ပါတယ် .. ဘာလို့လဲဆိုတာ အောက်မှာဆက်ကြည့်လိုက်ရအောင်

3. iPhone 12 Pro

Apple ကထုတ်လိုက်တဲ့ iPhone 12 Lineup ထဲမှာ ကမောက်ကမအနိုင်ဆုံးဖုန်းလို့မြင်ပါတယ် .. ဘာလို့လဲဆိုတော့ iPhone 12 Pro ဟာ iPhone 12 နဲ့တူတဲ့အချက်တွေတော်တော်များပါတယ် .. ကွာတာဆိုလို့ အောက်မှာပြောထားတဲ့အချက်တွေပဲကွာတာပါ

– RAM 6GB Vs 4GB
– Stainless Steel Vs Aluminum
– 800 nits Vs 625 nits
– HDR Video 4K @ 60fps Vs 4K @ 30fps
– Tele Lens Vs No-Tele Lens
– LiDAR VS No-LiDAR

ကွာခြားချက်ကဘာမှမပြောပလောက်ပါဘူး .. 12 Pro က 12 ထက် မြင်သာမှုရှိတဲ့ ပိုကောင်းတဲ့နေရာဆိုလို့ Camera ပဲရှိပါတယ် .. ဒါတောင်အကောင်းဆုံးမဟုတ်ပါဘူး .. 12 Pro ထက် 12 Pro Max က Camera ပိုကောင်းပါတယ် .. အဲ့တော့ Camera ကောင်းတာလိုချင်ရင် 12 Pro Max ကိုဝယ်ရုံပါပဲ .. 12 Pro ဟာ 12 နဲ့ Main Sensor ကအစ တခြား Camera Sensor တွေပါတူတူပါပဲ ..

ဒါကြောင့်ရိုက်လိုက်တဲ့ပုံတိုင်းကတူတူဖြစ်နေမှာပါ .. ကွာတဲ့နေရာကတော့ 12 Pro ဟာ LiDAR Scanner ပါသွားလို့ Portrait ကို Night Mode နဲ့ရိုက်လို့ရသွားတာတွေ, RAM 6GB ပါလာလို့ Apple ProRAW အသုံးပြုလို့ရတာတွေပဲဖြစ်ပါတယ် .. ဒီတော့ iPhone 12 Pro ကိုဘယ်သူတွေကဝယ်သင့်လဲ? ..

iPhone 12 Pro ရဲ့ အရောင်နဲ့ Matte Glass ကိုကြိုက်ပေမယ့် 12 Pro Max လောက် Size ကြီးလောက်မကိုင်ချင်တဲ့လူတွေ, Pro Max လောက် Size ကြီးတာမကိုင်ချင်ပဲ Night Mode Portrait ရိုက်ချင်တဲ့လူတွေအနေနဲ့ပဲဝယ်သင့်ပါတယ် .. ဆိုတော့ကား 12 Pro အစား 12 ကိုဘာကြောင့် ပိုဝယ်သင့်လဲဆိုတာသိသွားလောက်ပါပြီ

4. iPhone 12 Pro Max

အကောင်းတကာ့ အကောင်းဆုံးကိုမှလိုချင်ပါတယ်ဆိုတဲ့လူတွေအနေနဲ့ဝယ်သင့်ပါတယ် .. Size ကြီးကိုဂရုမစိုက်ဘူး Quality ပိုကောင်းဖို့လိုတယ်ဆိုတဲ့လူတွေအနေနဲ့ ဝယ်သင့်တာပါ .. iPhone 12 Pro Max ရဲ့ Main Sensor ဟာ iPhone 12 Mini, 12, 12 Pro တို့နဲ့မတူတော့ပဲ Sensor အသစ်ကိုသုံးပေးထားပါတယ် ..

အဆိုပါ Sensor အသစ်ဟာ iPhone 11 Pro Max ထက် အလင်းဝင်ရောက်မှုအား 87% ပိုကောင်းမှာဖြစ်လို့ ညဖက်တွေရိုက်ရင် ရှယ််ကြီးဖြစ်နေမှာပါ .. ဒီကြားထဲ Sensor ကြီးတခုလုံးကို Stabalise လုပ်ပေးတဲ့ Sensor-Shift Stabalisation နည်းပညာကြောင့် Video တွေရိုက်ကူးရာမှာ Stabalisation တော်တော်ကောင်းမွန်လာမှာဖြစ်ပြီး Night Mode ရိုက်ရင်လဲ လက်မငြိမ်ရင်တောင် ပုံကောင်းကောင်းတွေထွက်လာမှာပါ ..

