ဆန္ဒထုတ်ဖော်ပွဲမသွားခင် သင့်ဖုန်းမှာလုပ်ဆောင်ထားသင့်တဲ့ အချက်များ

ယူနီကုဒ္ဗားရွင္းေအာက္တြင္ ေဇာ္ဂ်ီဗားရွင္းျဖင့္လည္းဖတ္ရႈႏိုင္ပါသည္။

UNICODE

ကျွန်တော်ပြောပြပေးသွားမှာကတော့ ဆန္ဒထုတ်ဖော်ပွဲမသွားခင် သင့်ဖုန်းမှာပြင်ဆင်ထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ် .. ဒီလိုပြင်ဆင်ထားမှသာ မတော်တဆ ဖုန်းစစ်ဆေးခံရတာမျိုး, ဖုန်းပျောက်သွားတာမျိုး, နောက်ယောင်ခံလိုက်ခြင်းမျိုးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ် .. ကဲစလိုက်ရအောင်

1. Encrypt

ဖုန်းကို Encrypt လုပ်ထားဖို့တိုက်တွန်းလိုပါတယ် .. ဒါမှသာကိုယ့်ဖုန်းကိုရသွားတဲ့လူက အလွယ်တကူမဖွင့်နိုင်မှာပါ .. iPhone တွေမှာဆို Settings > Face ID & Passcode မှာ Passcode ကို On ပေးထားတာထာနဲ့ Auto Encrypt လုပ်ပြီးသားပါ

Android တွေမှာတော့ Settings > Security & Location > Advanced > Encryption & Credentials > Encrypt Phone လုပ်ပေးလိုက်ပါ

2. Erase Data

iPhone တွေမှာ သင့်ဖုန်း Passcode ကို 10 ခါတိတိမှားရိုက်တာနဲ့ ဖုန်းထဲက Data တွေအလိုအလျောက်ဖျက်ပေးမယ့် Feature ပါဝင်ပါတယ် .. Settings > Face ID & Passcode > Erase Data ကိုဖွင့်ပေးထားလိုက်ပါ

ဒါဖွင့်ပြီးရင်တော့ Passcode မမေ့ဖို့လိုတယ်နော် .. Passcode 10 ခါမှားရိုက်တာနဲ့ ဖုန်းထဲက Data တွေအားလုံးပျက်မှာပါ

3. Backup

အပေါ်မှာ Passcode 10 ခါမှားရိုက်တာနဲ့ Data တွေ Auto ပျက်သွားမှာကို ဖွင့်ပေးထားတယ်ဆိုရင် သင့်ဖုန်းကို Backup လုပ်ထားသင့်ပါတယ် .. ဒါမှသာ မတော်တဆဖုန်းပျက်တာ, ဖုန်းပျောက်တာတို့ဆိုရင် Backup လုပ်ထားတဲ့ File ကနေ သင့် Data တွေပြန်ယူနိုင်မှာပါ

iPhone သမားတွေကတော့ iCloud နဲ့ Backup လုပ်လို့ရသလို Laptop နဲ့ဆို iTunes ကိုအသုံးပြုပြီး Backup လုပ်ထားနိုင်ပါတယ် .. ကျွန်တော်ကတော့ iTunes နဲ့ Backup လုပ်တာကိုပိုအားပေးပါတယ် .. iCloud Backup က WiFi connection ကောင်းဖို့လိုအပ်တာကြောင့် လက်ရှိအခြေအနေအရ မသင့်တော်ဘူးလို့မြင်ပါတယ်

iTunes နဲ့ Backup လုပ်နည်း – https://www.pyaeheinnkyaw.tech/itunes-backup/

4. Don’t Use Biometric Authentication

Biometric Authentication ဆိုတာ သင့်ခန္တာကိုယ်အစိတ်အပိုင်းကိုအသုံးပြုပြီး ဖုန်းကို Unlock လုပ်ရတာမျိုးကိုခေါ်တာပါ .. ယနေ့ခေတ်ဖုန်းအများစုမှာ Fingerprint ခေါ် Touch ID ပါဝင်ပါတယ် .. iPhone တွေမှာတော့ Face ID အသုံးများပါတယ် .. ဆန္ဒထုတ်ဖော်ပွဲသွားမယ်ဆိုရင် Touch ID သို့မဟုတ် Face ID ရော ပိတ်ထားပြီး Passcode သီးသန့်သာ အသုံးပြုဖို့တိုက်တွန်းလိုပါတယ်

iPhone တွေမှာဆိုရင် Settings > Face ID & Passcode > iPhone Unlock ကို ပိတ်ထားလိုက်ပါ .. အိမ်ပြန်ရောက်မှ ပြန်ဖွင့်ပါ

