သင်သွားသမျှ နေရာတိုင်းကိုသိနေတဲ့ Facebook ရဲ့ Location Tracking အကြောင်းနဲ့ အဆိုပါ Location History ကိုဖျက်နည်း

UNICODE

တကယ်လို့သင်သာ Facebook အတွက် Location Access ဖွင့်ပေးထားမယ်ဆိုရင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းပြီး မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်

သင်ရွေးပေးထားတဲ့ Settings ပေါ်မူတည်ပြီး သင် FB သုံးမနေရင်တောင် Facebook ကသင်သွားသမျှနေရာတွေကို ထောက်လှမ်းထားပြီး မှတ်တမ်းတင်သိမ်းဆည်းထားလို့ရနေပါတယ်

ဒီတော့ Facebook ကမှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့သွားခဲ့တဲ့နေရာတွေကိုကြည့်လိုက်ရအောင်ဗျာ .. အရင်ဆုံး အောက်မှာပေးထားတဲ့ Link ကိုနှိပ်လိုက်ပါ (Password တောင်းရင်ရိုက်ပေးလိုက်ပါ) .. ပြီးရင် ဘယ်နေ့မှာ ဘယ်တွေသွားထားတယ်ဆိုတဲ့ Location History ကြီးပေါ်လာပြီဖြစ်ပါတယ်

Location History ကြည့်ရန် Link – https://www.facebook.com/location_history/view/

အောက်ကပုံကိုကြည့်ပါ .. 25 ရက်နေ့ကကျွန်တော်သွားထားသမျှနေရာတွေအကုန်လုံးကို အချိန်နဲ့တကွ မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ် .. ကောင်မလေးတွေအနေနဲ့ ကိုယ့်ကောင်လေးဘယ်တွေသွားနေလဲ ဒီနည်းနဲ့ကြည့်လို့ရပါသေးတယ် (Sorry bros :3)

ဒီနေရာမှာ Location Permission မပေးထားတဲ့လူတွေအနေနဲ့ကတော့ History တွေပေါ်မှာမဟုတ်ပါဘူး .. ဒီတော့ အခုလိုမှတ်တမ်းတင်ထားတာကို မကြိုက်ရင် လုပ်စရာ ၂ ခုရှိပါတယ် .. မှတ်တမ်းတင်ထားတဲ့ History ကိုဖျက်ပစ်တာနဲ့ မှတ်တမ်းဆက်တင်လို့မရအောင် ပိတ်လိုက်တာပဲဖြစ်ပါတယ်

Facebook ကသင်သွားသမျှနေရာတွေကိုမှတ်တမ်းတင်လို့မရအောင်ပိတ်နည်း

အရင်ဆုံး Facebook App ထဲသွားပြီး Settings & Privacy အောက်က Privacy Shortcuts ဆိုတာထဲကိုဝင်ပါ .. ပြီးရင် Manage your location settings ဆိုတာထဲကိုဝင်ပြီး Location History ကို ပိတ်ပေးထားလိုက်ရင် သင်သွားသမျှနေရာတွေကို Facebook ကမှတ်တမ်းတင်လို့မရတော့ပါဘူး .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်

Facebook ကသင်သွားသမျှနေရာတွေကိုမှတ်တမ်းတင်ထားကိုဖျက်ပစ်နည်း

အပေါ်ကလိုပဲ Facebook ထဲဝင်၊ Settings & Privacy အောက်ထဲက Privacy Shortcuts ထဲသွား၊ ပြီးရင် Manage your location settings ထဲထပ်သွားပြီး View your location history ထဲကိုဝင်လိုက်ပါ

ပြီးရင် ညာဖက်အပေါ်ထောင့်က အစက်သုံးစက်ကိုနှိပ်ပြီး Delete all location history ကိုနှိပ်လိုက်ရင် မှတ်တမ်းတင်သမျှ history အကုန်ပျက်သွားမှာဖြစ်ပါတယ် .. သေချာမရှင်းရင်အောက်ကပုံမှာ တဆင့်ချင်းလုပ်ပြထားတာကိုကြည့်နိုင်ပါတယ်

ဒီလိုလုပ်ပြီးသွားရင်တော့ Facebook ကသင်သွားသမျှနေရာတွေကို မှတ်တမ်းတင်ထားလို့မရတော့သလို အရင်မှတ်တမ်းတင်ထားတာတွေအကုန်လုံးလဲ ဖျက်ပစ်ပြီးပါပြီ … ဒါပေမယ့်သင်သွားနေတဲ့နေရာတွေကိုတော့ ဆက်လက်သိရှိနေဦးမှာဖြစ်ပါတယ်

လုံးဝမသိစေချင်ရင်တော့ Settings > Privacy > Location Services > Facebook မှာ Never ရွေးပေးထားလိုက်ရင် သင်ဘယ်တွေသွားနေလဲဆိုတာကို Facebook ကထောက်လှမ်းလို့ရတော့မှာမဟုတ်ပါဘူး

အားလုံးပဲအဆင်ပြေကြပါစေ

ZAWGYI

တကယ္လို႔သင္သာ Facebook အတြက္ Location Access ဖြင့္ေပးထားမယ္ဆိုရင္ Facebook ကသင္သြားသမွ်ေနရာေတြကို ေထာက္လွမ္းၿပီး မွတ္တမ္းတင္ထားမွာျဖစ္ပါတယ္

