1.1.1.1 ဒါမှမဟုတ် WARP+ ဆိုတာ စိတ်ချရရဲ့လား? WARP+ GB တွေဘယ်လို Hack ရမလဲ?

UNICODE

1.1.1.1 App က မြန်မာနိုင်ငံမှာ Social Media တွေကဘန်းလိုက်တာကနေ နာမည်စကြီးလာတာဖြစ်ပါတယ် .. အမှန်တော့ 1.1.1.1 ဆိုတာ နာမည်ကြီး US Company CloudFlare ကထုတ်ထားတဲ့ App ပဲဖြစ်ပါတယ် .. 1.1.1.1 ဆိုတဲ့ App ရဲ့ IP Address ကိုက CloudFlare ရဲ့ Public DNS Server ဖြစ်နေပြီးတော့ လူတိုင်းအသုံးပြုလို့ရအောင် Free Access ပေးထားတာဖြစ်ပါတယ် (Google ရဲ့ 8.8.8.8 နဲ့ 8.8.4.4 လိုပါပဲ)

1.1.1.1 App မှာ Mode 2 မျိုးရှိပါတယ် .. 1.1.1.1 နဲ့ WARP+ ဆိုတဲ့ Mode တွေပါ .. WARP+ Unlimited လိုချင်ရင် လစဥ်ကြေးနဲ့ဝယ်ရပါတယ် .. ဒါပေမယ့် ဝယ်မသုံးချင်ရင် Hack လို့ရပါတယ် .. အောက်ပိုင်းမှာဆက်ပြောပြပါမယ်

1.1.1.1

1.1.1.1 ဆိုတာကတော့ DNS Address ဖြစ်ပြီး အဲ့ဒီ Mode အသုံပြုနေချိိန်မှာ DNS Server change သုံးနေတာဖြစ်လို့ ကိုယ်သုံးနေတဲ့နိုင်ငံမှာပိတ်ထားတဲ့ Website တွေကို 1.1.1.1 ဆိုတဲ့ DNS Server ကိုချိတ်သုံးတဲ့ပုံစံပါ .. DNS Traffic ကို Encrypt လုပ်ထားတာကြောင့် Secure ဖြစ်တယ်ဆိုပေမယ့် VPN တွေလိုမျိုး Online မှာ Anonymous ဖြစ်နေအောင် ဆောင်ရွက်ပေးမှာမဟုတ်ပါဘူး .. IP လည်း Hide မပေးပါဘူး

အဲ့တော့ မှတ်ထားရမှာက 1.1.1.1 ဆိုတာ VPN မဟုတ်ပဲ DNS သီးသန့်ချိန်းပေးရုံသာဖြစ်ပြီး Online မှာ ကိုယ့်ကို Trace လုပ်လို့ရပါတယ် .. သူ့ရည်ရွယ်ချက်က လိုင်းပိုကောင်းအောင် လုပ်ရုံသက်သက်ပဲဖြစ်ပါတယ် (မြန်မာလို Website တချို့ Ban ထားတဲ့နိုင်ငံမှာတော့ ပိတ်ထားတာတွေကျော်ကြည့်ဖို့သုံးကြတာပေါ့)

WARP+

WARP+ ဆိုတာကတော့ 1.1.1.1 ကိုမှ ပိုမြန်ပြီး ပိုလုံခြုံအောင်လုပ်ထားတာပါ .. 1.1.1.1 က DNS Traffic ကိုပဲ Encrypt လုပ်ပေးချိန်မှာ WARP+ က သင့်ဖုန်းနဲ့ CloudFlare Server တွေကြားထဲမှာရှိတဲ့ Tunnel ကိုပါ Encrypt လုပ်ပေးပါတယ်

ဒါပေမယ့် WARP+ ဟာလည်း VPN တွေလိုမျိုး Privacy, Security ကောင်းဖို့ရည်ရွယ်ထားတာမဟုတ်ပဲ လိုင်းပိုကောင်းအောင်သာ ရည်ရွယ်ထုတ်လုပ်ထားတာမို့လို့ သင်ဟာ Online မှာ Anonymous ဖြစ်နေမှာမဟုတ်ပဲ ပိတ်ထားတဲ့ Website တွေကိုသာ ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်