ဒါ့အပြင် Zoom ဟာလဲ 12 Pro လို 2x Zoom မဟုတ်ပဲ 2.5x Zoom ဖြစ်သွားပါတယ် .. Battery ကတော့ 3,687 mAh ပါဝင်လာမှာဖြစ်လို့ Battery Life လဲတော်တော်ကောင်းမယ့် ဖုန်းတလုံးဖြစ်ပါတယ် .. ဒီတော့ iPhone 12 Pro Max ကိုဝယ်သင့်တဲ့လူတွေဟာ အကောင်းဆုံးဆိုတဲ့အရာတွေကိုပိုင်ဆိုင်ချင်တဲ့လူတွေအနေနဲ့ ဝယ်သင့်တာဖြစ်ပါတယ်

Admin အနေနဲ့ အကြိုက်ဆုံး 2 လုံးကိုရွေးရမယ်ဆိုရင် iPhone 12 နဲ့ iPhone 12 Pro Max ပဲဖြစ်ပါတယ် .. နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ပိုက်ဆံရှိရင်ဘယ်သူ့မှဂရုမစိုက်ပဲ iPhone 12 Pro Max သာဝယ်ချလိုက်ပါ

iPhone တွေဝယ်မယ်ဆိုရင် မြန်မာ Region ဝင်တာဝယ်ဖို့အရေးကြီးပါတယ် .. ဘာလို့အရေးကြီးလဲဆိုတာဒီပို့စ်မှာဖတ်နိုင်ပါတယ် – https://www.facebook.com/103767734345211/posts/423230195732295/

ZAWGYI

အခုေျပာျပေပးသြားမွာကေတာ့ iPhone 12 ဝယ္မယ့္လူေတြအေနနဲ႔ Mini, 12, Pro, Pro Max ၄ မ်ိဳးထဲကမွ ဘယ္သူေတြက ဘယ္ Model ကို ေ႐ြးခ်ယ္သင့္လဲဆိုတာေျပာျပေပးသြားမွာျဖစ္ပါတယ္

1. iPhone 12 Mini

iPhone 12 Mini ရဲ႕ Specs ေတြကိုအားလုံးပဲသိၿပီးၾကမွာပါ .. Specs ေတာ္ေတာ္မ်ားမ်ားက iPhone 12 Pro နဲ႔ေတာ္ေတာ္တူပါတယ္ .. ကြာတာဆိုလို႔ RAM, Battery, Display Brightness, Build Quality ေလာက္ပဲကြာတာပါ ..

iPhone 12 Mini ရဲ႕ Battery က 2,227 mAh ပဲပါ,ပါတယ္ .. ေတာ္ေတာ္ေလးကိုေသးတာပါ .. ေသးဆို သူ႔ရဲ႕ Body Size ကလဲေသးတာကိုး .. iPhone 6, 6s, 7, 8 တို႔ထက္ေတာင္ နည္းနည္းပိုေသးပါတယ္ .. Battery Life ကေတာ့ iPhone XR ထက္အနည္းငယ္ပိုနည္းမွာျဖစ္ၿပီး iPhone SE (2020) ထက္ေတာ့ပိုေကာင္းမွာပါ ..

iPhone 12 Mini ကိုဘယ္လိုလူေတြကဝယ္သင့္လဲဆိုေတာ့ Compact ဖုန္းႀကိဳက္တဲ့လူေတြဝယ္သင့္ပါတယ္ .. လက္ထဲကိုင္ရတာ ေသးေသးက်စ္က်စ္ရွိလွၿပီး လက္တဖက္တည္းနဲ႔ ဖုန္းတလုံး,လုံးကိုစိတ္ႀကိဳက္သုံးလို႔ရတဲ့အေနအထားပါ .. Game ေဆာ့မယ္ဆိုတဲ့လူေတြအေနနဲ႔ကေတာ့ iPhone 12 Mini ကိုေယာင္လို႔ေတာင္မစဥ္းစားသင့္ပါဘူး .. Screen Size က 5.4” ရွိလို႔ ေသးလြန္းတဲ့အေနအထားေတာ့မဟုတ္ေပမယ့္ Game ေဆာ့မယ္ဆို Battery မခံေလာက္တဲ့အေနအထားမို႔လို႔ပါ .. ဒါေၾကာင့္ Compact ျဖစ္တာႀကိဳက္တယ္, Game လဲမေဆာ့ဘူးဆိုရင္ iPhone 12 Mini ကိုေ႐ြးသင့္ပါတယ္

