Welcome

ကျွန်တော်နဲ့ Australia ကိုပညာလာသင်တဲ့အခါကြုံတွေ့ရတဲ့ အခက်အခဲများနဲ့အတွေ့အကြုံများ (Part – 1)

UNICODE

Please find ZawGyi version below the article.

ကျွန်တော့်နာမည်ကတော့ ပြည့်ဟိန်းကျော်ပါ .. အခုလက်ရှိ Australia မှာ Master Degree တက်နေပါတယ် .. ဒီ Article မှာ Sharing လုပ်ပေးသွားမှာတွေကတော့ Australia မရောက်ခင်နဲ့ ရောက်ပြီးကြုံတွေ့ရတဲ့ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ် .. အရင်ဆုံး ကျွန်တော်ဘာလို့ Australia ကို ရွေးချယ်ဖြစ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့စလိုက်ရအောင်

ကျွန်တော်ဘာလို့ Australia ကိုရွေးချယ်ဖြစ်ခဲ့သလဲ ?

ကျွန်တော် Master Degree မတက်ခင် ရခဲ့တဲ့ဘွဲ့က Bachelor of Science in Computing ပါ .. အထူးပြုဘာသာကတော့ Network Security ပေါ့ .. ဒီဘွဲ့ကို မြန်မာနိုင်ငံက Info Myanmar University နဲ့ Scotland နိုင်ငံရဲ့ အစိုးရတက္ကသိုလ်ကြီးဖြစ်တဲ့ Edinburgh Napier University တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့အတန်းကနေ 2018 မှာ ရရှိလာတာဖြစ်ပါတယ် .. ဒီဘွဲ့ရပြီးတဲ့အချိန်မှာ စဥ်းစားမိတာက Master ဘွဲ့ကို ဒီတက္ကသိုလ်ကနေပဲ Scotland ထိ သွားတက်မယ်ဆိုတဲ့ အတွေးပဲဖြစ်ပါတယ်

ဒါပေမယ့် ကျွန်တော့်အိမ်ကတော့ Scotland ထိလွှတ်ဖို့ဆန္ဒမရှိပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ငယ်ငယ်ကတည်းက အဆုတ်နဲ့ပတ်သက်ပြီးအားနည်းတဲ့ ပြဿနာရှိတာရယ် .. Edinburgh မြို့က အရမ်းအေးတဲ့ဒေသဖြစ်နေတာရယ်ကြောင့်ပါ .. ဒါကြောင့် ကျွန်တော့်အနေနဲ့ UK ကိုမရွေးချယ်ပဲ တခြားနိုင်ငံမှာ Master တက်ဖို့ တက္ကသိုလ်ရှာပုံတော်ဖွင့်ရပါတယ်

ဒီနေရာမှာ ကျွန်တော်အဓိကစဥ်းစားတာ အချက် 3 ချက်ပါ

  1. ကိုယ်တက်မယ့် နိုင်ငံနဲ့ တက္ကသိုလ်ရဲ့အဆင့်အတန်း
  2. ကိုယ်တက်ရောက်မယ့် Degree ရဲ့ ကုန်ကျစရိတ်
  3. ကျောင်းပြီးရင် ကိုယ့်ကိုပြန်အကျိုးပြုမယ့် အချက်အလက်

နံပါတ် 1 အတွက် ကျွန်တော်က UK ကိုဘေးဖယ်ထားလိုက်ပါတယ် (အမှန်တော့ UK သွားဖို့လဲ အကုန်စုံစမ်းထားပါတယ် .. Master အပြီးအစီး သိန်း 600 လောက်ကုန်ကျမယ်လို့သိရပါတယ်) .. ဒီတော့ ကျွန်တော့်ခေါင်းထဲရောက်လာတာက အမေရိကားနဲ့ သြစတျေးလျနိုင်ငံတို့ပဲဖြစ်ပါတယ် .. ဂျာမနီနိုင်ငံကိုလဲစိတ်ဝင်စားပေမယ့် German Language ကြောင့် စောစောစီးစီးပယ်လိုက်ပါတယ်