ဒါကြောင့် 1.1.1.1 နဲ့ WARP+ တို့ကိုသုံးတာဟာ VPN လိုမျိုးလုံခြုံမှုတော့ ပေးစွမ်းနိုင်မှာမဟုတ်ပေမယ့် VPN တွေထက် ပိုမိုသာလွန်တဲ့ Connection Speed ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ် .. CloudFlare ကလည်း စိတ်ချရတဲ့ Company ဖြစ်တာကြောင့် 1.1.1.1 App ကိုစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်

ကျွန်တော်ကတော့ Public WiFi တွေချိတ်ဆက်အသုံးပြုတော့မယ်ဆိုရင် အနည်းဆုံးတော့ WARP+ ဒါမှမဟုတ် VPN တခုခုချိတ်သုံးဖို့ အကြံပြုချင်ပါတယ် .. အခုလို Website တွေဘန်းထားတဲ့ကာလမှာ ကိုယ့်ရဲ့ WARP+ ကိုသုံးလို့အဆင်ပြေတယ်ဆိုပေမယ့် ကိုယ့်ရဲ့ Personal Identity ကို Online မှာ Hide လုပ်ထားချင်တဲ့လူတွေအတွက်ကိုတော့ Paid VPN ကောင်းကောင်းသာ သုံးပါလို့အကြံပြုချင်ပါတယ် (ExpressVPN, SurfShark VPN, NordVPN)

WARP+ ကိုသုံးချင်ရင် လစဥ်ကြေးပေးသုံးရပါတယ် .. တတ်နိုင်တဲ့လူတွေဆို Unlimited ဝယ်သုံးဖို့ အကြံပြုချင်ပါတယ် (Australia မှာတော့ တစ်လကို $4.99 ပဲကျသင့်မှာဖြစ်လို့ VPN တွေထက်စာရင်တန်တယ်လို့ပြောလို့ရပါတယ်) .. ဝယ်သုံးဖို့အကြံပြုတာကတော့ နည်းပညာကို ရောင်းစားတာဖြစ်လို့ Developer ကို Support ပေးတဲ့အနေနဲ့ဝယ်သုံးခိုင်းတာဖြစ်ပါတယ် .. မဝယ်နိုင်မှသာ အောက်မှာပြောပြထားတဲ့ နည်းနဲ့ GB တွေ hack ပြီးအသုံးပြုကြပါ

WARP+ GB hack နည်း

Step 1. https://repl.it/@aliilapro/warp ကိုသွားပြီး အစိမ်းရောင် Start Button ကိုနှိပ်ပါ

Step 2. 1.1.1.1 App ထဲက Advanced > Diagnostics > ID ကို Copy ကူးပြီး Step 1 မှာပေးထားတဲ့ Website မှာ Paste လုပ်ပြီး Enter ခေါက်လိုက်ပါ
ဒါဆိုရပါပြီ .. သင်မရပ်မချင်း WARP+ ထဲ GB တွေရောက်လာမှာဖြစ်ပါတယ် (တချို့ Mobile Browser တွေမှာ Paste လုပ်လို့မရတာဖြစ်တဲ့အတွက် Computer ကလုပ်တာပိုမြန်ပါတယ်)

ZAWGYI



1.1.1.1

1.1.1.1 ဆိုတာကတော့ DNS Address ဖြစ်ပြီး အဲ့ဒီ Mode အသုံပြုနေချိန်မှာ DNS Server change သုံးနေတာဖြစ်လို့ ကိုယ်သုံးနေတဲ့နိုင်ငံမှာပိတ်ထားတဲ့ Website တွေကို 1.1.1.1 ဆိုတဲ့ DNS Server ကိုချိတ်သုံးတဲ့ပုံစံပါ .. DNS Traffic ကို Encrypt လုပ်ထားတာကြောင့် Secure ဖြစ်တယ်ဆိုပေမယ့် VPN တွေလိုမျိုး Online မှာ Anonymous ဖြစ်နေအောင် ဆောင်ရွက်ပေးမှာမဟုတ်ပါဘူး .. IP လည်း Hide မပေးပါဘူး


WARP+






WARP+ GB hack နည်း

