UNICODE
Mobile Data တွေကဈေးကြီးလာပြီဆိုတော့ Mobile Data နဲ့သုံးနေတဲ့လူတွေအတွက် အပိုမကုန်ရအောင် ဆောင်ရန်/ရှောင်ရန်လေးတွေပြောပြပေးထားပါတယ်
1. iPhone Settings
Settings > Cellular (or Mobile Data) မှာ ကိုယ်မသုံးဖြစ်တဲ့ App တွေအတွက် Mobile Data ကိုပိတ်ထားပါ .. အောက်ကပုံမှာဝိုင်းပြထားတဲ့ နေရာမှာပိတ်ရမှာဖြစ်ပါတယ်
နောက်ပြီး မြှားပြထားတဲ့နေရာက Low Data Mode ကိုဖွင့်ထားပါ .. Low Data Mode ကိုဖွင့်ထားရင် Automatic Update တွေနဲ့ Background မှာ Data သုံးနေတဲ့အရာတွေအကုန် ပိတ်သွားမှာဖြစ်ပါတယ် .. ဒါကြောင့်မလိုအပ်ပဲ Data မကုန်တော့ပါဘူး
2. Facebook Settings
ဒါကတော့ Facebook နဲ့သက်ဆိုင်တဲ့ Settings ပါ .. Facebook App ရဲ့ Settings > Media ထဲဝင်ပြီး ပုံမှာပြထားတဲ့အတိုင်း
– Video Quality မှာ “Data Saver” ကိုရွေး,
– Autoplay မှာ “Never autoplay videos” ကိုရွေးပေးထားလိုက်ပါ
3. Telegram Settings
ဒါကတော့ Telegram နဲ့သက်ဆိုင်တဲ့ Settings ပဲဖြစ်ပါတယ်
Telegram App ထဲက Data and Storage ထဲဝင်ပြီး ပုံမှာဝိုင်းပြထားတဲ့အတိုင်း
– Background Download ကိုပိတ်ပါ
– Use Less Data for Calls ကိုဖွင့်ထားလိုက်ပါ
ပြီးရင် မြှားပြထားတဲ့ “Using Cellular” ထဲကိုဝင်ပြီး “Auto-Download Media” ကိုပိတ်ထားလိုက်ပါ .. ဒါဆို Telegram အတွက်ပြီးပါပြီ
ဒါတွေအပြင်သင်သုံးနေကျ App တွေရဲ့ Settings မှာလည်း Mobile Data သိပ်မသုံးဖို့ Settings လိုက်ချိန်ထားလို့ရပါတယ် (ဥပမာ – YouTube မှာဆို Autoplay ပိတ်ပြီး Video Quality မှာ Data Saver ပြောင်းထားလိုက်တာမျိုးပေါ့)
အားလုံးပဲအဆင်ပြေပါစေ