ဒါနဲ့ US ကိုသွားဖို့အရင်စုံစမ်းပါတယ် .. ရန်ကုန်မှာရှိသမျှ ပညာရေးဝန်ဆောင်မှု Service ပေးတဲ့နေရာတွေအကုန်လုံးကိုသွားပြီး US မှာ Master ဆက်တက်ဖို့စုံစမ်းကြည့်ပါတယ် .. ဒီနေရာမှာ ကျွန်တော်နဲ့အဆင်မပြေတာတခုက US မှာ Master တက်မယ်ဆိုရင် GMAT ဒါမှမဟုတ် GRE လို Test မျိုးဖြေခိုင်းတာပါ .. ကျွန်တော်က ဒီ Test တွေမဖြေချင်တော့လို့ US မှာ Master တက်ဖို့ကိစ္စ စွန့်လွှတ်လိုက်ပါတော့တယ်

ဒါနဲ့နောက်ဆုံးစုံစမ်းဖြစ်တာကတော့ Australia ပဲဖြစ်ပါတယ် .. ကုန်ကျစရိတ်အနေနဲ့တွက်မယ်ဆိုရင် Australia မှာ Master တက်တာ UK မှာ Master တက်တာထက် 2 ဆနီးပါးလောက်ပိုကုန်ကျတာကိုသွားတွေ့ပါတယ် .. ဒါပေမယ့်လဲ US လောက်တော့ စျေးမကြီးဘူးပေါ့လေ .. Australia နဲ့ US ကုန်ကျစရိတ်ကတော့ မတိမ်းမယိမ်းပါပဲ .. အားလုံးသိတဲ့အတိုင်း Australia ရဲ့ ပညာရေးက အဆင့်အတန်းမြင့်မားပြီး ပညာရေးနယ်ပယ်ထဲမှာလဲ Reputation ကောင်းတဲ့ထဲပါတယ် .. Australia ဟာ နိုင်ငံရေးအရ ငြိမ်းချမ်းတယ်, ကျွန်တော်အခုရောက်နေတဲ့ Queensland ပြည်နယ်ဆိုရင်လဲ ရာသီဥတုက မြန်မာနိုင်ငံနဲ့အနည်းငယ်သွားဆင်တယ် .. အကောင်းဆုံးအချက်ကတော့ Master 2 နှစ်တက်ပြီးရင် Postgraduate Work Visa ဆိုပြီး အလုပ်လုပ်ဖို့ Visa 2 နှစ်ပြန်ပေးတာပဲဖြစ်ပါတယ် .. ဆိုတော့ ရေအစုံ, မီးအစုံနဲ့ လေထီးခုန်ဖို့ ဖြစ်သွားပြီပေါ့

ကျွန်တော်ဒီကိစ္စတွေမလုပ်ဖြစ်သေးခင် အရင်ဆုံးလုပ်ဖြစ်တာက Word File တခုထဲမှာ ကျောင်းနာမည်ရယ်, Course Name ရယ်, ကုန်ကျစရိတ်ရယ်ကို Online ကနေအသေးစိတ် Research လုပ်ပြီး သေချာစာရင်းပြုစုထားပါတယ် .. ဒီထဲကမှ ကိုယ့် Budget နဲ့အဆင်ပြေမယ့် တက္ကသိုလ်ကို Target ထားရွေးတာပါ .. ကျွန်တော်စာရင်းလုပ်ထားတဲ့ တက္ကသိုလ်က UK, US, Australia နိုင်ငံတွေက တက္ကသိုလ်ပေါင်း 20 ကျော်လောက်ရှိပါတယ် .. အပေါ်မှာပြောခဲ့သလိုပဲ UK နဲ့ US ကိုပယ်လိုက်ပြီဆိုတော့ Australia မှာရှိတဲ့ တက္ကသိုလ်တွေကို အသေးစိတ်လိုက်စုံစမ်းတဲ့အလုပ်စပါတယ်

နောက်ဆုံးကျွန်တော် James Cook University ကိုရွေးချယ်ဖြစ်လိုက်တယ် .. အဲ့ဒီတက္ကသိုလ်မှာ ကျွန်တော်စိတ်ဝင်စားတဲ့ Major ရှိနေလို့ပါ .. Degree ကတော့ Master of Information Technology – Master of Business Administration ဆိုတဲ့ Joint Degree ဖြစ်ပါတယ် .. ကျွန်တော်က အနာဂတ်မှာကိုယ်ပိုင်စီးပွားရေးတခုလဲလုပ်ချင်တော့ အခု Joint Degree ကကျွန်တော့်အတွက် အသင့်တော်ဆုံးဖြစ်သွားပါတယ် .. ကိုယ်ဝါသနာပါတဲ့ IT လဲတက်ခွင့်ရမယ် .. ကိုယ့်အနာဂတ် Plan မှာအထောက်အကူပြုနိုင်မယ်လို့ယူဆရတဲ့ MBA ကိုလဲ တက်ခွင့်ရမယ် .. ကျွန်တော့်အတွက်ကတော့ Win-Win အခြေအနေပါပဲ

