Low Power Mode ကိုတချိန်လုံးဖွင့်ထားရင်ဘာဖြစ်တတ်လဲ? Battery ထိခိုက်တတ်လား?

UNICODE

ဘယ်အချိန်တွေမှာ Low Power Mode ကိုဖွင့်/ပိတ်ထားသင့်လဲ? ဒီနေ့မှာတော့အဲ့မေးခွန်းတွေကိုဖြေပေးသွားမှာပဲဖြစ်ပါတယ်။

အရင်ဆုံး Low Power Mode ဆိုတာဘာလဲနဲ့ဘယ်လိုအလုပ်လုပ်သလဲဆိုတာကနေစလိုက်ကြရအောင်။

Low Power Mode ဆိုတာ 2015 ကထွက်ရှိခဲ့တဲ့ iOS 9 ကနေစပြီးပါဝင်လာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Battery ကြာကြာခံအောင်လို့ပါ..

ဒီလိုကြာကြာခံနိုင်ဖို့အတွက် Battery ကိုအဓိကသုံးတဲ့ Service တွေကိုတတ်နိုင်သလောက်လိုက်ပိတ်ပါတယ်။ ဥပမာအားဖြင့် Mail တွေ auto fetch ကိုပိတ်တာ, Background မှာ application တွေ refresh လုပ်တာကိုပိတ်တာ (it’s like multitasking), Automatic downloads တွေကိုပိတ်လိုက်တာ, Visual effects တွေလျှော့ချလိုက်တာ, Screen brightness ကိုအနည်းငယ်မှိန်လိုက်တာ, Auto lock ကို 30-seconds ပြောင်းထားလိုက်တာ,

နောက်ပြီး iCloud photos upload/download ကိုလဲ pause လိုက်တာပါ.. iOS 9 to 11 မှာတုန်းက Low Power Mode on ထားရင် Hey Siri ခေါ်လို့မရပေမယ့်အခု iOS 12 နဲ့ နောက်ပိုင်း version တွေမှာတော့ Low Power Mode on ထားရင်တောင် Hey Siri သုံးလို့ရပါပြီ။

ကဲဒီတော့ Low Power Mode အမြဲတမ်းဖွင့်ထားရင် ဖုန်း battery ကိုထိခိုက်နိုင်သလားဆိုတာကိုဖြေပါမယ်။

100% လုံးဝမထိခိုက်နိုင်ပါ။

Apple Support နဲ့ chat ပြီးကိုမေးဖူးပါတယ်။ Low Power Mode on လိုက်တဲ့အခါ Battery ကုန်မြန်စေမယ့်အရာတွေကိုလိုက်ပိတ်လိုက်တာကြောင့်  Battery ကုန်သက်သာသွားတယ်ဒါပါပဲ..

အမြဲတမ်းဖွင့်ထားတာအဆင်ပြေရင်ဖွင့်သာထားပါ.. ကျွန်တော်ဆိုလဲ 100% ကတည်းကဖွင့်ပါတယ်.. ကိုယ်က Mail auto fetch မယ့် feature တွေလိုချင်ရင်တော့ပိတ်ထားပေါ့လေ။

ဟုတ်ပြီ ဒါဆိုဘယ်လိုအချိန်တွေမှာပိတ်သင့်သလဲ? Theory အရဆိုရင် Low Power Mode on လိုက်တဲ့အခါ Internet speed အနည်းငယ်နှေးသွားတတ်တယ်,

နောက်ပြီးတော့ CPU performance အပြည့်မသုံးအောင် throttle လုပ်ချလိုက်တယ်လို့ဆိုပါတယ်။ (အောက်ကပုံကိုကြည့်ပါ Low Power Mode on လိုက်တဲ့အခါ CPU performance အပြည့်နဲ့အလုပ်မလုပ်ပါဘူး)

CPU Frequency Decline with LPM

ကျွန်တော်တို့ daily tasks တွေဖြစ်တဲ့ Social media သုံးတာအလုပ်လုပ်တာ Light Games ဆော့တာဘာညာလောက်မှာက CPU performance သိပ်မလိုပါဘူး..

ဒီအတွက်အဲ့လိုအချိန်တွေမှာ Low Power Mode on ထားတာကိစ္စမရှိဘူး.. ဒါပေမယ့် Performance hunger ဖြစ်တဲ့ Games တွေဆော့တဲ့အခါ Low Power Mode ကိုပိတ်ထားသင့်ပါတယ်..

ဥပမာ– PUBG Mobile လိုဂိမ်းတွေမျိုးပေါ့။ CPU/GPU performance အကြီးအကျယ်လိုလာတဲ့အချိန်ကလွဲရင် Low Power Mode on ထားတာဘာမှမဖြစ်ပါဘူးရဲရဲသာသုံးပါ.. Low Power Mode on ထားရင်Battery ထိတယ်ဆိုတဲ့ဂျင်းတွေကိုမယုံကြပါနဲ့တော့ xD

Pyae Heinn Kyaw