iPhone တွေရေစိုသွားရင် ဘာလုပ်ရမလဲ?

UNICODE

သင့်အနေနဲ့ iPhone 7 နဲ့ အထက် iPhone Model ကိုကိုင်ထားပါသလား? ဒါဆိုရင်  သင့် iPhone က ရေစိုခံပါတယ် .. 2016 မှာ စတင်မိတ်ဆက်ပြီးရောင်းချခဲ့တဲ့ iPhone 7, 7 Plus ကနေစပြီး iPhone အကုန်လုံး Water-resistant တွေဖြစ်လာပါတယ်

iPhone 7, 7 Plus, 8, 8 Plus, X, XR စတဲ့ Model တွေဟာ IP 67 Water-resistant rating ရှိပြီးတော့ iPhone XS နဲ့အထက် Model တွေကတော့ IP 68 Water-resistant rating ရှိပါတယ်

Apple ပြောစကားအရတော့ water အပြင် ဖုန်တွေပါ ကာကွယ်ပေးနိုင်လို့ Dust-resistant ဖြစ်တယ်လို့ဆိုပါတယ် .. ဒါဆိုရင် IP 67, 68 အစရှိတဲ့ terms တွေကို ရှင်းပြဖို့လိုပါလိမ့်မယ် .. IP ရဲ့ အရှည်ကတော့ Ingress Protection ပါ .. IP နောက်က ဂဏန်း 2 လုံးမှာ ပထမတလုံးက Solid တွေကိုကိုယ်စားပြုပြီး ဒုတိတလုံးကတော့ Liquid တွေကိုကိုယ်စားပြုပါတယ်

IP 68 ရဲ့သဘောတရားကိုရှင်းပြရမယ်ဆိုရင် Solid protection rating 6 ဖြစ်တဲ့အတွက် ဖုန်တွေ သဲတွေကို လုံးဝမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ် .. First digit အတွက် 6 ဟာအမြင့်ဆုံး rating ပါပဲ

Second digit ကတော့ အရည်တွေဝင်တာကို တားဆီးနိုင်တဲ့ ပမာဏကိုဖော်ပြတာဖြစ်ပြီး အမြင့်ဆုံးကတော့ 9 ထိရှိပါတယ် .. 7 ကတော့ ရေအနက် 1 မီတာ (3.3 ပေ) မှာ 30 မိနစ်ထိ စိမ်ခံနိုင်ပြီးတော့ 8 ကတော့ 1 မီတာထက်ပိုတဲ့ အနက်ကို စိမ်ခံနိုင်တယ်လို့ သတ်မှတ်ပါတယ်

ဒီတော့ IP 67 Certified ဖြစ်ထားတဲ့ Device တွေ (iPhone 7 ကနေ XR အထိ) ဟာ ရေအနက် 1 မီတာမှာ မိနစ် 30 ထိအစိမ်ခံနိုင်ပြီးတော့ IP 68 Certified ဖြစ်ထားတဲ့ iPhone XS, XS Max, 11 တို့ကတော့ ရေအနက် 2 မီတာမှာ မိနစ် 30 ထိအစိမ်ခံနိုင်ပါတယ် .. ထူးခြားချက်ကတော့ IP 68 Certified တူတူချင်းကို iPhone 13 Pro နဲ့ 13 Pro Max တို့က ရေအနက် 6 မီတာ (ပေ 20) မှာ 30 မိနစ် အစိမ်ခံနိုင်တာပဲဖြစ်ပါတယ် .. ဒါဟာ လက်ရှိ Smartphone လောကမှာ ရေစိမ်အခံနိုင်ဆုံး အနေအထားပဲဖြစ်ပါတယ်

အပေါ်မှာပြောသွားတာတွေအကုန်လုံးက Water-resistant လို့ခေါ်တဲ့ ရေစိုခံနိုင်တဲ့ အတိုင်းအတာပဲဖြစ်ပါတယ် .. Waterproof လို့ခေါ်တဲ့ ရေစိမ်ခံနိုင်တဲ့ အတိုင်းအတာမဟုတ်ပါဘူး .. ဒါကြောင့် သင့် iPhone ဟာ ဘယ်လောက်ပဲ IP Certified ဖြစ်နေပါစေ .. water damage ကြောင့် ဖုန်းပျက်သွားတဲ့အခါ Warranty ထဲအကျုံးဝင်မှာမဟုတ်ပါဘူး .. user-fault လို့သတ်မှတ်တာဖြစ်လို့ Whole Unit Exchange ကိုပိုက်ဆံပေးပြီး လဲရမှာပဲဖြစ်ပါတယ် .. ဒါပေမယ့် AppleCare+ ဝယ်ထားရင် user-fault ကြောင့်ဖြစ်တဲ့ ပြဿနာတွေကို 2 ခါတိတိ တာဝန်ယူဖြေရှင်းပေးတာဖြစ်လို့ AppleCare+ ကိုဝယ်ထားသင့်ပါတယ်

