နှစ်ပတ်အတွင်း Australia နိုင်ငံမှ အလုပ် ၃ ခုကိုရအောင် ဘာတွေပြင်ဆင်ခဲ့သလဲ?

Post မစခင် စကားပုလ္လင်ကြိုခံထားချင်တာကတော့ ကျွန်တော်က Australia မှာ Master’s Degree ကို ၂ နှစ်ကြာတက်ရောက်ခဲ့တာဖြစ်လို့ Australia အစိုးရပေးတဲ့ Graduate Work Visa ရှိထားပြီးသားဖြစ်ပါတယ် .. ဒါကြောင့် Visa အခက်အခဲမရှိခဲ့တာပါ ကိုယ်တွေက Cyber Security သမားဆိုတော့ Australia မှာလည်း ဒီ Profession နဲ့ပဲလုပ်ချင်တာ .. ခက်တာက သြဇီမှာ Security Job တွေဟာ သတင်းအချက်အလက်လုံခြုံရေးနဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ သူ့နိုင်ငံသားဖြစ်မှ အလုပ်ရဖို့အခွင့်အရေးပိုများတယ် သူ့နိုင်ငံရဲ့ မြို့တော် Canberra မှာအလုပ်လုပ်ဖို့ဆိုရင် နိုင်ငံသားဖြစ်ရုံတင်မက NV1, […]