2. iPhone 12

iPhone 12 Lineup ထဲမွာ Price to Value အေကာင္းဆုံးဖုန္းလို႔ေျပာရင္ ကြၽန္ေတာ္လြန္မယ္မထင္ဘူး .. iPhone 12 Mini နဲ႔ Specs ေတြအကုန္တူတူပဲ .. ဒါေပမယ့္သူက Battery 2,815 mAh ပါတယ္ .. Battery Life အေနနဲ႔ iPhone 11 နဲ႔ Battery Life တူတူပဲလို႔ Apple ကေျပာထားေပမယ့္ iPhone 11 က 1 နာရီေလာက္ပိုခံပါတယ္ ..

iPhone 12 ဟာမႏွစ္က iPhone 11 နဲ႔ယွဥ္ရင္ တိုးတက္လာတဲ့အပိုင္းေတြအမ်ားႀကီးရွိလာခဲ့ၿပီး လူေတာ္ေတာ္မ်ားမ်ားအေနနဲ႔ဝယ္သင့္တဲ့ဖုန္းတလုံးပါပဲ .. ခုမွ Android ကေန iPhone ကိုေျပာင္းကိုင္မယ့္လူေတြ, Phone 6, 7, 8, X, Xs Series ကေန Upgrade လုပ္မယ့္လူေတြအေနနဲ႔ iPhone 12 ဟာ အေ႐ြးခ်ယ္သင့္ဆုံးဖုန္းတလုံးပါ .. ေျပာရမယ္ဆိုရင္ဗ်ာ iPhone 12 Pro ဝယ္မယ့္လူေတြအေနနဲ႔ေတာင္ 12 Pro အစား iPhone 12 ကိုေ႐ြးဖို႔တိုက္တြန္းခ်င္ပါတယ္ .. ဘာလို႔လဲဆိုတာ ေအာက္မွာဆက္ၾကည့္လိုက္ရေအာင္

3. iPhone 12 Pro

Apple ကထုတ္လိုက္တဲ့ iPhone 12 Lineup ထဲမွာ ကေမာက္ကမအႏိုင္ဆုံးဖုန္းလို႔ျမင္ပါတယ္ .. ဘာလို႔လဲဆိုေတာ့ iPhone 12 Pro ဟာ iPhone 12 နဲ႔တူတဲ့အခ်က္ေတြေတာ္ေတာ္မ်ားပါတယ္ .. ကြာတာဆိုလို႔ ေအာက္မွာေျပာထားတဲ့အခ်က္ေတြပဲကြာတာပါ

– RAM 6GB Vs 4GB
– Stainless Steel Vs Aluminum
– 800 nits Vs 625 nits
– HDR Video 4K @ 60fps Vs 4K @ 30fps
– Tele Lens Vs No-Tele Lens
– LiDAR VS No-LiDAR

ကြာျခားခ်က္ကဘာမွမေျပာပေလာက္ပါဘူး .. 12 Pro က 12 ထက္ ျမင္သာမႈရွိတဲ့ ပိုေကာင္းတဲ့ေနရာဆိုလို႔ Camera ပဲရွိပါတယ္ .. ဒါေတာင္အေကာင္းဆုံးမဟုတ္ပါဘူး .. 12 Pro ထက္ 12 Pro Max က Camera ပိုေကာင္းပါတယ္ .. အဲ့ေတာ့ Camera ေကာင္းတာလိုခ်င္ရင္ 12 Pro Max ကိုဝယ္႐ုံပါပဲ .. 12 Pro ဟာ 12 နဲ႔ Main Sensor ကအစ တျခား Camera Sensor ေတြပါတူတူပါပဲ ..

