Welcome

iPhone အတု အလုံးရေ 1000 ကျော်ကို AppleCare+ အသုံးပြုပြီး အစစ်တွေနဲ့လဲလှယ်ခဲ့တဲ့ သားအမိကို ထောင်ဒဏ်ချမှတ်

UNICODE

iPhone အစစ်တွေနဲ့ လုံးဝတူညီတဲ့ iPhone အတုအလုံးရေ 1,000 ကျော်ကို AppleCare+ အသုံးပြုပြီး Warranty Claim ခဲ့တဲ့ဖြစ်စဥ်ဟာ ဟောင်ကောင်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာဖြစ်ပွားခဲ့ပါတယ်

တရားခံကတော့ တရုတ်လူမျိုး သားအမိ 2 ယောက်ဖြစ်ပြီး သားဖြစ်သူက ထောင်ဒဏ် 4 နှစ်ကျခံရမယ့်အပြင် သူကိုယ်တိုင် နှစ် 20 ကျော်နေထိုင်လာတဲ့ ဆွစ်ဇာလန်နိုင်ငံကနေ ပြည်နှင်ဒဏ်ပါ အပေးခံလိုက်ရတာပါ

Apple ကိုလှည့်စားခဲ့တဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် .. အရင်တခေါက်ကလဲ တရုတ်ကျောင်းသား 2 ယောက်ဟာ ဒီလိုလှည့်စားပြီး $1 သန်းကျော်လောက်တန်ဖိုးရှိတဲ့ iPhone တွေလိမ်လည်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ခဲ့ဖူးပါတယ်

Apple ဟာ AppleCare+ မဝယ်ထားတဲ့ iPhone တွေကို Water Damage အတွက် Warranty မပေးပါဘူး .. အဲ့တော့ Water Damage ဖြစ်လာခဲ့ရင် Whole Unit Exchange လုပ်ရပြီးတော့ ကုန်ကျစရိတ်ဟာ Model အလိုက်ကျသင့်မှာဖြစ်ပြီး အများဆုံး မြန်မာငွေ 11 သိန်းခန့်အထိ ကျသင့်တတ်ပါတယ်

ဒါပေမယ့် AppleCare+ ဝယ်ထားရင် User Fault ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို 2 ခါတိတိတာဝန်ယူဖြေရှင်းပေးပါတယ် .. ဒါကြောင့် AppleCare+ ဝယ်ထားတဲ့ဖုန်းဟာ Water Damage ဖြစ်ပြီဆိုရင် Whole Unit Exchange ကို မြန်မာငွေ 1 သိန်းကျော်ခန့်လောက်နဲ့သာ လုပ်နိုင်တာဖြစ်လို့ ဒါဟာတော်တော်လေးအဆင်ပြေတဲ့ Warranty Service ပါ

Whole Unit Exchange ဆိုတာကတော့ ဖုန်းအဟောင်းနဲ့ Model, Colour, Storage တူတဲ့ ဖုန်းအသစ် 1 လုံးကိုပြန်လဲပေးတဲ့ Service ဖြစ်ပါတယ် .. AppleCare+ အကြောင်းအသေးစိတ်ဖတ်ချင်ရင် အောက်ပါ Link မှာသွားဖတ်နိုင်ပါတယ် > https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

အခုလိမ်လည်ခဲ့တဲ့ သားအမိကတော့ ဖုန်းအတုတွေမှာ AppleCare+ ဝယ်ထားတဲ့ iPhone အစစ်တွေရဲ့ IMEI နဲ့ Serial Number တွေထည့်သွင်းလိုက်ပါတယ် .. ပြီးတော့ အဲ့ဖုန်းအတုတွေကို ရေဝင်လို့ပျက်သွားပြီဆိုပြီး Apple Store ကိုသွားပြပါတယ်