5. Things to Turn Off

မလိုအပ်ရင် WiFi, Bluetooth တို့ကို ပိတ်ထားပေးပါ .. ဒါ့အပြင် သင်သုံးလေ့သုံးထမရှိတဲ့ Apps တွေကိုလည်း Celluar Data access ပိတ်ထားပေးပါ .. iPhone တွေမှာဆိုရင် Settings > Cellular Data (Mobile Data) ထဲက သင်မသုံးတဲ့ App တွေကိုပိတ်ပေးလိုက်ပါ

သင်မသုံးတဲ့ App တွေကနေ Internet Data သုံးနေတဲ့အခါမျိုးမှာ Battery နဲ့ Data ပိုကုန်သလို သင့်ကို Location Tracking လိုက်ရတာလည်း ပိုမိုလွယ်ကူသွားမှာဖြစ်လို့ ပိတ်ခိုင်းထားရတာဖြစ်ပါတယ်

နောက်တစ်ခုကတော့ Application တွေကို Notification ကိုပိတ်ထားပါ .. သင့်ဖုန်းကို တခြားလူကရသွားတဲ့အခါ Noti တွေကနေတဆင့် မမြင်သင့်တာတွေ မြင်သွားနိုင်ပါတယ် .. iPhone တွေမှာဆိုရင် Noti ကိုပိတ်စရာမလိုပဲ Settings > Notifications > Show Previews > When Unlocked ကိုရွေးပေးထားလိုက်ပါ .. ဒါဆိုရင် ဖုန်းကို Unlocked ထားမှ Noti Content ကိုမြင်ရမှာဖြစ်ပြီး Locked လုပ်ထားချိန်မှာ ဘယ် App က Noti တက်တယ်ဆိုတာလောက်ပဲမြင်ရတာဖြစ်လို့ ပိုလုံခြုံပါတယ်

ဖြစ်နိုင်ရင်တော့ မသုံးတဲ့ App တွေကို Noti ပိတ်ထားတာအကောင်းဆုံးပါပဲ .. အင်တာနက်ကိုတော့ဖွင့်ထားစေချင်ပါတယ် .. ဖုန်းပျောက်တဲ့အခါမျိုးမှာ ဒါမှမဟုတ် သင်ဘယ်နေရာရောက်နေသလဲဆိုတာကို သင့်မိသားစုဝင်တွေက Tracking လုပ်ချင်တဲ့အခါမျိုးမှာ Internet နဲ့ Location Services (GPS) ဖွင့်ထားမှ အဆင်ပြေမှာ မို့လို့ပါ

ကိုယ့်တည်နေရာကို Location Sharing လုပ်ပေးချင်ရင် ဒီနည်းအတိုင်းလုပ်ပေးလို့ရပါတယ် – https://www.facebook.com/103767734345211/posts/505962350792412/

6. Use End-to-End Encrypted Apps

ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေကို Communicate လုပ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ Apps တွေအသုံးပြုဖို့ပါတယ် .. ကျွန်တော်ကတော့ Messenger ကမလုံခြုံတဲ့အခြေအနေမှာ Signal ဆိုတဲ့ App ကိုအားပေးပါတယ် .. အောက်မှာ Download Link တွေချပေးထားပါမယ်

iOS – https://apps.apple.com/au/app/signal-private-messenger/id874139669

Android – https://play.google.com/store/apps/details?id=org.thoughtcrime.securesms&hl=en_AU&gl=US

iPhone သမားတွေဆိုရင် iMessage ကိုအသုံးပြုနိုင်ပါတယ် .. iMessage အသုံးပြုနည်း – https://www.pyaeheinnkyaw.tech/imessage-cheat-sheet/

7. Don’t Use Usual Accounts

အပြင်သွားတဲ့အခါမှာ ကိုယ့်ရဲ့ Social Media တွေမှာ ကိုယ်သုံးနေကျ Account ကိုထွက်ထားပြီး Fake Account လိုဟာမျိုးနဲ့သာ ဝင်ထားသင့်ပါတယ်

