iPhone တွေရဲ့ကင်မရာကို Lens Protector ကပ်သင့်ရဲ့လား?

UNICODE

iPhone တွေကိုဈေးကြီးပေးဝယ်ပြီး Camera Lens Protector ကပ်ထားတဲ့လူတွေကိုပြောပြချင်လို့ပါ။

Apple ဟာနှစ်စဉ်နှစ်တိုင်း iPhone အသစ်မိတ်ဆက်တဲ့ Event တွေမှာ Camera ဘယ်လောက်ကောင်းကြောင်းထုတ်ကြွားလေ့ရှိပါတယ် .. ပြောရရင် iPhone Camera တွေဟာ Apple ရဲ့ Key Selling Point တစ်ခုပါ

Camera ကရိုက်လိုက်တဲ့ဓာတ်ပုံတွေ၊ Video တွေရဲ့ပုံထွက်ကောင်းတာ မကောင်းတာက Camera Lens နဲ့အများကြီးဆိုင်ပါတယ် .. ဒါကြောင့်တခြား Smartphone Brand တွေဆို Leica, Zeiss တို့လို Company တွေနဲ့ပူးပေါင်းပြီးတော့ပါ Lens ကောင်းကောင်းသုံးတတ်ကြပါတယ်

iPhone တွေရဲ့ Camera Lens ဟာ Apple အဆိုအရ Sapphire Glass ကိုသုံးပေးထားပါတယ် (သူကအဲ့လိုပြောပေမယ့်တကယ့် Sapphire အစစ်တော့မဟုတ်ပါဘူး) ဒါပေမယ့် Camera Lens တွေမှာရှိသင့်တဲ့ အကြမ်းခံတာတွေ၊ အစင်းအရာတော်ရုံမထင်တာတာတွေစတဲ့ Durability ကောင်းမွန်မှုတော့ရှိပါတယ် .. ဒါကြောင့် Camera Lens Protector တွေတပ်ထားဖို့မလိုအပ်ပါဘူး

Camera Lens Protector တွေတပ်လိုက်ခြင်းအားဖြင့် –

1. Photos, Video Quality ကျသွားပါလိမ့်မယ် (ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ ပုံထွက် Quality ကောင်းချင်ရင် Lens ကောင်းကောင်းသုံးရပါတယ် .. Protector Glass တွေဟာ အပေါစားတွေဖြစ်လို့ အဲ့ Glass ကိုဖြတ်ပြီးဖမ်းယူရတဲ့ပုံရိပ်တွေဟာ Original လောက် ဘယ်တော့မှကောင်းမှာမဟုတ်ပါ)

2. Lens flare ရှယ်ထပါတယ် .. နေရောင်တွေ၊ မီးလုံးတွေမှာ အလင်းတွေဖွာထွက်နေတာကိုပြောတာပါ (လက်ရှိ Original Lens တွေတောင် ညဖက်ရိုက်ရင် Lens Flare ဖြစ်ပါတယ် .. ဒါဟာ Lens မှာသုံးထားတဲ့ Coating ကြောင့်ဖြစ်တာပါ .. Apple အနေနဲ့နောက်ထွက်မယ့် iPhone တွေမှာ ပိုကောင်းတဲ့ Lens Coating ပြောင်းသုံးပေးဖို့မျှော်လင့်ပါတယ်)

3. တပ်ဖို့မလိုအပ်လို့ပါ .. Original ပါပြီးသား Camera Lens ဟာ အကြမ်းခံပါတယ်

ဒါကြောင့်ဈေးကြီးပေးဝယ်ထားတဲ့ iPhone တစ်လုံးရဲ့ Camera Quality ကိုအပြည့်အဝလိုချင်ရင်တော့ Camera Lens တပ်ထားတာတွေဖြုတ်လိုက်ပါ .. တပ်ဖို့လည်း (လုံးဝ) မလိုအပ်ပါ

Camera Lens ထိမှာအစိုးရိမ်လွန်တတ်တဲ့ User တွေကိုအကြံပေးချင်တာကတော့ Lens ကပ်မယ့်အစား Camera Bump ကိုပါ Cover ဖြစ်မယ့် ကာဗာမျိုးသာတပ်သုံးကြပါလို့အကြံပေးချင်ပါတယ်

Apple Original Silicone Cover