ဒါ့အပြင် James Cook University Campus တည်ရှိတဲ့ Brisbane မြို့ဟာဆိုရင်လဲ Australia မှာ တတိယအကြီးဆုံးမြို့ဖြစ်ပြီးတော့ Melbourne, Sydney တို့လောက် နေစရိတ်, စားစရိတ် မကုန်ကျတဲ့မြို့ဖြစ်နေပါတယ် .. ဒါဟာအဖက်ဖက်က အဆင်ပြေနေပြီလို့ ယူဆလို့ ကျွန်တော်ကိုယ်တိုင် James Cook University မှာ Master of Information Technology – Master of Business Administration တက်ဖို့ရွေးချယ်လိုက်တာပါ .. ဒီကျောင်းရွေးတဲ့အထိ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတယောက် အတူတူလုပ်ပါတယ် .. သူကလဲ Bachelor ပြီးတဲ့ထိ ကျွန်တော်နဲ့တခန်းတည်းတူတူတက်ခဲ့တာဆိုတော့ Master ဆက်တက်လဲ တူတူတက်မယ်ဆိုလို့ တိုင်ပင်ပြီးဆုံးဖြတ်ဖြစ်ခဲ့ကြတာပါ

Part 2 နဲ့ Part 3 မှာ ကျောင်းလျှောက်လုပ်ငန်းအဆင့်ဆင့်နဲ့ ကျန်တဲ့အကြောင်းအရာများကိုဖော်ပြပေးသွားပါမယ် .. ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်

ZAWGYI

Please find ZawGyi version below the article.

ကြၽန္ေတာ့္နာမည္ကေတာ့ ျပည့္ဟိန္းေက်ာ္ပါ .. အခုလက္ရွိ Australia မွာ Master Degree တက္ေနပါတယ္ .. ဒီ Article မွာ Sharing လုပ္ေပးသြားမွာေတြကေတာ့ Australia မေရာက္ခင္နဲ႔ ေရာက္ၿပီးႀကဳံေတြ႕ရတဲ့ အေတြ႕အႀကဳံေတြနဲ႔ အခက္အခဲေတြပဲ ျဖစ္ပါတယ္ .. အရင္ဆုံး ကြၽန္ေတာ္ဘာလို႔ Australia ကို ေ႐ြးခ်ယ္ျဖစ္လဲဆိုတဲ့အေၾကာင္းအရာေလးနဲ႔စလိုက္ရေအာင္

ကြၽန္ေတာ္ဘာလို႔ Australia ကိုေ႐ြးခ်ယ္ျဖစ္ခဲ့သလဲ ?

ကြၽန္ေတာ္ Master Degree မတက္ခင္ ရခဲ့တဲ့ဘြဲ႕က Bachelor of Science in Computing ပါ .. အထူးျပဳဘာသာကေတာ့ Network Security ေပါ့ .. ဒီဘြဲ႕ကို ျမန္မာႏိုင္ငံက Info Myanmar University နဲ႔ Scotland ႏိုင္ငံရဲ႕ အစိုးရတကၠသိုလ္ႀကီးျဖစ္တဲ့  Edinburgh Napier University

တို႔ ပူးေပါင္းဖြင့္လွစ္ထားတဲ့အတန္းကေန 2018 မွာ ရရွိလာတာျဖစ္ပါတယ္ .. ဒီဘြဲ႕ရၿပီးတဲ့အခ်ိန္မွာ စဥ္းစားမိတာက Master ဘြဲ႕ကို ဒီတကၠသိုလ္ကေနပဲ Scotland ထိ သြားတက္မယ္ဆိုတဲ့ အေတြးပဲျဖစ္ပါတယ္

ဒါေပမယ့္ ကြၽန္ေတာ့္အိမ္ကေတာ့ Scotland ထိလႊတ္ဖို႔ဆႏၵမရွိပါဘူး .. ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္မွာ ငယ္ငယ္ကတည္းက အဆုတ္နဲ႔ပတ္သက္ၿပီးအားနည္းတဲ့ ျပႆနာရွိတာရယ္ .. Edinburgh ၿမိဳ႕က အရမ္းေအးတဲ့ေဒသျဖစ္ေနတာရယ္ေၾကာင့္ပါ .. ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ UK ကိုမေ႐ြးခ်ယ္ပဲ တျခားႏိုင္ငံမွာ Master တက္ဖို႔ တကၠသိုလ္ရွာပုံေတာ္ဖြင့္ရပါတယ္