8. Use VPN

ဘာသုံးသုံး Internet ဖွင့်ပြီဆိုတာနဲ့ VPN ချိတ်ထားပါ .. လက်ရှိ Free VPN တွေတော်တော်များများ Ban ခံထားရပြီဖြစ်လို့ ဘာသုံးပါဆိုပြီးအကြံမပြုတတ်ပါဘူး .. ကိုယ်နဲ့အဆင်ပြေရာသာသုံးပါ .. ဝယ်သုံးမယ်ဆိုရင် WindscribeVPN လို Premium VPN တွေကို စျေးသက်သက်သာသာနဲ့ရောင်းပေးတဲ့ Facebook Page တွေရှိပါတယ် .. ရှာကြည့်ကြပါ

9. Set Lock Screen Time Limit

Auto-Lock အချိန်ကိုအနည်းဆုံးထားပေးပါ .. iPhone တွေမှာဆိုရင် ​Settings > Display & Brightness > Auto-Lock ကို 30 Seconds သာပြောင်းထားပေးပါ (Low Power Mode ဖွင့်ထားရင်တော့ 30 Seconds Auto ပြောင်းပါတယ်)

10. Setup Emergency Contacts & Medical ID

iPhone တွေမှာဆိုရင် Settings > Emergency SOS မှာ Emergency Contacts တွေထည့်ထားပေးပါ .. Medical ID ကိုထည့်ချင်တယ်ဆိုရင် Health App ထဲက Medical ID မှာ ကိုယ့်ရဲ့ အရပ်, ကိုယ်အလေးချိန်, သွေးအမျိုးအစား စတာတွေကိုထည့်ထားနိုင်ပါတယ်

11. Sim PIN

ဒီအဆင့်ကတော့ အန္တရာယ်များလို့ ကိုယ့်တာဝန်ကိုယ်ယူနိုင်မှလုပ်သင့်ပါတယ် .. ကျွန်တော်တို့ဖုန်းတွေမှာ Sim PIN ဆိုတာရှ်ိပါတယ် .. ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ဖုန်းထဲထည့်ထားတဲ့ Sim ကို တခြားဖုန်းကို ပြောင်းထည့်လိုက်မျိုး ဒါမှမဟုတ် လက်ရှိဖုန်းကို Restart ချလိုက်တဲ့အချိန်မျိုး Sim ကို Lock ချလိုက်တာပါ .. ကိုယ်ပေးထားတဲ့ Sim PIN နဲ့သာ Unlock လုပ်လို့ရမှာဖြစ်လို့ ဖုန်းခိုးခံရတာဆိုရင် ကိုယ့် Sim Card ကိုသူများသုံးလို့မရအောင် ကာကွယ်ထားလို့ရပါတယ်

ဒါပေမယ့် ဆိုးတာတစ်ခုက ပေးထားတဲ့ Sim PIN ကိုမေ့သွားရင် ကိုယ့်ရဲ့ Sim က Permanently Lock ကျသွားမှာဖြစ်လို့ Operator ဆီကိုယ်တိုင်သွားပြီး ကဒ်အသစ်လျှောက်ရမှာဖြစ်ပါတယ် .. ဒီကာလကြီးမှာ ဒီလိုအလုပ်များမှာတွေကြောက်ရင်တော့ Sim PIN မလုပ်ဖို့အကြံပြုချင်ပါတယ် .. လုပ်မယ်ဆိုရင်လည်း ကိုယ်ပေးထားတဲ့ PIN ကိုသေချာမှတ်ထားဖို့လိုပါမယ်

iOS – Settings > Cellular > SIM PIN

Android – Settings > Security > SIM card lock

ဒီလောက်ဆိုလုံလောက်ပါပြီ .. အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ ၁၁ ချက်ကိုသာသေချာလုပ်ထားမယ်ဆိုရင် လက်အေးလက်အေးနဲ့ Protest လုပ်လို့ရပြီဖြစ်ပါတယ်

ZAWGYI

ကြၽန္ေတာ္ေျပာျပေပးသြားမွာကေတာ့ ဆႏၵထုတ္ေဖာ္ပြဲမသြားခင္ သင့္ဖုန္းမွာျပင္ဆင္ထားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္ .. ဒီလိုျပင္ဆင္ထားမွသာ မေတာ္တဆ ဖုန္းစစ္ေဆးခံရတာမ်ိဳး, ဖုန္းေပ်ာက္သြားတာမ်ိဳး, ေနာက္ေယာင္ခံလိုက္ျခင္းမ်ိဳးမွ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္ .. ကဲစလိုက္ရေအာင္