Apple ကလဲ Serial Number ကိုစစ်ကြည့်တဲ့အခါမှာ AppleCare+ ဝယ်ထားတဲ့ iPhone ဖြစ်နေတာဖြစ်တဲ့အတွက် မြန်မာငွေ 1 သိန်းကျော်လောက်ယူပြီး ဖုန်းအသစ် 1 လုံးပြန်လဲပေးလိုက်ပါတယ်

Apple ရဲ့ Warranty Service ကအဲ့လောက်ကိုရိုးရှင်းတာပါ .. ဒါကြောင့်လဲ အလိမ်ခံရတာဖြစ်ပါတယ် .. ဒီဖြစ်စဥ်မှာ သားဖြစ်သူက ဖုန်းအလုံးရေ 1000 ကျော်ကိုလိမ်လည်ခဲ့ပြီး အမေဖြစ်သူက ဖုန်းအလုံးရေ 100 ကျော်လိမ်လည်ခဲ့ပါတယ်

ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံ 2 ယောက်ကတော့ သူတို့အနေနဲ့ iPhone အတုတွေကို အတုမှန်းမသိပဲ Warranty Claim မိတာဖြစ်တယ်လို့ ဖြောင့်ချက်ပေးထားပါတယ် .. သူတို့ဟာ တရုတ်ကနေ iPhone အတုတွေကို ဆွစ်ဇာလန်ဆီပို့ပြီး အသစ်ပြန်လဲလှယ်တာပါ

အခုဖြစ်ရပ်မှာ တရုတ်ကဝင်လာတဲ့ iPhone တွေကို ဆွစ်ဇာလန် custom က ရုတ်တရက်စစ်ဆေးလိုက်တဲ့အခါမှ iPhone အတုတွေမှန်းပေါ်လာတာဖြစ်ပြီး အဆိုပါသားအမိကို အရေးယူခဲ့တာဖြစ်ပါတယ်

Source : 9to5Mac

ZAWGYI

iPhone အစစ္ေတြနဲ႔ လုံးဝတူညီတဲ့ iPhone အတုအလုံးေရ 1,000 ေက်ာ္ကို AppleCare+ အသုံးျပဳၿပီး Warranty Claim ခဲ့တဲ့ျဖစ္စဥ္ဟာ ေဟာင္ေကာင္နဲ႔ ဆြစ္ဇာလန္ႏိုင္ငံတို႔မွာျဖစ္ပြားခဲ့ပါတယ္

တရားခံကေတာ့ တ႐ုတ္လူမ်ိဳး သားအမိ 2 ေယာက္ျဖစ္ၿပီး သားျဖစ္သူက ေထာင္ဒဏ္ 4 ႏွစ္က်ခံရမယ့္အျပင္ သူကိုယ္တိုင္ ႏွစ္ 20 ေက်ာ္ေနထိုင္လာတဲ့ ဆြစ္ဇာလန္ႏိုင္ငံကေန ျပည္ႏွင္ဒဏ္ပါ အေပးခံလိုက္ရတာပါ

Apple ကိုလွည့္စားခဲ့တဲ့နည္းလမ္းကေတာ့ ႐ိုးရွင္းပါတယ္ .. အရင္တေခါက္ကလဲ တ႐ုတ္ေက်ာင္းသား 2 ေယာက္ဟာ ဒီလိုလွည့္စားၿပီး $1 သန္းေက်ာ္ေလာက္တန္ဖိုးရွိတဲ့ iPhone ေတြလိမ္လည္ခဲ့တဲ့ျဖစ္စဥ္ျဖစ္ခဲ့ဖူးပါတယ္

Apple ဟာ AppleCare+ မဝယ္ထားတဲ့ iPhone ေတြကို Water Damage အတြက္ Warranty မေပးပါဘူး .. အဲ့ေတာ့ Water Damage ျဖစ္လာခဲ့ရင္ Whole Unit Exchange လုပ္ရၿပီးေတာ့ ကုန္က်စရိတ္ဟာ Model အလိုက္က်သင့္မွာျဖစ္ၿပီး အမ်ားဆုံး ျမန္မာေငြ 11 သိန္းခန္႔အထိ က်သင့္တတ္ပါတယ္