  1. ဒီေနရာမွာ ကြၽန္ေတာ္အဓိကစဥ္းစားတာ အခ်က္ 3 ခ်က္ပါကိုယ္တက္မယ့္ ႏိုင္ငံနဲ႔ တကၠသိုလ္ရဲ႕အဆင့္အတန္း
  2. ကိုယ္တက္ေရာက္မယ့္ Degree ရဲ႕ ကုန္က်စရိတ္
  3. ေက်ာင္းၿပီးရင္ ကိုယ့္ကိုျပန္အက်ိဳးျပဳမယ့္ အခ်က္အလက္

နံပါတ္ 1 အတြက္ ကြၽန္ေတာ္က UK ကိုေဘးဖယ္ထားလိုက္ပါတယ္ (အမွန္ေတာ့ UK သြားဖို႔လဲ အကုန္စုံစမ္းထားပါတယ္ .. Master အၿပီးအစီး သိန္း 600 ေလာက္ကုန္က်မယ္လို႔သိရပါတယ္) .. ဒီေတာ့ ကြၽန္ေတာ့္ေခါင္းထဲေရာက္လာတာက အေမရိကားနဲ႔ ၾသစေတ်းလ်ႏိုင္ငံတို႔ပဲျဖစ္ပါတယ္ .. ဂ်ာမနီႏိုင္ငံကိုလဲစိတ္ဝင္စားေပမယ့္ German Language ေၾကာင့္ ေစာေစာစီးစီးပယ္လိုက္ပါတယ္

ဒါနဲ႔ US ကိုသြားဖို႔အရင္စုံစမ္းပါတယ္ .. ရန္ကုန္မွာရွိသမွ် ပညာေရးဝန္ေဆာင္မႈ Service ေပးတဲ့ေနရာေတြအကုန္လုံးကိုသြားၿပီး US မွာ Master ဆက္တက္ဖို႔စုံစမ္းၾကည့္ပါတယ္ .. ဒီေနရာမွာ ကြၽန္ေတာ္နဲ႔အဆင္မေျပတာတခုက US မွာ Master တက္မယ္ဆိုရင္ GMAT ဒါမွမဟုတ္ GRE လို Test မ်ိဳးေျဖခိုင္းတာပါ .. ကြၽန္ေတာ္က ဒီ Test ေတြမေျဖခ်င္ေတာ့လို႔ US မွာ Master တက္ဖို႔ကိစၥ စြန္႔လႊတ္လိုက္ပါေတာ့တယ္

ဒါနဲ႔ေနာက္ဆုံးစုံစမ္းျဖစ္တာကေတာ့ Australia ပဲျဖစ္ပါတယ္ .. ကုန္က်စရိတ္အေနနဲ႔တြက္မယ္ဆိုရင္ Australia မွာ Master တက္တာ UK မွာ Master တက္တာထက္ 2 ဆနီးပါးေလာက္ပိုကုန္က်တာကိုသြားေတြ႕ပါတယ္ .. ဒါေပမယ့္လဲ US ေလာက္ေတာ့ ေစ်းမႀကီးဘူးေပါ့ေလ .. Australia နဲ႔ US ကုန္က်စရိတ္ကေတာ့ မတိမ္းမယိမ္းပါပဲ .. အားလုံးသိတဲ့အတိုင္း Australia ရဲ႕ ပညာေရးက အဆင့္အတန္းျမင့္မားၿပီး ပညာေရးနယ္ပယ္ထဲမွာလဲ Reputation ေကာင္းတဲ့ထဲပါတယ္ .. Australia ဟာ ႏိုင္ငံေရးအရ ၿငိမ္းခ်မ္းတယ္, ကြၽန္ေတာ္အခုေရာက္ေနတဲ့ Queensland ျပည္နယ္ဆိုရင္လဲ ရာသီဥတုက ျမန္မာႏိုင္ငံနဲ႔အနည္းငယ္သြားဆင္တယ္ .. အေကာင္းဆုံးအခ်က္ကေတာ့ Master 2 ႏွစ္တက္ၿပီးရင္ Postgraduate Work Visa ဆိုၿပီး အလုပ္လုပ္ဖို႔ Visa 2 ႏွစ္ျပန္ေပးတာပဲျဖစ္ပါတယ္ .. ဆိုေတာ့ ေရအစုံ, မီးအစုံနဲ႔ ေလထီးခုန္ဖို႔ ျဖစ္သြားၿပီေပါ့