1. Encrypt

ဖုန္းကို Encrypt လုပ္ထားဖို႔တိုက္တြန္းလိုပါတယ္ .. ဒါမွသာကိုယ့္ဖုန္းကိုရသြားတဲ့လူက အလြယ္တကူမဖြင့္ႏိုင္မွာပါ .. iPhone ေတြမွာဆို Settings > Face ID & Passcode မွာ Passcode ကို On ေပးထားတာထာနဲ႔ Auto Encrypt လုပ္ၿပီးသားပါ

Android ေတြမွာေတာ့ Settings > Security & Location > Advanced > Encryption & Credentials > Encrypt Phone လုပ္ေပးလိုက္ပါ

2. Erase Data

iPhone ေတြမွာ သင့္ဖုန္း Passcode ကို 10 ခါတိတိမွား႐ိုက္တာနဲ႔ ဖုန္းထဲက Data ေတြအလိုအေလ်ာက္ဖ်က္ေပးမယ့္ Feature ပါဝင္ပါတယ္ .. Settings > Face ID & Passcode > Erase Data ကိုဖြင့္ေပးထားလိုက္ပါ

ဒါဖြင့္ၿပီးရင္ေတာ့ Passcode မေမ့ဖို႔လိုတယ္ေနာ္ .. Passcode 10 ခါမွား႐ိုက္တာနဲ႔ ဖုန္းထဲက Data ေတြအားလုံးပ်က္မွာပါ

3. Backup

အေပၚမွာ Passcode 10 ခါမွား႐ိုက္တာနဲ႔ Data ေတြ Auto ပ်က္သြားမွာကို ဖြင့္ေပးထားတယ္ဆိုရင္ သင့္ဖုန္းကို Backup လုပ္ထားသင့္ပါတယ္ .. ဒါမွသာ မေတာ္တဆဖုန္းပ်က္တာ, ဖုန္းေပ်ာက္တာတို႔ဆိုရင္ Backup လုပ္ထားတဲ့ File ကေန သင့္ Data ေတြျပန္ယူႏိုင္မွာပါ

iPhone သမားေတြကေတာ့ iCloud နဲ႔ Backup လုပ္လို႔ရသလို Laptop နဲ႔ဆို iTunes ကိုအသုံးျပဳၿပီး Backup လုပ္ထားႏိုင္ပါတယ္ .. ကြၽန္ေတာ္ကေတာ့ iTunes နဲ႔ Backup လုပ္တာကိုပိုအားေပးပါတယ္ .. iCloud Backup က WiFi connection ေကာင္းဖို႔လိုအပ္တာေၾကာင့္ လက္ရွိအေျခအေနအရ မသင့္ေတာ္ဘူးလို႔ျမင္ပါတယ္

iTunes နဲ႔ Backup လုပ္နည္း – https://www.pyaeheinnkyaw.tech/itunes-backup/

4. Don’t Use Biometric Authentication

Biometric Authentication ဆိုတာ သင့္ခႏၲာကိုယ္အစိတ္အပိုင္းကိုအသုံးျပဳၿပီး ဖုန္းကို Unlock လုပ္ရတာမ်ိဳးကိုေခၚတာပါ .. ယေန႔ေခတ္ဖုန္းအမ်ားစုမွာ Fingerprint ေခၚ Touch ID ပါဝင္ပါတယ္ .. iPhone ေတြမွာေတာ့ Face ID အသုံးမ်ားပါတယ္ .. ဆႏၵထုတ္ေဖာ္ပြဲသြားမယ္ဆိုရင္ Touch ID သို႔မဟုတ္ Face ID ေရာ ပိတ္ထားၿပီး Passcode သီးသန႔္သာ အသုံးျပဳဖို႔တိုက္တြန္းလိုပါတယ္

iPhone ေတြမွာဆိုရင္ Settings > Face ID & Passcode > iPhone Unlock ကို ပိတ္ထားလိုက္ပါ .. အိမ္ျပန္ေရာက္မွ ျပန္ဖြင့္ပါ

