Welcome

iOS 14 မတင်ခင် သိထားရမည့်အချက်များ

UNICODE

အားလုံးသိကြတဲ့အတိုင်း မနက်ဖြန် (Sept 15) မြန်မာစံတော်ချိန် ည 11:30 မှာ Apple က Even တခုလုပ်ပြီး သူ့ရဲ့ Product အသစ်တွေကို ကြေငြာသွားတော့မှာဖြစ်ပါတယ် .. အဆိုပါ Event မှာ Apple Watch Series 6 နဲ့ iPad Air အသစ်တို့ကို မိတ်ဆက်နိုင်ချေ 90% လောက်သေချာနေပြီဖြစ်ပြီးတော့ iPhone နဲ့ MacBook အသစ်တွေ ပါဝင်မလားဆိုတာကတော့ အခုထိမသိရသေးပါဘူး

ဒီ Event အပြီးမှာ iOS 14 နဲ့ iPadOS 14 တို့ကို Official Release လုပ်မယ့်ရက်ကိုပါ Announce လုပ်သွားနိုင်ချေရှိပါတယ် .. အဲ့တော့ iOS 14 နဲ့ iPadOS 14 Official ထွက်လာလို့ Update တင်တော့မယ်ဆိုရင် လုပ်ဆောင်ရမယ့်အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်

1. Backup လုပ်ပါ .. သင့်ဖုန်းထဲက Data က အရမ်းအရေးကြီးတယ်ဆိုရင် Update မလုပ်ခင် Backup လုပ်ဖို့ တိုက်တွန်းပါရစေ .. Update လုပ်နေရင်း Fail ဖြစ်သွားနိုင်ချေနည်းပေမယ့် တကယ်လို့ Fail ဖြစ်ခဲ့ရင် Data တွေအားလုံးဆုံးရှုံးရမှာ သင်ကိုယ်တိုင်ပါ .. Computer (iTunes or 3utools) နဲ့လုပ်တာရယ် iCloud နဲ့ Backup လုပ်တာရယ်ဆိုပြီး Backup လုပ်နည်း 2 နည်းရှိပါတယ်

Computer (iTunes) နဲ့ Backup လုပ်နည်းကိုပေးထားတဲ့ Link မှာ သွားဖတ်နိုင်ပါတယ် – https://www.pyaeheinnkyaw.tech/itunes-backup/

iCloud Backup လုပ်နည်း – iCloud က 5GB ပဲ Free ပေးထားလို့ ဖုန်းတခုလုံး Backup ဖို့လုံလောက်မှာမဟုတ်ပါဘူး .. အဲ့အတွက်အရင် iCloud Storage ဝယ်ရပါမယ် .. Settings > iCloud > Manage Storage > Upgrade iCloud Storage ကနေ ကိုယ့်ဖုန်း တခုလုံး လုံလောက်မယ့် iCloud Storage Plan ကို Upgrade ပြီးပြီဆိုရင် Settings > iCloud > iCloud Backup ကို On ပေးထားပြီး ညအိပ်ရင် ဖုန်းကိုအားသွင်းထားပြီး WiFi ချိတ်ပေးလိုက်တာနဲ့ Auto Backup လုပ်ပါတယ်

2. WiFi Connection ရှိရပါမယ် .. Update Install လုပ်ဖို့အတွက် Battery 50% နဲ့အထက်ရှိရပါမယ်

3. အပေါ်ကအချက်တွေပြည့်စုံပြီဆိုရင် Settings > General > Software Update ကနေတဆင့် Update သွားတင်လို့ရပါပြီ

မှတ်ချက် .. Beta တင်ထားပြီးသားလူတွေအနေနဲ့ Official Version ကိုတင်ချင်ရင် Beta Profile ကိုဖျက်ပြီး အပေါ်ကအဆင့်တွေအတိုင်း တိုက်ရိုက်တင်လို့ရပါတယ်

iOS 14 နဲ့ iPadOS 14 တင်ခွင့်ရမည့် Device များကို အောက်ပုံပါမှာကြည့်ရှုနိုင်ပါတယ်

ZAWGYI