ကြၽန္ေတာ္ဒီကိစၥေတြမလုပ္ျဖစ္ေသးခင္ အရင္ဆုံးလုပ္ျဖစ္တာက Word File တခုထဲမွာ ေက်ာင္းနာမည္ရယ္, Course Name ရယ္, ကုန္က်စရိတ္ရယ္ကို Online ကေနအေသးစိတ္ Research လုပ္ၿပီး ေသခ်ာစာရင္းျပဳစုထားပါတယ္ .. ဒီထဲကမွ ကိုယ့္ Budget နဲ႔အဆင္ေျပမယ့္ တကၠသိုလ္ကို Target ထားေ႐ြးတာပါ .. ကြၽန္ေတာ္စာရင္းလုပ္ထားတဲ့ တကၠသိုလ္က UK, US, Australia ႏိုင္ငံေတြက တကၠသိုလ္ေပါင္း 20 ေက်ာ္ေလာက္ရွိပါတယ္ .. အေပၚမွာေျပာခဲ့သလိုပဲ UK နဲ႔ US ကိုပယ္လိုက္ၿပီဆိုေတာ့ Australia မွာရွိတဲ့ တကၠသိုလ္ေတြကို အေသးစိတ္လိုက္စုံစမ္းတဲ့အလုပ္စပါတယ္

ေနာက္ဆုံးကြၽန္ေတာ္ James Cook University ကိုေ႐ြးခ်ယ္ျဖစ္လိုက္တယ္ .. အဲ့ဒီတကၠသိုလ္မွာ ကြၽန္ေတာ္စိတ္ဝင္စားတဲ့ Major ရွိေနလို႔ပါ .. Degree ကေတာ့ Master of Information Technology – Master of Business Administration ဆိုတဲ့ Joint Degree ျဖစ္ပါတယ္ .. ကြၽန္ေတာ္က အနာဂတ္မွာကိုယ္ပိုင္စီးပြားေရးတခုလဲလုပ္ခ်င္ေတာ့ အခု Joint Degree ကကြၽန္ေတာ့္အတြက္ အသင့္ေတာ္ဆုံးျဖစ္သြားပါတယ္ .. ကိုယ္ဝါသနာပါတဲ့ IT လဲတက္ခြင့္ရမယ္ .. ကိုယ့္အနာဂတ္ Plan မွာအေထာက္အကူျပဳႏိုင္မယ္လို႔ယူဆရတဲ့ MBA ကိုလဲ တက္ခြင့္ရမယ္ .. ကြၽန္ေတာ့္အတြက္ကေတာ့ Win-Win အေျခအေနပါပဲ

ဒါ့အျပင္ James Cook University Campus တည္ရွိတဲ့ Brisbane ၿမိဳ႕ဟာဆိုရင္လဲ Australia မွာ တတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီးေတာ့ Melbourne, Sydney တို႔ေလာက္ ေနစရိတ္, စားစရိတ္ မကုန္က်တဲ့ၿမိဳ႕ျဖစ္ေနပါတယ္ .. ဒါဟာအဖက္ဖက္က အဆင္ေျပေနၿပီလို႔ ယူဆလို႔ ကြၽန္ေတာ္ကိုယ္တိုင္ James Cook University မွာ Master of Information Technology – Master of Business Administration တက္ဖို႔ေ႐ြးခ်ယ္လိုက္တာပါ .. ဒီေက်ာင္းေ႐ြးတဲ့အထိ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းတေယာက္ အတူတူလုပ္ပါတယ္ .. သူကလဲ Bachelor ၿပီးတဲ့ထိ ကြၽန္ေတာ္နဲ႔တခန္းတည္းတူတူတက္ခဲ့တာဆိုေတာ့ Master ဆက္တက္လဲ တူတူတက္မယ္ဆိုလို႔ တိုင္ပင္ၿပီးဆုံးျဖတ္ျဖစ္ခဲ့ၾကတာပါ

Part 2 နဲ႔ Part 3 မွာ ေက်ာင္းေလွ်ာက္လုပ္ငန္းအဆင့္ဆင့္နဲ႔ က်န္တဲ့အေၾကာင္းအရာမ်ားကိုေဖာ္ျပေပးသြားပါမယ္ .. ဖတ္ရႈေပးလို႔ ေက်းဇူးတင္ပါတယ္