5. Things to Turn Off

မလိုအပ္ရင္ WiFi, Bluetooth တို႔ကို ပိတ္ထားေပးပါ .. ဒါ့အျပင္ သင္သုံးေလ့သုံးထမရွိတဲ့ Apps ေတြကိုလည္း Celluar Data access ပိတ္ထားေပးပါ .. iPhone ေတြမွာဆိုရင္ Settings > Cellular Data (Mobile Data) ထဲက သင္မသုံးတဲ့ App ေတြကိုပိတ္ေပးလိုက္ပါ

သင္မသုံးတဲ့ App ေတြကေန Internet Data သုံးေနတဲ့အခါမ်ိဳးမွာ Battery နဲ႔ Data ပိုကုန္သလို သင့္ကို Location Tracking လိုက္ရတာလည္း ပိုမိုလြယ္ကူသြားမွာျဖစ္လို႔ ပိတ္ခိုင္းထားရတာျဖစ္ပါတယ္

ေနာက္တစ္ခုကေတာ့ Application ေတြကို Notification ကိုပိတ္ထားပါ .. သင့္ဖုန္းကို တျခားလူကရသြားတဲ့အခါ Noti ေတြကေနတဆင့္ မျမင္သင့္တာေတြ ျမင္သြားႏိုင္ပါတယ္ .. iPhone ေတြမွာဆိုရင္ Noti ကိုပိတ္စရာမလိုပဲ Settings > Notifications > Show Previews > When Unlocked ကိုေ႐ြးေပးထားလိုက္ပါ .. ဒါဆိုရင္ ဖုန္းကို Unlocked ထားမွ Noti Content ကိုျမင္ရမွာျဖစ္ၿပီး Locked လုပ္ထားခ်ိန္မွာ ဘယ္ App က Noti တက္တယ္ဆိုတာေလာက္ပဲျမင္ရတာျဖစ္လို႔ ပိုလုံၿခဳံပါတယ္

ျဖစ္ႏိုင္ရင္ေတာ့ မသုံးတဲ့ App ေတြကို Noti ပိတ္ထားတာအေကာင္းဆုံးပါပဲ .. အင္တာနက္ကိုေတာ့ဖြင့္ထားေစခ်င္ပါတယ္ .. ဖုန္းေပ်ာက္တဲ့အခါမ်ိဳးမွာ ဒါမွမဟုတ္ သင္ဘယ္ေနရာေရာက္ေနသလဲဆိုတာကို သင့္မိသားစုဝင္ေတြက Tracking လုပ္ခ်င္တဲ့အခါမ်ိဳးမွာ Internet နဲ႔ Location Services (GPS) ဖြင့္ထားမွ အဆင္ေျပမွာ မို႔လို႔ပါ

ကိုယ့္တည္ေနရာကို Location Sharing လုပ္ေပးခ်င္ရင္ ဒီနည္းအတိုင္းလုပ္ေပးလို႔ရပါတယ္ – https://www.facebook.com/103767734345211/posts/505962350792412/

6. Use End-to-End Encrypted Apps

ကိုယ္နဲ႔ ကိုယ့္သူငယ္ခ်င္းေတြကို Communicate လုပ္ဖို႔အတြက္ လုံၿခဳံစိတ္ခ်ရတဲ့ Apps ေတြအသုံးျပဳဖို႔ပါတယ္ .. ကြၽန္ေတာ္ကေတာ့ Messenger ကမလုံၿခဳံတဲ့အေျခအေနမွာ Signal ဆိုတဲ့ App ကိုအားေပးပါတယ္ .. ေအာက္မွာ Download Link ေတြခ်ေပးထားပါမယ္

iOS – https://apps.apple.com/au/app/signal-private-messenger/id874139669

Android – https://play.google.com/store/apps/details?id=org.thoughtcrime.securesms&hl=en_AU&gl=US

iPhone သမားေတြဆိုရင္ iMessage ကိုအသုံးျပဳႏိုင္ပါတယ္ .. iMessage အသုံးျပဳနည္း – https://www.pyaeheinnkyaw.tech/imessage-cheat-sheet/

7. Don’t Use Usual Accounts

အျပင္သြားတဲ့အခါမွာ ကိုယ့္ရဲ႕ Social Media ေတြမွာ ကိုယ္သုံးေနက် Account ကိုထြက္ထားၿပီး Fake Account လိုဟာမ်ိဳးနဲ႔သာ ဝင္ထားသင့္ပါတယ္

