Refurbished iPhone အကြောင်း သိကောင်းစရာများ

UNICODE

ပထမဆုံးအနေနဲ့ Refurbished ဆိုတဲ့စကားလုံးကိုရှင်းပြချင်ပါတယ် .. Refurbish ဆိုတာပြင်ဆင်မွမ်းမံတာပါ .. iDevice တွေကို Apple ကိုယ်တိုင်ပြင်ဆင်ပြီးရောင်းတဲ့ Apple Certified Refurbished တွေလဲရှိသလို တရားမဝင်ပြင်ဆင်ပြီး အသစ်လို့ပြောရောင်းနေတာတွေလဲအများကြီးရှိပါတယ်

1. Apple Certified Refurbished ဆိုတာဘာလဲ??

Apple Certified Refurbished ဆိုတာ Apple ရဲ့ in-house refurbishment testing နဲ့စမ်းသပ်ပြီးမှထုတ်ရောင်းတဲ့အလုံးတွေပါ

Apple က 1 နှစ် Warranty ပေးပါတယ် .. အဲ့အတွင်းမှာ Factory fault ကြောင့်တစုံတရာဖြစ်ခဲ့လို့ရှိရင် အသစ်တလုံးအစားထိုးပေးပါတယ်

ဒီလိုနဲ့ Error ဖြစ်ခဲ့တဲ့အလုံးကို သူတို့စက်ရုံဆီပြန်ပို့ပါတယ် .. နောက်ပြီးတော့ သူတို့ Retail store တွေမှာ Display ပြထားတဲ့အလုံးတွေကိုလဲ စက်ရုံဆီပို့ပါတယ်

ပြီးတာနဲ့ Refurbishment process နဲ့ Device တွေကို Battery အသစ်လဲ, Body အသစ်လဲ, တခြားလိုအပ်တဲ့အပိုင်းတွေအကုန်လုံးကို လဲလှယ်ပြီး အသစ်အတိုင်းဖြစ်အောင်မွမ်းမံပါတယ်

ဒီ Refurbishment process ကအလွန်စေ့စပ်ပြီးတိကျပါတယ် အသစ်အတိုင်းကွက်တိထွက်လာပြီဆိုမှ Refurbish ဆိုပြီးထုတ်ရောင်းတာပါ။

2. Apple Certified Refurbished တွေကအသစ်အတိုင်းကောင်းပါ့မလား?

အပေါ်မှာပြောခဲ့သလိုပါပဲ 100% fully tested, QC pass ဖြစ်မှ ဈေးကွက်ထဲပို့တာပါ .. အဲ့ထဲမှာပါတဲ့ အားသွင်းကြိုး, နားကြပ်အစရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုလဲ အသစ်တွေထည့်ပေးထားမှာပါ

နောက်ပြီးတော့ Certified refurbished တိုင်းရဲ့ ဘူးခွံက အဖြူရောင်ဖြစ်ပြီးတော့ ရှေ့နားမှာ Apple Certified Refurbished ဆိုတဲ့စာတမ်းပြသထားမှာပါ .. ဒါ့အပြင် Apple Certified Refurbished တွေကို Apple Official Warranty 1 year ပေးထားဦးမှာဖြစ်လု့ိ အသစ်တွေအတိုင်းပဲ Factory fault ဖြစ်ပါက အသစ်တလုံးနဲ့လဲလှယ်ပေးမှာပဲဖြစ်ပါတယ် .. နောက်ပြီး AppleCare လို program မျိုးထပ်ဝယ်ပြီး Warranty ကို 3 နှစ်ထိတိုးလို့ရပါသေးတယ်