ဒါေၾကာင့္႐ိုက္လိုက္တဲ့ပုံတိုင္းကတူတူျဖစ္ေနမွာပါ .. ကြာတဲ့ေနရာကေတာ့ 12 Pro ဟာ LiDAR Scanner ပါသြားလို႔ Portrait ကို Night Mode နဲ႔႐ိုက္လို႔ရသြားတာေတြ, RAM 6GB ပါလာလို႔ Apple ProRAW အသုံးျပဳလို႔ရတာေတြပဲျဖစ္ပါတယ္ .. ဒီေတာ့ iPhone 12 Pro ကိုဘယ္သူေတြကဝယ္သင့္လဲ? ..

iPhone 12 Pro ရဲ႕ အေရာင္နဲ႔ Matte Glass ကိုႀကိဳက္ေပမယ့္ 12 Pro Max ေလာက္ Size ႀကီးေလာက္မကိုင္ခ်င္တဲ့လူေတြ, Pro Max ေလာက္ Size ႀကီးတာမကိုင္ခ်င္ပဲ Night Mode Portrait ႐ိုက္ခ်င္တဲ့လူေတြအေနနဲ႔ပဲဝယ္သင့္ပါတယ္ .. ဆိုေတာ့ကား 12 Pro အစား 12 ကိုဘာေၾကာင့္ ပိုဝယ္သင့္လဲဆိုတာသိသြားေလာက္ပါၿပီ

4. iPhone 12 Pro Max

အေကာင္းတကာ့ အေကာင္းဆုံးကိုမွလိုခ်င္ပါတယ္ဆိုတဲ့လူေတြအေနနဲ႔ဝယ္သင့္ပါတယ္ .. Size ႀကီးကိုဂ႐ုမစိုက္ဘူး Quality ပိုေကာင္းဖို႔လိုတယ္ဆိုတဲ့လူေတြအေနနဲ႔ ဝယ္သင့္တာပါ .. iPhone 12 Pro Max ရဲ႕ Main Sensor ဟာ iPhone 12 Mini, 12, 12 Pro တို႔နဲ႔မတူေတာ့ပဲ Sensor အသစ္ကိုသုံးေပးထားပါတယ္ ..

အဆိုပါ Sensor အသစ္ဟာ iPhone 11 Pro Max ထက္ အလင္းဝင္ေရာက္မႈအား 87% ပိုေကာင္းမွာျဖစ္လို႔ ညဖက္ေတြ႐ိုက္ရင္ ရွယ္္ႀကီးျဖစ္ေနမွာပါ .. ဒီၾကားထဲ Sensor ႀကီးတခုလုံးကို Stabalise လုပ္ေပးတဲ့ Sensor-Shift Stabalisation နည္းပညာေၾကာင့္ Video ေတြ႐ိုက္ကူးရာမွာ Stabalisation ေတာ္ေတာ္ေကာင္းမြန္လာမွာျဖစ္ၿပီး Night Mode ႐ိုက္ရင္လဲ လက္မၿငိမ္ရင္ေတာင္ ပုံေကာင္းေကာင္းေတြထြက္လာမွာပါ ..

ဒါ့အျပင္ Zoom ဟာလဲ 12 Pro လို 2x Zoom မဟုတ္ပဲ 2.5x Zoom ျဖစ္သြားပါတယ္ .. Battery ကေတာ့ 3,687 mAh ပါဝင္လာမွာျဖစ္လို႔ Battery Life လဲေတာ္ေတာ္ေကာင္းမယ့္ ဖုန္းတလုံးျဖစ္ပါတယ္ .. ဒီေတာ့ iPhone 12 Pro Max ကိုဝယ္သင့္တဲ့လူေတြဟာ အေကာင္းဆုံးဆိုတဲ့အရာေတြကိုပိုင္ဆိုင္ခ်င္တဲ့လူေတြအေနနဲ႔ ဝယ္သင့္တာျဖစ္ပါတယ္

Admin အေနနဲ႔ အႀကိဳက္ဆုံး 2 လုံးကိုေ႐ြးရမယ္ဆိုရင္ iPhone 12 နဲ႔ iPhone 12 Pro Max ပဲျဖစ္ပါတယ္ .. ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာကေတာ့ ပိုက္ဆံရွိရင္ဘယ္သူ႔မွဂ႐ုမစိုက္ပဲ iPhone 12 Pro Max သာဝယ္ခ်လိုက္ပါ

iPhone ေတြဝယ္မယ္ဆိုရင္ ျမန္မာ Region ဝင္တာဝယ္ဖို႔အေရးႀကီးပါတယ္ .. ဘာလို႔အေရးႀကီးလဲဆိုတာဒီပို႔စ္မွာဖတ္ႏိုင္ပါတယ္ – https://www.facebook.com/103767734345211/posts/423230195732295/

Author : Pyae Heinn Kyaw