UNICODE
ကျွန်တော်တို့ Facebook Group ထဲမှာ အမေးအများဆုံးနဲ့ ပြဿနာအများဆုံး Topic ကတော့ Battery Health အကြောင်းပဲဖြစ်ပါတယ်
ပထမဆုံးသိထားရမှာက Battery Health ဆိုတာ သုံးလေကျလေပါပဲ .. Battery အသစ်စက်စက်မှာတုန်းကပါလာတဲ့ mAh amount ဟာ သုံးတာကြာလာတာနဲ့အမျှ လျော့လျော့လာတတ်ပါတယ် .. Battery Health ဆိုတာ လက်ရှိ Battery ရဲ့ ကျန်ရှိနေတဲ့ mAh amount ဟာ Battery အသစ်စက်စက်မှာပါလာတုန်းက mAh amount ရဲ့ ဘယ်လောက် ရာခိုင်နှုန်းပဲကျန်တော့တယ်ဆိုတာကို တွက်ပြထားတာပဲဖြစ်ပါတယ်
ဒီကိစ္စက ရှင်းလေရှုပ်လေဗျ .. စာဖတ်သူတို့ရှင်းအောင်ပြောရရင်ဗျာ .. စာဖတ်သူသူငယ်ချင်းက 6 လအတွင်း Battery Health 5% ကျတယ်ဆိုရင် စာဖတ်သူက 10% ကျချင်ကျမယ် .. ဒါကဘာဖြစ်လို့လဲဆိုတော့ User တစ်ယောက်နဲ့တစ်ယောက် ဖုန်းကိုအသုံးပြုတဲ့ Behavior ချင်းကွာလို့ပဲ
Behavior ဆိုတာဘာလဲ?
Apple ပြောကြားထားပုံအရ iPhone 14 Series နဲ့အောက်ပိုင်း Model တွေမှာ Cycle Count 500 ပြည့်ရင် Battery Health 20% ကျတယ်လို့ဆိုပါတယ် (iPhone 15 Series နဲ့အထက်ဆိုရင် Cycle Count 1,000 ပါ) .. Cycle Count အကြောင်းသေချာနားလည်ချင်ရင် ဒီ Post မှာသွားဖတ်ပါ – https://www.pyaeheinnkyaw.tech/battery-tips-iphone/
ဆိုလိုတာကဗျာ .. စာဖတ်သူက တစ်ရက်ကို 100% ကုန်အောင်သုံးမယ်ဆိုရင် ခန့်မှန်းချေ 1 နှစ်နဲ့ 4 လအကြာမှာ Battery Health က 20% ကျသွားမယ် .. ဒါဟာပုံမှန်ပါပဲ
ဒါက Technically အရ ဘယ်အချိန်မှာ ဘယ်လောက်ကျသွားမလဲဆိုတာတွက်ပြထားတာနော် .. တကယ့်လက်တွေ့မှာ အခုပြောထားတာနဲ့ ကွာခြားမှုရှိနိုင်တယ် .. ဘာဖြစ်လို့လဲဆိုတော့ Battery တွေဆိုတာ အပူကြောက်တတ်တဲ့ သတ္တဝါတွေကိုး .. သင့်ဖုန်းကို ပူအောင်ထားလေ Battery Health ကျတာမြန်လေပဲ
Battery ကိုဘယ်လိုညှာညှာတာတာသုံးရမလဲဆိုတာကတော့ အပေါ်က Link မှာပဲ Apple က Recommend လုပ်ထားတဲ့အတိုင်းရှင်းပြထားပါတယ်
အပေါ်က Link မှာပါတဲ့အချက်တွေအပြင် နောက်ထပ်သိထားရမှာတစ်ခုကတော့ Battery ဆိုတာ စက်ပစ္စည်းပါ .. ခန့်မှန်းလို့မရနိုင်ပါဘူး .. ဒါကြောင့်ကျချင်ရင် ကျပါလိမ့်မယ် .. မကျချင်ရင် မကျပါဘူး :3
ကျွန်တော်ဆိုရင် Cycle Count 465 ရှိနေတာတောင် Battery Health 91% အထိကျန်သေးတယ်
Battery Health ကြောင့် ပြာယာခတ်နေတဲ့လူတွေကိုပြောချင်တဲ့စကား
စာဖတ်သူတို့ ဖုန်းဝယ်တယ်ဆိုတာ ဖုန်းကိုခိုင်းဖို့မဟုတ်ဘူးလား .. ခုဟာက Battery Health ဆိုတဲ့ ကိန်းဂဏန်းလေးတခု မကျဆင်းဖို့အတွက် ကိုယ့်ဖက်က ဖုန်းသုံးတဲ့ Behavior တွေကိုလိုက်ပြောင်းရမှာက မတန်ဘူးလို့ မခံစားမိဘူးလား?
ပြောချင်တာက ဖုန်းကို သုံးချင်သလိုသာသုံး .. အားသွင်းရင်းဂိမ်းဆော့မလား, ညအိပ်တုန်း အားသွင်းထားမလား .. သုံးချင်သလိုသာ သုံးကြဗျာ .. အချိန်တန်ရင် Battery Health ကကျလာမှာပဲ .. 80% အောက်ကျသွားရင် Warranty ကျန်သေးလားတချက်စစ်ကြည့် .. ကျန်သေးရင် mCare မှာ Free သွားလဲ .. Warranty မကျန်တော့ရင် Battery Service Fees ပေးပြီး လဲလိုက် .. ကဲ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်လဲ (တခုတော့ရှိတယ် .. mCare မှာ Service လုပ်ချင်ရင် Apple Authorized မဟုတ်တဲ့ ဆိုင်တွေမှာ ဖွင့်ပြီးမပြင်ထားဖို့လိုတယ်နော်)
တစ်ခုသတိထားရမှာက အားသွင်းရင်းဂိမ်းဆော့တဲ့ ကိစ္စ .. အားသွင်းရင်း ဂိမ်းဆော့ရင် ဖုန်းတွေကပူလာတတ်တာ သဘာဝပဲ .. iOS ရဲ့ သဘောကိုက ဖုန်းတွေအပူလွန်ကဲမှုမဖြစ်အောင် ထိန်းချုပ်ပေးထားတယ် .. ဖုန်းတွေအရမ်းပူလာရင် Screen Brightness ကိုလျှော့ချပစ်တာမျိုး, Chipset ရဲ့ Performance ကိုလျှော့ချပစ်လို့ Game ထဲမှာ FPS တွေကျပြီး ထစ်လာတာမျိုးတော့ ကြုံရတတ်တယ် .. အဲ့တာမျိုးမကြုံချင်ရင်တော့ ဖုန်းအတွက် Cooling Fan လေးဝယ်ပြီးဆော့ကြပေါ့
အခုဒီစာကိုရေးတာက ဖုန်းကိုခိုင်းဖို့ဝယ်ထားပြီး ဖုန်းကပြန်ခိုင်းတာခံနေရတဲ့လူတွေအတွက် ရေးထားတာဖြစ်ပါတယ် .. Battery Health ကြောင့် စိတ်ဒုက္ခမရောက်ကြပါစေနဲ့။
Pyae Heinn Kyaw