ဒါ့အပြင် Certified Refurbished တွေရဲ့ Model No အစ စာလုံးဟာ F ဖြစ်နေမှာပါ

Certified Refurbished တွေကိုဝယ်တာရဲ့အကျိုးကျေးဇူးကတော့ 15% လောက်သက်သာတာပဲဖြစ်ပါတယ် .. Refurbished ပစ္စည်းတွေဟာ ပစ္စည်းအကန့်အသတ်နဲ့လာတာဖြစ်ပါတယ် .. တခြား Products တွေဖြစ်တဲ့ Mac, iPad, Watch, iPod, HomePod, Apple TV, Accessories စတာတွေကိုလဲ Refurbished အနေနဲ့ဝယ်ယူနိုင်ပါသေးတယ်

3. Third-party Refurbished ဆိုတာဘာလဲ

Apple မဟုတ်တဲ့တခြားစက်ရုံကနေ Apple Devices တွေကိုမွမ်းမံပြီးရောင်းတာကို Third-party refurbished လို့ခေါ်ပါတယ်

ပြင်ဆင်ထားတဲ့ device တွေရဲ့ အစိတ်အပိုင်းတွေဟာ Apple original လဲမဟုတ်သလို quality ကောင်းတဲ့ device တွေလဲမဟုတ်ပါဘူး .

အဲ့လို device တွေကို iPhone အသစ်ဆိုပြီးပြောရောင်းနေတဲ့ဆိုင်တွေမြန်မာပြည်မှာဆိုင်တော်တော်များများရှိနေပါတယ် .. ဈေးတွေကတော့ တခြားနာမည်ကြီးဆိုင်တွေထက်သက်သာတာကိုတွေ့ရမှာပါ

4. Third-party Refurbished ကိုဘယ်လိုစစ်ရမလဲ?

အသစ်လို့ပြောတဲ့ iPhone တွေကို https://checkcoverage.apple.com/ မှာ Serial No. နဲ့ သွားစစ်ကြည့်ပါ အသစ်မှန်ရင် Activate လုပ်ထားပြီးသားဖြစ်မနေရပါဘူး

တချို့ second တွေကျတော့ အဲ့နည်းနဲ့စစ်လို့မရတော့ပါဘူး ဒါကတော့ iPhone ကျွမ်းကျင်တဲ့သူခေါ်သွားပြီးစစ်ကြည့်ရပါမယ် .. Apple ကိုယ်တိုင်ထုတ်မထားတဲ့ Refurbished တွေဟာ Display quality နဲ့ body ကိုကြည့်လိုက်တာနဲ့တင် သိသာနေတတ်ပါတယ်

စာကြွင်းအနေနဲ့ပြောချင်တာရှိပါတယ် .. လက်ရှိမြန်မာနိုင်ငံမှာ Certified Refurbished တွေရှာဖို့အရမ်းခက်ပါတယ် (ကျွန်တော်ရှာနေတာမတွေ့သေးပါ) .. မြန်မာကိုဝင်တဲ့ Refurbished ဆိုတာတခြားနိုင်ငံတွေကနေ ဖြတ်ညှပ်ကပ်လုပ်ပြီးဝင်လာတဲ့အလုံးတွေလဲရှိသလို Second hand တွေလဲရှိပါတယ်

အဲ့အလုံးတွေက ဘယ်လိုမှမယုံကြည်ရပါဘူး Apple Official Warranty လဲမပါ,ပါဘူး တချို့က Warranty 3 လပေးတယ်လို့ပြောရောင်းကြပါတယ် Apple Warranty မှန်ရင် 1 နှစ်အတိအကျပေးပါတယ် (Warranty အကြောင်း ဖတ်ရန် – https://www.pyaeheinnkyaw.tech/apple_warranty/) တခြားနိုင်ငံတွေမှာ Third party company က refurbishment process အဆင့်ဆင့်နဲ့ Refurbish လို့ တရားဝင်ပြောရောင်းတာတွေရှိပေမယ့် မြန်မာနိုင်ငံမှာအဲ့လိုမျိုးမရှိသေးပါဘူး (တော်သေးပြီ သိပ်မပြောရဲဘူး ဓားထိုးခံရလိမ့်မယ် :P)

Box Design of Apple Certified Refurbished Vs Original