8. Use VPN

ဘာသုံးသုံး Internet ဖြင့္ၿပီဆိုတာနဲ႔ VPN ခ်ိတ္ထားပါ .. လက္ရွိ Free VPN ေတြေတာ္ေတာ္မ်ားမ်ား Ban ခံထားရၿပီျဖစ္လို႔ ဘာသုံးပါဆိုၿပီးအႀကံမျပဳတတ္ပါဘူး .. ကိုယ္နဲ႔အဆင္ေျပရာသာသုံးပါ .. ဝယ္သုံးမယ္ဆိုရင္ WindscribeVPN လို Premium VPN ေတြကို ေစ်းသက္သက္သာသာနဲ႔ေရာင္းေပးတဲ့ Facebook Page ေတြရွိပါတယ္ .. ရွာၾကည့္ၾကပါ

9. Set Lock Screen Time Limit

Auto-Lock အခ်ိန္ကိုအနည္းဆုံးထားေပးပါ .. iPhone ေတြမွာဆိုရင္ ​Settings > Display & Brightness > Auto-Lock ကို 30 Seconds သာေျပာင္းထားေပးပါ (Low Power Mode ဖြင့္ထားရင္ေတာ့ 30 Seconds Auto ေျပာင္းပါတယ္)

10. Setup Emergency Contacts & Medical ID

iPhone ေတြမွာဆိုရင္ Settings > Emergency SOS မွာ Emergency Contacts ေတြထည့္ထားေပးပါ .. Medical ID ကိုထည့္ခ်င္တယ္ဆိုရင္ Health App ထဲက Medical ID မွာ ကိုယ့္ရဲ႕ အရပ္, ကိုယ္အေလးခ်ိန္, ေသြးအမ်ိဳးအစား စတာေတြကိုထည့္ထားႏိုင္ပါတယ္

11. Sim PIN

ဒီအဆင့္ကေတာ့ အႏၲရာယ္မ်ားလို႔ ကိုယ့္တာဝန္ကိုယ္ယူႏိုင္မွလုပ္သင့္ပါတယ္ .. ကြၽန္ေတာ္တို႔ဖုန္းေတြမွာ Sim PIN ဆိုတာရွ္ိပါတယ္ .. ဘယ္လိုအလုပ္လုပ္သလဲဆိုေတာ့ ဖုန္းထဲထည့္ထားတဲ့ Sim ကို တျခားဖုန္းကို ေျပာင္းထည့္လိုက္မ်ိဳး ဒါမွမဟုတ္ လက္ရွိဖုန္းကို Restart ခ်လိုက္တဲ့အခ်ိန္မ်ိဳး Sim ကို Lock ခ်လိုက္တာပါ .. ကိုယ္ေပးထားတဲ့ Sim PIN နဲ႔သာ Unlock လုပ္လို႔ရမွာျဖစ္လို႔ ဖုန္းခိုးခံရတာဆိုရင္ ကိုယ့္ Sim Card ကိုသူမ်ားသုံးလို႔မရေအာင္ ကာကြယ္ထားလို႔ရပါတယ္

ဒါေပမယ့္ ဆိုးတာတစ္ခုက ေပးထားတဲ့ Sim PIN ကိုေမ့သြားရင္ ကိုယ့္ရဲ႕ Sim က Permanently Lock က်သြားမွာျဖစ္လို႔ Operator ဆီကိုယ္တိုင္သြားၿပီး ကဒ္အသစ္ေလွ်ာက္ရမွာျဖစ္ပါတယ္ .. ဒီကာလႀကီးမွာ ဒီလိုအလုပ္မ်ားမွာေတြေၾကာက္ရင္ေတာ့ Sim PIN မလုပ္ဖို႔အႀကံျပဳခ်င္ပါတယ္ .. လုပ္မယ္ဆိုရင္လည္း ကိုယ္ေပးထားတဲ့ PIN ကိုေသခ်ာမွတ္ထားဖို႔လိုပါမယ္

iOS – Settings > Cellular > SIM PIN

Android – Settings > Security > SIM card lock

ဒီေလာက္ဆိုလုံေလာက္ပါၿပီ .. အေပၚမွာကြၽန္ေတာ္ေျပာခဲ့တဲ့ ၁၁ ခ်က္ကိုသာေသခ်ာလုပ္ထားမယ္ဆိုရင္ လက္ေအးလက္ေအးနဲ႔ Protest လုပ္လို႔ရၿပီျဖစ္ပါတယ္