UNICODE
အပြင်ထွက်ရင် ပိုက်ဆံအိတ်တွေ သော့တွေ ကဒ်တွေကိုင်စရာမလိုပဲ ဖုန်းလေးတလုံးနဲ့အပြင်ထွက်သွားလို့ရတဲ့ ဘဝကိုစိတ်ကူးယဉ်ဖူးလား ? ဒီလိုဘဝမျိုးကို Apple Pay, Apple Wallet နဲ့ Home App တို့ကပေးစွမ်းနိုင်ပါတယ်
Apple Wallet
Apple Wallet ကိုအရင်ရှင်းပါမယ် .. အောက်ကပုံကိုကြည့်လိုက်ပါ .. MasterCard တစ်ကတ်ရယ်၊ Gong Cha က Member Card ရယ်၊ Apple Store Card တွေရယ်၊ Event Ticket တွေရယ်၊ Rewards Card တွေရယ်တွေ့ရပါလိမ့်မယ်

Wallet ဆိုတဲ့နာမည်အတိုင်း ပိုက်ဆံအိတ်ထဲမှာ ထည့်ထားတဲ့ Card ပေါင်းသောင်းခြောက်ထောင်ကို ဒီ Wallet App ထဲမှာ Digitalised လုပ်ပြီးထည့်ထားလို့ရပါတယ် .. ကျွန်တော်ရွတ်ပြသွားတဲ့ ကဒ်တွေအပြင် Boarding Pass တို့၊ ကျောင်းသားကဒ်တို့၊ Bus/Train Travel Card တို့ပါထည့်ထားလို့ရပါသေးတယ် .. ဆိုတော့ တော်တော်လေးပြည့်စုံနေပြီ
Apple Pay
Apple Pay အကြောင်းဆက်ပြောမယ် .. သူက MasterCard အပြင် VISA Card, American Express တို့ပါထည့်ထားလို့ရသေးတယ် .. ဘယ်လိုအလုပ်,လုပ်သလဲဆိုတော့ သင်ဝယ်ချင်တာဝယ်ပြီးရင်ငွေရှင်းတဲ့နေရာမှာ ငွေရှင်းမယ့်စက်လေးပေါ်ကို iPhone နဲ့ကပ်လိုက်တာနဲ့ ပိုက်ဆံရှင်းပြီးသားပါပဲ
အဲ့ဒီအတွက် ငွေရှင်းမယ့်နေရာကစက်က Apple Pay လက်ခံတဲ့နေရာဖြစ်ရမယ် .. ဖုန်းနဲ့ငွေပေးရင်လဲ Face ID သို့မဟုတ် Touch ID လိုအပ်ပါတယ် .. ဒါကြောင့်ဖုန်းပျောက်သွားရင်လဲ ကိုယ့်ကဒ်ထဲကပိုက်ဆံတွေကို သူများယူသုံးသွားမှာ စိတ်ပူစရာမလိုတော့ပါဘူး
(Apple အနေနဲ့ Security ကိုအရမ်းဂရုစိုက်ရတာဒီအချက်ကြောင့်ပါ။ iPhone လုံခြုံရေးကျိုးပေါက်ခဲ့ရင် ဒီထဲက Card တွေအကုန်သူများလက်ထဲပါကုန်မှာပါ) အောက်ကပုံကိုကြည့်ကြည့်ပါ .. Apple Pay နဲ့ပေးထားတဲ့ Transaction Summary ကိုပါကြည့်လို့ရပါတယ်

Home
Home App အကြောင်းဆက်ပြောရရင် Home App ဆိုတာ ကိုယ့်အိမ်ကိုထိန်းချုပ်တဲ့ App ပါပဲ .. သင့်အိမ်မှာရှိတဲ့ မီးသီးတွေ၊ အဲကွန်းတွေ၊ စပီကာတွေ၊ တံခါးတွေ၊ ရေခဲသေတ္တာတွေ၊ လိုက်ကာတွေ အကုန်လုံးကို Home App ကနေ အဖွင့်အပိတ်လုပ်လို့ရပါတယ် ..
ဒီလို Home App ကနေ အဖွင့်အပိတ်လုပ်လို့ရဖို့အတွက် သင်သုံးတဲ့ပစ္စည်းတွေက HomeKit Compatible ဖြစ်တဲ့ ပစ္စည်းဖြစ်ဖို့လိုအပ်ပါတယ် .. ဥပမာ – မီးသီးဆိုလဲ HomeKit Compatible မီးသီးပေါ့ .. နောက်တချက်က သင့်အိမ်မှာ 24-hour WiFi လိုအပ်ပါတယ် .. ဒါဆိုရင်သုံးလို့ရပါပြီ .. အပြင်ရောက်နေလဲ တအိမ်လုံးက အဖွင့်အပိတ်တွေအားလုံးကို ဖုန်းကနေလုပ်လို့ရနေမှာပါ .. အောက်ကပုံကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်


အပေါ်ကပုံကတော့ မီးလုံးရဲ့ အလင်းပမာဏကိုအတိုးအလျှော့လုပ်လို့ရတဲ့အပြင် မီးရောင် ၁၆ သန်းထိပြောင်းလို့ရတာကိုပြထားတာဖြစ်ပါတယ်
ဒီလောက်ဆို Apple Pay, Apple Wallet နဲ့ Home App တို့အလုပ်လုပ်ပုံကိုနားလည်သွားလောက်ပါပြီ .. လက်ရှိမြန်မာမှာ Home ပဲသုံးလို့ရပါဦးမယ်
Home App အလုပ်လုပ်ပုံသိချင်ရင် ဒီမှာကြည့်ပါ – https://www.facebook.com/103767734345211/posts/401660904555891/
#PHK_Knowledge_Sharing