ဒါေပမယ့္ AppleCare+ ဝယ္ထားရင္ User Fault ေၾကာင့္ျဖစ္လာတဲ့ ျပႆနာေတြကို 2 ခါတိတိတာဝန္ယူေျဖရွင္းေပးပါတယ္ .. ဒါေၾကာင့္ AppleCare+ ဝယ္ထားတဲ့ဖုန္းဟာ Water Damage ျဖစ္ၿပီဆိုရင္ Whole Unit Exchange ကို ျမန္မာေငြ 1 သိန္းေက်ာ္ခန္႔ေလာက္နဲ႔သာ လုပ္ႏိုင္တာျဖစ္လို႔ ဒါဟာေတာ္ေတာ္ေလးအဆင္ေျပတဲ့ Warranty Service ပါ

Whole Unit Exchange ဆိုတာကေတာ့ ဖုန္းအေဟာင္းနဲ႔ Model, Colour, Storage တူတဲ့ ဖုန္းအသစ္ 1 လုံးကိုျပန္လဲေပးတဲ့ Service ျဖစ္ပါတယ္ .. AppleCare+ အေၾကာင္းအေသးစိတ္ဖတ္ခ်င္ရင္ ေအာက္ပါ Link မွာသြားဖတ္ႏိုင္ပါတယ္ > https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

အခုလိမ္လည္ခဲ့တဲ့ သားအမိကေတာ့ ဖုန္းအတုေတြမွာ AppleCare+ ဝယ္ထားတဲ့ iPhone အစစ္ေတြရဲ႕ IMEI နဲ႔ Serial Number ေတြထည့္သြင္းလိုက္ပါတယ္ .. ၿပီးေတာ့ အဲ့ဖုန္းအတုေတြကို ေရဝင္လို႔ပ်က္သြားၿပီဆိုၿပီး Apple Store ကိုသြားျပပါတယ္

Apple ကလဲ Serial Number ကိုစစ္ၾကည့္တဲ့အခါမွာ AppleCare+ ဝယ္ထားတဲ့ iPhone ျဖစ္ေနတာျဖစ္တဲ့အတြက္ ျမန္မာေငြ 1 သိန္းေက်ာ္ေလာက္ယူၿပီး ဖုန္းအသစ္ 1 လုံးျပန္လဲေပးလိုက္ပါတယ္

Apple ရဲ႕ Warranty Service ကအဲ့ေလာက္ကို႐ိုးရွင္းတာပါ .. ဒါေၾကာင့္လဲ အလိမ္ခံရတာျဖစ္ပါတယ္ .. ဒီျဖစ္စဥ္မွာ သားျဖစ္သူက ဖုန္းအလုံးေရ 1000 ေက်ာ္ကိုလိမ္လည္ခဲ့ၿပီး အေမျဖစ္သူက ဖုန္းအလုံးေရ 100 ေက်ာ္လိမ္လည္ခဲ့ပါတယ္

ျပစ္မႈက်ဴးလြန္ခဲ့တဲ့ တရားခံ 2 ေယာက္ကေတာ့ သူတို႔အေနနဲ႔ iPhone အတုေတြကို အတုမွန္းမသိပဲ Warranty Claim မိတာျဖစ္တယ္လို႔ ေျဖာင့္ခ်က္ေပးထားပါတယ္ .. သူတို႔ဟာ တ႐ုတ္ကေန iPhone အတုေတြကို ဆြစ္ဇာလန္ဆီပို႔ၿပီး အသစ္ျပန္လဲလွယ္တာပါ

အခုျဖစ္ရပ္မွာ တ႐ုတ္ကဝင္လာတဲ့ iPhone ေတြကို ဆြစ္ဇာလန္ custom က ႐ုတ္တရက္စစ္ေဆးလိုက္တဲ့အခါမွ iPhone အတုေတြမွန္းေပၚလာတာျဖစ္ၿပီး အဆိုပါသားအမိကို အေရးယူခဲ့တာျဖစ္ပါတယ္

Source : 9to5Mac