AppleCare+ အကြောင်းဖတ်ရန် – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

ဒါကြောင့် iPhone တွေဟာ Theory အရတော့ ရေစိုခံတယ်လို့ပြောလို့ရပြီး တကယ်တမ်းရေစိုသွားရင်တော့ Apple ဖက်က ဘာတာဝန်မှ ယူပေးမှာမဟုတ်လို့ ဂရုစိုက်ပြီး သုံးသင့်ပါတယ် .. iPhone တွေမှာ ရေစိုခံနိုင်ဖို့အတွက် Seal တွေထည့်သွင်းပေးထားတာဖြစ်ပြီး ဖုန်းသက်တမ်းကြာလာတာနဲ့အမျှ အဆိုပါ ရေစိုခံ Seal တွေဟာ ယိုယွင်းလာတတ်ပါတယ် .. နောက်ပြီး Apple Authorised Service မဟုတ်တဲ့ Service တွေမှာဖွင့်ပြင်ထားပြီးရင်လဲ သင့် iPhone ဟာ နဂိုအတိုင်း ရေစိုခံမှာ မဟုတ်တော့ပါဘူး

iPhone XR, XS နဲအထက် ဖုန်းတွေကျတော့ ရေစိုခံတာတင်မကပဲ ဆိုဒါ, ဘီယာ, ကော်ဖီ, လက်ဖက်ရည်, Juice အစရှိတာတွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့ Apple ကိုယ်တိုင်ကရှင်းပြထားပါတယ်

သင့် iPhone ရေစိုသွားတဲ့အခါ ဘာတွေလုပ်ရမလဲ?

ပထမဆုံးအနေနဲ့ အားသွင်းထားတဲ့ကြိုးတွေအကုန် ဖြုတ်ပြီး ခြောက်သွေ့တဲ့အဝတ်ခြောက်တခုနဲ့ သုတ်ပါ .. ပြီးတာနဲ့ အားသွင်းတဲ့အပေါက်ကနေ ရေတွေဆင်းသွားအောင် iPhone ကိုတည့်တည့်အနေအထားမှာ ထားပြီး ဖြေးဖြေးလေး ပုတ်ပေးပါ .. ပြီးရင် ပန်ကာရှေ့တည့်တည့်မှာ အားသွင်းပေါက်ကိုထားထားလိုက်ပါ .. ဒါဆိုရင် ဖုန်းထဲကရေတွေခြောက်သွေ့သွားပါလိမ့်မယ်

သင့် iPhone ရေစိုသွားတဲ့အခါ ဘာတွေ မလုပ်ရဘူးလဲ?

ရေစိုထားတဲ့ iPhone ကို 5 နာရီအတွင်းအားမသွင်းဖို့ Apple ကအကြံပြုထားပါတယ် .. ရေစိုသွားတဲ့ iPhone တွေကို ခြောက်သွေ့အောင်ပြုလုပ်တဲ့အခါမှာ Dryer လိုပစ္စည်းမျိုးကိုမသုံးသင့်ကြောင်းလဲ Apple Support မှာပြောပြထားပါတယ် .. နောက်ပြီး Cleanser တွေကိုလဲ အသုံးပြုလို့အဆင်မပြေပါဘူး

ဒါ့အပြင် မလုပ်သင့်ဆုံးအရာကတော့ ဆန်အိတ်ထဲထည့်ထားတာပါပဲ .. ဆန်အိတ်ထဲထည့်ထားခြင်းအားဖြင့် အမှုန်သေးသေးလေးတွေဟာ သင့် iPhone ထဲဝင်သွားနိုင်တာဖြစ်လို့်ပါ .. အားသွင်းတဲ့ အပေါက်ထဲကိုလဲ ဝါဂွမ်း, တစ်သျှူး, အဝတ်စ စတာတွေကို မထည့်ပါနဲ့ .. ဒါတွေဟာ Apple Support မှာဖော်ပြထားတာဖြစ်ပြီး ကျွန်တော်က ဘာသာပြန်ပြပေးထားတာပဲဖြစ်ပါတယ်

နောက်တချက်က ရေစိုသွားတဲ့ iPhone တွေမှာ ရေမခြောက်မခြင်း Speaker သံတိုးနေတတ်ပါတယ် .. အဲ့ဒီအခါ အသံကျယ်တဲ့ သီချင်းတွေကို Maximum Volume ထားပြီး ဖွင့်ပေးထားခြင်းအားဖြင့် Speaker ပေါက်ကနေတဆင့် ရေတွေထွက်သွားမှာဖြစ်ပါတယ်

ကဲ ဒီလောက်ဆိုရင် iPhone တွေဟာ ရေစိုပဲခံပြီး ရေစိမ်မခံတာကို သဘောပေါက်လောက်ပါပြီ .. သင့်အနေနဲ့ ရေကူးကန်မှာ ဓာတ်ပုံရိုက်တာမျိုးတွေကို ရှောင်ရှားသင့်ပါတယ် .. သာမန်အားဖြင့် ဘာမှမဖြစ်တတ်ပါဘူး .. ဒါပေမယ့် ကံဆိုးနေတဲ့အချိန်ဆိုရင်တော့ တခါတည်းရေဝင်ပြီး FaceID သုံးမရတာတွေ ဖုန်းလုံးဝသုံးမရတော့တာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် ကျွန်တော့်အနေနဲ့ take your own risk လို့ပဲပြောနိုင်ပါမယ်.. ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့် iPhone ကို ရေနဲ့ဆေးပါတယ် .. ခုထိတော့ဘာမှမဖြစ်သေးပါဘူး .. ဖြစ်လာတဲ့နေ့လဲ AppleCare+ နဲ့ User-fault cover ဖြစ်လို့ အေးဆေးပါပဲ :DD

References : Apple Support