သင္ေ႐ြးေပးထားတဲ့ Settings ေပၚမူတည္ၿပီး သင္ FB သုံးမေနရင္ေတာင္ Facebook ကသင္သြားသမွ်ေနရာေတြကို ေထာက္လွမ္းထားၿပီး မွတ္တမ္းတင္သိမ္းဆည္းထားလို႔ရေနပါတယ္

ဒီေတာ့ Facebook ကမွတ္တမ္းတင္ထားတဲ့ ကြၽန္ေတာ္တို႔သြားခဲ့တဲ့ေနရာေတြကိုၾကည့္လိုက္ရေအာင္ဗ်ာ .. အရင္ဆုံး ေအာက္မွာေပးထားတဲ့ Link ကိုႏွိပ္လိုက္ပါ (Password ေတာင္းရင္႐ိုက္ေပးလိုက္ပါ) .. ၿပီးရင္ ဘယ္ေန႔မွာ ဘယ္ေတြသြားထားတယ္ဆိုတဲ့ Location History ႀကီးေပၚလာၿပီျဖစ္ပါတယ္

Location History ၾကည့္ရန္ Link – https://www.facebook.com/location_history/view/

ေအာက္ကပုံကိုၾကည့္ပါ .. 25 ရက္ေန႔ကကြၽန္ေတာ္သြားထားသမွ်ေနရာေတြအကုန္လုံးကို အခ်ိန္နဲ႔တကြ မွတ္တမ္းတင္ထားတာကိုေတြ႕ရပါတယ္ .. ေကာင္မေလးေတြအေနနဲ႔ ကိုယ့္ေကာင္ေလးဘယ္ေတြသြားေနလဲ ဒီနည္းနဲ႔ၾကည့္လို႔ရပါေသးတယ္ (Sorry bros :3)

ဒီေနရာမွာ Location Permission မေပးထားတဲ့လူေတြအေနနဲ႔ကေတာ့ History ေတြေပၚမွာမဟုတ္ပါဘူး .. ဒီေတာ့ အခုလိုမွတ္တမ္းတင္ထားတာကို မႀကိဳက္ရင္ လုပ္စရာ ၂ ခုရွိပါတယ္ .. မွတ္တမ္းတင္ထားတဲ့ History ကိုဖ်က္ပစ္တာနဲ႔ မွတ္တမ္းဆက္တင္လို႔မရေအာင္ ပိတ္လိုက္တာပဲျဖစ္ပါတယ္

Facebook ကသင္သြားသမွ်ေနရာေတြကိုမွတ္တမ္းတင္လို႔မရေအာင္ပိတ္နည္း

အရင္ဆုံး Facebook App ထဲသြားၿပီး Settings & Privacy ေအာက္က Privacy Shortcuts ဆိုတာထဲကိုဝင္ပါ .. ၿပီးရင္ Manage your location settings ဆိုတာထဲကိုဝင္ၿပီး Location History ကို ပိတ္ေပးထားလိုက္ရင္ သင္သြားသမွ်ေနရာေတြကို Facebook ကမွတ္တမ္းတင္လို႔မရေတာ့ပါဘူး .. ေသခ်ာမရွင္းရင္ေအာက္ကပုံမွာ တဆင့္ခ်င္းလုပ္ျပထားတာကိုၾကည့္ႏိုင္ပါတယ္

Facebook ကသင္သြားသမွ်ေနရာေတြကိုမွတ္တမ္းတင္ထားကိုဖ်က္ပစ္နည္း

အေပၚကလိုပဲ Facebook ထဲဝင္၊ Settings & Privacy ေအာက္ထဲက Privacy Shortcuts ထဲသြား၊ ၿပီးရင္ Manage your location settings ထဲထပ္သြားၿပီး View your location history ထဲကိုဝင္လိုက္ပါ

ၿပီးရင္ ညာဖက္အေပၚေထာင့္က အစက္သုံးစက္ကိုႏွိပ္ၿပီး Delete all location history ကိုႏွိပ္လိုက္ရင္ မွတ္တမ္းတင္သမွ် history အကုန္ပ်က္သြားမွာျဖစ္ပါတယ္ .. ေသခ်ာမရွင္းရင္ေအာက္ကပုံမွာ တဆင့္ခ်င္းလုပ္ျပထားတာကိုၾကည့္ႏိုင္ပါတယ္

ဒီလိုလုပ္ၿပီးသြားရင္ေတာ့ Facebook ကသင္သြားသမွ်ေနရာေတြကို မွတ္တမ္းတင္ထားလို႔မရေတာ့သလို အရင္မွတ္တမ္းတင္ထားတာေတြအကုန္လုံးလဲ ဖ်က္ပစ္ၿပီးပါၿပီ … ဒါေပမယ့္သင္သြားေနတဲ့ေနရာေတြကိုေတာ့ ဆက္လက္သိရွိေနဦးမွာျဖစ္ပါတယ္

လုံးဝမသိေစခ်င္ရင္ေတာ့ Settings > Privacy > Location Services > Facebook မွာ Never ေ႐ြးေပးထားလိုက္ရင္ သင္ဘယ္ေတြသြားေနလဲဆိုတာကို Facebook ကေထာက္လွမ္းလို႔ရေတာ့မွာမဟုတ္ပါဘူး

အားလုံးပဲအဆင္ေျပၾကပါေစ