ပျောက်သွားတဲ့ AirPods တွေကိုဘယ်လိုပြန်ရှာကြမလဲ?

UNICODE

ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ ပျောက်သွားတဲ့ AirPods တွေကိုဘယ်လိုပြန်ရှာကြမလဲဆိုတာပဲဖြစ်ပါတယ်

အရင်ဆုံး ပြန်ရှာလို့ရအောင်ဘယ်လို Settings ချထားဖို့လိုပါတယ် .. သင့် iPhone မှာ Find My iPhone ဖွင့်ထားရင် ပျောက်သွားတဲ့ AirPods ကိုပြန်ရှာလို့ရပါပြီ

တကယ်လို့ မဖွင့်ရသေးရင် iPhone က Settings > iCloud > Find My ထဲက Find My iPhone ကိုဖွင့်ပေးထားဖို့လိုပါလိမ့်မယ်

ဘယ်လိုအခြေအနေမျိုးမှာ Find My သုံးပြီး AirPods ကိုပြန်ရှာလို့ရသလဲ?

သင့်  AirPods က Case ထဲမှာမရှိတဲ့အချိန်နဲ့ iPhone နဲ့ Connected ဖြစ်နေတဲ့အချိန်မှာပဲပြန်ရှာလို့ရပါမယ်

ဆိုလိုတာက သင့် AirPods တွေက Case ထဲမှာရှိနေတယ် .. ဒါမှမဟုတ် လမ်းမှာကျကျန်ခဲ့လို့ iPhone နဲ့ connected ဖြစ်မနေဘူး .. ဒါမှမဟုတ် battery ကုန်နေတယ်ဆိုရင် AirPods တွေကိုပြန်ရှာလို့ရမှာမဟုတ်ပါဘူး

အဲ့ဒီအချိန်မျိုးမှာတော့ iPhone နဲ့ AirPods ချိတ်ဆက်ခဲ့တဲ့ နောက်ဆုံးအချိန်နဲ့တည်နေရာကိုပဲပြပါလိမ့်မယ်

ပျောက်သွားရင်ဘယ်လိုပြန်ရှာမလဲ

သင့် iPhone ကနေ Find My app ထဲကိုဝင်ပါ .. တကယ်လို့ iPhone မရှိရင် https://www.icloud.com ကို Login ဝင်ပါ

All Devices ဆိုတဲ့အောက်မှာ သင့်  AirPods ကိုရှာပါ .. တွေ့ပြီဆိုရင် AirPods တွေကို Map မှာပြပါလိမ့်မယ် .. Maps မှာတခါပြရင် AirPod တဖက်သာပြပေးတာဖြစ်လို့ သင်က 2 ဖက်လုံးပျောက်နေတာဆိုရင် ပထမဆုံးတွေ့တဲ့ AirPod တဖက်ကို လိုက်ရှာပြီး Case ထဲပြန်ထည့် .. ပြီးမှ Map ကို refresh လုပ်လိုက်ရင် နောက်တဖက်ရဲ့ တည်နေရာကိုပြပေးမှာဖြစ်ပါတယ်

တကယ်လို့ Map မှာမရှာချင်ဘူး .. အသံနဲ့ပဲရှာချင်တယ်ဆို Find My ကနေ Play Sound ကိုနှိပ်လိုက်တဲ့အခါ AirPods တွေမှာ 2 မိနစ်ကြာတဲ့ထိ အသံတခုမြည်နေပါလိမ့်မယ်

အဆိုပါ အသံကိုလိုက်ရှာလိုက်ရင် သင့် AirPods တွေကိုပြန်တွေ့နိုင်ပါပြီ

2 မိနစ်မပြည့်ခင်ရှာတွေ့ရင်လဲ မြည်နေတဲ့အသံကို ရပ်ခိုင်းလိုက်လို့ရပါတယ်

လုံးဝပျောက်သွားပြီ .. ပြန်ရှာလို့မရတော့ရင် ဘယ်လိုလုပ်ရမလဲ?

အရင်ဆုံး လုံးဝပျောက်သွားတာ သေချာလားဆိုတာကိုအတည်ပြုပါ .. Find My မှာသင့် iPhone နဲ့ AirPods နောက်ဆုံးချိတ်ဆက်ခဲ့တဲ့ နေရာကိုပြပေးပါတယ် .. အဲ့နေရာကိုပြန်သွားလိုက်တဲ့အခါ AirPods ရှိနေသေးရင် Auto connect ဖြစ်ပြီး သင့်  AirPods ကိုပြန်တွေ့နိုင်ပါတယ်

တကယ်လို့တယောက်ယောက်က ယူသွားတယ်ဆိုရင် AirPods Replacement လုပ်ဖို့စဉ်းစားရတော့မှာပါ

https://getsupport.apple.com/ ကိုသွားပြီး Lost or Missing AirPods ဆိုတာကိုရွေးပါ .. ပြီးရင် သင်က AirPods တွေပျောက်တာဆိုရင် Lost or Missing AirPods ကိုရွေးရမှာဖြစ်ပြီး .. Case ပျောက်တာဆိုရင်တော့ Lost or Missing AirPods Charging Case ကိုရွေးပေးရမှာဖြစ်ပါတယ်

အဲ့တာပြီးရင် သင့်  AirPods serial number ရိုက်ထည့်ပေးရမှာဖြစ်ပြီး ကျသင့်ငွေပေးလိုက်ရုံနဲ့ Apple က သင့်ဆီကို ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းအသစ်ပြန်ပို့ပေးမှာဖြစ်ပါတယ်

ဈေးကရောဘယ်လောက်ရှိမလဲ?

AirPods Pro ပျောက်တာဆိုရင်တော့ နားကျပ်တဖက်ကို $89 ရှိပါတယ်

AirPods Pro Case ပျောက်တာဆိုရင်တော့ AirPods Pro Wireless Charging Case က $99 ကျသင့်မှာပါ

AirPods Pro ထိပ်က Silicon Tips လေးပျောက်တာဆို Silicon Tips တစုံကို $4 ကျသင့်မှာဖြစ်ပါတယ်

AirPods 1, 2 ပျောက်တာဆိုရင်တော့ နားကျပ်တဖက်ကို $69 ရှိပါတယ်

AirPods 1, 2 Case ပျောက်တာဆိုရင်တော့ AirPods 1, 2 Charging Case က $59 ကျသင့်မှာဖြစ်ပြီး AirPods 2 Wireless Charging Case ကတော့ $79 ကျသင့်မှာဖြစ်ပါတယ်

ဒါက Apple Official ဈေးနှုန်းတွေပါ

မြန်မာနိုင်ငံမှာတော့ Apple ကိုယ်တိုင်ပို့ပေးလား မသိရပါဘူး .. ဒါပေမယ့်  mDrive, i-Care Myanmar, iSure တို့လို ဆိုင်ကြီးတွေမှာ AirPods Replacement Service ရလောက်တာဖြစ်လို့ သူတို့ကိုသာ ဆက်သွယ်ကြည့်ကြပါလို့ပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတော့မယ်