iPhone 12 Pro နဲ့ 12 Pro Max တို့မှာပါဝင်လာတဲ့ Gold အရောင်ရဲ့ ထူးခြားချက်

UNICODE

iPhone 12 Pro နဲ့ 12 Pro Max မှာသုံးပေးထားတဲ့ Gold အရောင်ဟာ လက်ရာထင်တာမျိုး တခြားအရောင်တွေလောက် သိပ်မဖြစ်ပါဘူး .. ဒါဟာဘာဖြစ်လို့လဲဆိုတော့ Gold အရောင်ကို ပြုလုပ်တဲ့ နည်းပညာဟာ တခြားအရောင်တွေကိုပြုလုပ်တဲ့နည်းပညာနဲ့ ကွာခြားလို့ဖြစ်ပါတယ်

iPhone 12 Pro နဲ့ Pro Max မှာ Pacific Blue, Gold, Silver, Graphite ဆိုပြီး အရောင် ၄ ရောင်ပါဝင်တာဖြစ်ပါတယ် .. Gold ကလွဲလို့ တခြားအရောင်တွေဟာ Physical Vapor Deposition (PVD) လို့ခေါ်တဲ့ အရောင်တင်နည်းကိုအသုံးပြုထားတာဖြစ်ပါတယ်

ဒါပေမယ့် Gold မှာတော့ high-power, impulse magnetron sputtering (HiPIMS) လို့ခေါ်တဲ့ နည်းပညာကိုအသုံးပြုထားတာဖြစ်လို့ Gold အရောင်ဟာ တခြားအရောင်တွေလောက် လက်ရာမထင်တော့ပါဘူး .. ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး .. အစင်းရာတွေ ခြစ်ရာတွေကိုလဲ တခြားအရောင်တွေထက် ပိုပြီး ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်

iPhone 12 Pro ကို Oct 23 (သောကြာနေ့) မှာစတင်ရောင်းချမှာဖြစ်ပြီး iPhone 12 Pro Max ကိုတော့ November 13 ရက်နေ့မှာ ရောင်းချမှာဖြစ်ပါတယ် .. Admin ကတော့ iPhone 12 Pro Max (Gold) လေးကိုတော်တော်ကြွေနေပါပြီ (မဝယ်နိုင်တာလေးပဲ :3)

Ref : MacRumors

ZAWGYI





Ref : MacRumors